Articles

ခေါင်းမာသော ဗပာိုဘဏ်ကြောင့် မြန်မာ့စီးပွားရေး နာလန်ထူပါ့မလား - လက်စောင်းထက်

၂၀၁၈ နှစ်ဆန်းသည်နှင့် မြန်မာ့စီးပွားရေး လောကတွင် ဘဏ်ချေးငွေများနှင့် ဘဏ်အတိုးနှုန်းထားများအပေါ် တွင် အပြန်အလှန် အငြင်း ပွားမှုများ၊ တောင်းဆိုမှုများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းပြဿနာ၏ ပထမအစမှာ ပုဂ္ဂလိကဘဏ်များတွင် ကျပ်ဘီလီယံပေါင်းများစွာ ချေးယူထားသည့် စီးပွားရေး လုပ်ငန်းရှင်များအား  Grace Period အပြီးတွင် သတ်မှတ်ထားသော အရစ်အတိုင်း ချေးငွေများ ပြန်ဆပ်ရန် ဗဟိုဘဏ်မှ အမိန့်ထုတ်ပြန်ပြီး နောက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမယ် ကျောင်းထုတ်မယ် - ဇော်သက်ထွေး

ပြီးခဲ့တဲ့တစ်ပတ်က အိုင်တီနည်းပညာကျွမ်းကျင်ပြီး တိုင်းပြည်ရဲ့ ဥပဒေပြုရေးကဏ္ဍက ညီငယ်တစ်ယောက်နဲ့ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Digital Expo ၂၀၁၈ ပြပွဲကို သွားရောက်ခဲ့ပါတယ်။ Digital Transformation  လို့ခေါ်တဲ့ နည်းပညာပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ Digital Economy Promotion Agency  (DEPA) နဲ့  Digital Econmy and Society ၀န်ကြီးဌာနတို့က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ဖိတ်ကြားမှ ထိုင်းနိုင်ငံမှာ ဒီလိုဝန်ကြီးဌာနရှိမှန်း သိရတာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို အစိုးရက ထိန်းဖို့ အချိန်ရောက်နေပြီ - လက်စောင်းထက်

တစ်ရှိန်ထိုး ပြောင်းလဲလာသော နည်းပညာများ၏ရလဒ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်သူအများစုသည်  လက်ကိုင်ဖုန်းများ ကိုင်တွယ်လာနိုင်ပြီဖြစ်သလို ဖုန်းကိုင်ဆောင်သူအားလုံးကလည်း အင်တာနက်သုံးစွဲ လာကြပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူအများစုမှာ ဆိုရှယ်မီဒီယာကိုသာ အဓိကထားသုံးစွဲကြပြီး ဆိုရှယ်မီဒီယာတွင်လည်း ဖေ့စ်ဘွတ်ခ်ကိုသာ အများဆုံးသုံးစွဲနေကြသည်။ ဖေ့စ် ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာများကြောင့် ကောင်းကျိုး ကျေးဇူးရသူများရှိသလို ဆိုရှယ်မီဒီယာကြောင့် ဘ၀ပျက် သွားသူများကလည်း မြန်မာနိုင်ငံတွင် မနည်းလှသည်ကို တွေ့မြင်နေရသည်။

စည်းမျဉ်းစည်းကမ်းအတိုင်း ကိုင်တွယ်ရမည့် ရန်ကုန်မြို့က ပရမ်းပတာ တက္ကစီတွေ - လင်းကိုကို

    လူနေမှုဘ၀ တစ်စထက် တစ်စ တိုးတက်ပြောင်းလဲလာသည့်နည်းတူ ကျွန်တော်တို့မြန်မာလူမျိုးများ၏ လူနေမှုဘ၀တွင်လည်း သယ်ယူပို့ဆောင်ရေးကဏ္ဍသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ရှေးပဝေသဏီက လူဖြင့် အငှားလိုက် ထမ်းပိုးပေးခြင်း၊ ဆင်၊ မြင်း စသည်တို့ဖြင့် အငှားလိုက်သယ်ယူပို့ဆောင် ပေးခြင်း၊ လှည်းအငှားလိုက်ခြင်းတို့ဖြင့် စတင်ခဲ့သည့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ ခေတ်နှင့်အတူ ပြောင်းလဲ လာခဲ့ပါသည်။

