Articles

ရခိုင်ပြည်နယ် ပြဿနာများ NLD အစိုးရသက်တမ်းအတွင်း အဆုံးသတ်မည်လား- ကိုလူသစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောဒေသတွင် ARSA အကြမ်းဖက်အဖွဲ့၏ တစ်ဖက်သတ် အပစ်ရပ်စဲမှုကာလမှာ တစ်လတာ ကျော်လွန်လာသည်နှင့်အညီ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကလည်း တစ်ဖက်တွင် အနည်းငယ် ပြန်လည်ဖြစ်ပွားမှုရှိလာသည်ကို ကြားသိနေရသည်။

စိုးနိုင် (သို့မဟုတ်) မွန်းတည့်နေအောက် လမ်းပျောက်သူ - ဇော်သက်ထွေး

စက်တင်ဘာလ ၁၇ ရက်နေ့ မှာ ဖုန်းတစ်ခုဝင်လာသည်။ “စိုးနိုင် ဆုံးသွားပြီ...”တဲ့။

မီးသတ်သမား တစ်ယောက်၏ မျှော်လင့်ခြင်း မနက်ဖြန် - ကိုလူသစ်

(ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် မီးလောင်မှုသို့ သွားရောက်ငြိမ်းသတ်ရာမှ ထိခိုက်မိကာ ယနေ့တိုင် ပြန်လည်သတိမရသေးသော မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်း၏ဖြစ်ရပ်မှန်)

“သူတို့က ကလေးအရမ်း လိုချင်ကြတာ”ဟု မီးသတ်ဦးစီးမှူး ကိုကျော်စွာလင်း၏ မိခင်ဖြစ်သူ ဒေါ်ခင်နှင်း ဆွေကပြောသည်။

KNU နဲ့ ဆက်နွယ်ခဲ့သော နှစ်နှစ် နှစ်လ နှစ်ရက် နှစ်နာရီ - အနီမှိုင်းကေတု

ကျွန်တော် လွတ်ငြိမ်းချမ်းသာနဲ့ လွတ်တော့တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ အပြင်ရောက်တော့ ကျွန်တော်တို့လိုထောင်ထွက် နိုင်ငံရေးသမားတွေကိုတွေ့ရင် တစ္ဆေသရဲတွေ့သလိုပဲ အဝေးကြီးက ရှောင်သွားကြတယ်။ အဖေက ကျွန်တော့်ညီ သစ်စက်မှာ အလုပ်သမားအနေနဲ့ သွားလုပ်ဆိုတော့ သွားလုပ်ရတာပေါ့။ ကျွန်တော် အမျိုးမျိုးဒုက်္ခရောက်ပြီး ဆရာဝန်မလေးတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ကျွန်တော့်လို နိုင်ငံရေးသမားတစ်ယောက်နဲ့ အိမ်ထောင်ကြတော့ အဆင်မပြေမှုတွေနဲ့ကြုံရတယ်။ သားလေးတစ်ယောက်ရပြီး ဆေးခန်းလေးစဖွင့်တဲ့နေ့က ဆိုရင်မှတ်မှတ်ရရလေးပါ။ ဆေးခန်းမှာ မီးမရှိလို့ ဖယောင်းတိုင်နဲ့ထွန်းပြီး ဖွင့်ရတာ လူနာသုံးယောက်လောက်လာတော့ ငွေလေးထောင်ရတာနဲ့ ဘက်ထရီဖန်ချေ

ဆယ်အိမ်မှူး ဦးမျိုးကြီး (နိဂုံး) - ဦးမျိုးကြီး

အမှန်ကတော့ ဘ၀ရဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေထဲမှာ ဆယ်အိမ်မှူးဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ပြီး အဲဒီအကြောင်းအရာလေးက ခေတ်ကာလအခြေအနေနဲ့ တိုက်ဆိုင်နေတာကြောင့် ဘာရယ်မဟုတ်ဘူး။ ပြီးခဲ့တဲ့ အပတ်တုန်းက တို့ခဲ့ထိခဲ့တာ ဖြစ်ပါတယ်။ အခုလို နှစ်ပတ်လောက် ဆက်ရေးသားဖို့ကိုလည်း အစီအစဉ်မရှိခဲ့ပါဘူး။ သို့သော်လည်းပဲ ဒီရက်ပိုင်းအတွင်း ကြားရ၊ တွေ့ရ၊ မြင်ရ၊ သိခဲ့ရတဲ့ အကြောင်းအရာတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲဆိုတဲ့ ခေါင်းစဉ်က လူအများစု စိတ်ဝင်စားစရာ အစ်ရှူးတစ်ခုဖြစ်လို့နေတာမို့ ဒီတစ်ပတ်မှာလည်း ဆယ်အိမ်မှူး ဦးမျိုးကြီးဆိုတဲ့ စာစုလေးကို ဆက်လက် တို့ထိမိခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ြပည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းအလှူရှင် ဇေကမ္ဘာကုမ္ပဏီက ကျပ်သိန်းပေါင်း ငါးသောင်းကျော်တန် မြေယာအား အငြင်းပွားဖွယ် သိမ်းယူမှု - ကိုလူသစ်