ဆူနေတဲ့ ဖားအုပ်ထဲက တစ်ကောင် နှစ်ကောင်ရိုက်လိုက်ရင် တိုင်းပြည်စီးပွားရေးတက်မှာလား - လက်စောင်းထက်

       နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရတာဝန်ရှိသူများက တိုင်းပြည်စီးပွားရေးတိုးတက်နေပါသည်ဟု ပြောနေချိန်တွင် တိုင်းပြည်စီးပွားရေးကျနေကြောင်း ဆောင်းပါးရေးသည့်အတွက် ကနကောစလုပ်ခြင်းလောဟု ပြောချင်သူများရှိပါလိမ့် မည်။ သို့သော် ဤဆောင်းပါးရေးရန် အတွက် ဘဏ်လုပ်ငန်ပညာရှင်များ၊ ဆောက်လုပ် ရေး ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးပြီးမှ ရေးခြင်းသာဖြစ်ကြောင်း ပဏာမပြောလိုပါ သည်။

ဆိုရှယ်ဝဲဂယက်ကြား နစ်ခဲ့ရသော ဖရဲသည်တစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်

    

      “ သူက ဆိုင်ကိုလာရင် ဖရဲသီးကျွေးတယ်။ ပိုက်ဆံပေးရင်လည်း မယူဘူး”

        “ ၀က်ကြီး သေတာကို ဘယ် လိုမှ မယုံနိုင်ဘူး။ သူမသေခင်က ပဲ ဆိုင်ကိုလာပြီး ငိုသေးတယ်။ မေးတာလည်းမဖြေဘူး။ နောက် နာရီဝက်လောက်နေတော့ ရဲတွေ၊ နာရေးကားတွေ ရောက်လာတော့ တာပဲ”

   “ အခုသူဆုံးသွားတော့ ကျွန်မ တို့ မိသားစုမှာ လက်မောင်းနှစ်ခု လုံးကို ပြုတ်ထွက်သွားတာ”

ပြိုလုလုဆောက်လုပ်ရေးလောကကို ပြည်ထောင်စုဝန်ကြီးအသစ် ကယ်တင်နိုင်မည်လော - ကိုလူသစ်

       ခေတ်အဆက်ဆက် မြန်မာ့စီးပွားရေး နှောင့်နှေးမှုကြောင့် ပြည်သူအများစု၏ဘ၀များ နိမ့်ကျနေသည်မှာ လက်ရှိအချိန်အထိပင်ဖြစ်သည်။ ထိုအကျိုးဆက်သည် နိုင်ငံရေးအခြေအနေ၊ ပညာရေးအခြေအနေနှင့် လူမှုဘ၀အခြေအနေများအပေါ်သက်ရောက်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ယင်းသို့ အဘက်ဘက်မှ အားနည်းလာသည့်အခြေအနေများတွင် ဆောက်လုပ်ရေးကဏ္ဍသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

ဆောက်လုပ်ရေးကဏ္ဍကျဆုံးမှု

မုန့်ပာင်းခါးဆိုင်နှင့် လေကြောင်းလိုင်း သီအိုရီ - မာဂျေ

မြန်မာ့စီးပွားရေးအခြေအနေမကောင်းဘူးလို့ လူရိုသေရှင် ရိုသေစီးပွားရေးပညာရှင်ဆရာ ကြီးဦးမြင့်ပြောလိုက်တဲ့နောက် တိုင်းပြည်မှာ အသံတွေလှုပ်ခတ် လာတယ်။ ၀န်ကြီး  ချုပ်တွေပဲ နေ့ချင်း ညချင်းပြောင်းတော့မလိုလို၊ ၀န်ကြီးတွေပဲ အနားပေးတော့ မလိုလိုအသံတွေလည်း ကြားရတယ်။ ဘာပဲပြောပြော တိုင်းပြည် စီးပွားရေးကို အစိုးရက ပြန်သတိမူမိလာတာကတော့ အလွန်ကောင်း တဲ့လက္ခဏာပဲဖြစ်ပါတယ်။ မြန်မာဆိုတဲ့လူမျိုးမှာ ထူးခြားတဲ့ပင်ကို စရိုက်တွေရှိပါတယ်။ အချင်းချင်း တစ်ယောက်ကသာသွားရင် မနာလိုဖြစ်တာတွေ၊ သူများတစ်ခုခုလုပ်လို့ အဆင်ပြေတယ်ကြားရင် အဲဒီအထဲ အကုန်ဒိုင်ဗင်ဝင်ထိုးကြ တာတွေ၊ အချင်းချင်းခြေတွန်း ကြတာတွေကတော့ မြန်မာ့စီး ပွားရေးလောကရဲ့ ပင်

ဈေးထဲက လူသတ်သမား - ဇော်သက်ထွေး

မြန်မာနိုင်ငံဟာ လူဦးရေသန်း ၅၀ ကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းဟာ အခြေခံလူတန်းစားတွေဖြစ်တဲ့အတွက် ရပ်ကွက်ဈေးတန်း၊ လမ်းဈေးတန်း၊ ရွာဈေးတန်းတွေမှာပဲ အများစုဟာ ၀ယ်ယူစားသုံး နေကြရပါတယ်။ ငွေကြေးချမ်းသာတဲ့လူနည်းစုလောက်သာShopping Mall တွေ၊ Mart တွေမှာ ၀ယ်ယူစားသုံးကြတာပါ။ ဒီလိုခမ်းနားကြီးကျယ်တဲ့ဈေးဆိုင်       ကြီးတွေမှာတော့ ရောင်းချတဲ့ ပစ္စည်းတွေဟာ သာမန်ဈေးကထက် ပိုမိုဈေးကြီးသလို မှတ်ပုံတင်ပြီးမှ ဈေးကွက်တင်ကြတာဖြစ်လို့ ပစ္စည်းအရည်အသွေးနဲ့ ဘေး အန္တရာယ် ကင်းရှင်းမှုမှာ စိတ်ချရပါတယ်။ နေ့စဉ်အိမ်ရှင်မအများစု အားထားဝယ်ယူရတဲ့ ဈေးတန်းတွေက အစားအ သောက်တွေကတော့ ဈေးသက်သာပေမယ့် ကျန်းမာရေးအတွက် မစိစစ်နိုင်ရင် အန္တရ

အမေ…. ကျွန်တော့်ကို စိတ်မပျက်ဘူးလား - ဇော်သက်ထွေး

အမေ ။ ပြည်သူ့အစိုးရတက်လာတာ နှစ်နှစ်ရှိသွားပါပြီ။ ပုံပြင်တွေကတော့ အများကြီးပဲ။ တစ်ခုချင်းပြောရရင် စိတ်ပျက်စရာတွေအများကြီးပါ။ လူတကာပြောပြောနေတဲ့NLD အစိုးရဟာ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်ပေမယ့် မြန်မာ့စီးပွားရေး မျှော်မှန်းသလောက် မတိုးတက်တာ ၊ NLD အစိုးရအဖွဲ့ အတွင်းကပုဂိ္ဂုလ် တွေ အုပ်ချုပ်ရေးစွမ်းရည်မရှိတာ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ လုံးချာလည်လိုက်နေတာ၊ အမျိုးသားရင်ကြား စေ့ရေးလို့ ပြောပေမယ့် ရခိုင်နဲ့ရော၊ ပလောင်နဲ့ရော၊ ၀နဲ့ရော အဆင်မပြေသေးတာ၊ တပ်မတော်နဲ့ ယုံကြည်မှု မတည်ဆောက်နိုင်သေးတာ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်နိုင်သေးတာတွေ အသာထားလိုက်ပါတော့။

Pages