မြန်မာနိုင်ငံအတွင်းရှိ လယ်ယာမြေ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကပင် ပညာမဲ့ လယ်သမားများအား ချစ်တီးကုလားများက ငွေကြေးအနည်းငယ်ကို အတိုးကြီးစွာဖြင့် ချေးငှားကာ စာချုပ်များတွင် ကြက်ခြေခတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းဖြင့် ၄င်းတို့အတွက် ခိုင်လုံသည့် အထောက်အထား သက်သေတစ်ရပ် ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ပြီးနောက် ပြန်မဆပ်နိုင်ပါက ပုလိပ်တပ်သားများကို ခေါ်ယူအသုံးပြုကာ နွားနှင့်အိမ်များကို သိမ်းဆည်းခြင်းအပြင် လယ်ယာမြေများကိုပါ သိမ်းယူခဲ့ကြသည်။

ကျွန်ုပ်သာ နိုင်ငံတော် အတိုင်ပင်ခံပုဂိ္ဂုလ်၏ အကြံပေးဖြစ်လာလျှင် - ဒေါက်တာသိန်းမိုးဝင်း

ဆယ်စုနှစ်များစွာ အစစအရာရာ ယိုယွင်းခဲ့ရသည့် အမိတိုင်းပြည် နိုင်ငံတကာ စာမျက်နှာမှာ အလျင်အမြန် နေရာယူဖို့ရာ ရေရှည်၊ရေတို စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သည် ဆိုသည်မှာ ကျွန်ုပ်လိုပဲ ပြည်သူတိုင်းနားလည်သဘော ပေါက်ပါလိမ့်မည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုသည့် ဆိုရိုးနှင့်အညီ မည်သည့် စီမံကိန်းမဆို စဆောင်လိုပြောင်းလုပ်ရင်း အကောင်းဘက်သို့ ဦးတည်ရန် ကြိုးစားရမည်သာ။

ဆယ်အိမ်မှူး ဦးမျိုးကြီး - ဦးမျိုးကြီး

တကယ်တော့ ဒီကနေ့ အချိန်အခါမှာ ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အထာဖမ်းပြီး စိတ်ထဲအချဉ်ပေါက်ရာ ရေးချင်တာတွေရေးနေတဲ့ ဦးမျိုးကြီးဟာ ရပ်ရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတစ်ဦးဆိုလည်း အရမ်းကရောအထင်ကြီးပြီး အကူအညီတွေ စွတ်ရွတ်တောင်းဖို့ စိတ်မကူးကြနဲ့ဦး။ ဘာကြောင့်လည်း ဆိုတော့ ဦးမျိုးကြီးဟာ နာမည်သာရှိပြီး ဘာလုပ်ပိုင်ခွင့်၊ ဘာတာဝန်မှ ယူခွင့်မရတဲ့ ဆယ်အိမ်စုမှူးတစ်ယောက်ဖြစ်နေခဲ့လို့ပါပဲ။ ဟုတ်ပါတယ်၊ ဦးမျိုးကြီးဟာ ဆယ်အိမ်စုမှူးတစ်ဦး ဧကန်စင်စစ် ဖြစ်တော်မူပါတယ်။ ဒီရာထူးကို ရယူထားတာ အခုမှမဟုတ်ပါဘူး။ ဒီဘက်နောက်ပိုင်း ပင်နီဝတ်အစိုးရတက်လာချိန်ကျမှ ဖြစ်လာခဲ့တဲ့ ခါတော်မီ ဆယ်အိမ်မှူးဆိုတဲ့ တာဝန်ကိုထမ်းဆောင်လာခဲ့တာ

မဲပြာပုဆိုး အကွဲအပြဲ ဇာတ်လမ်းများထဲမှ အိုအေစစ်-

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ အမျိုးသားရေးဝါဒအကြားမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ပိတ်မိနေပါတယ်။ နိုင်ငံရေးအရ အားပြိုင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အာသီသကြောင့် လူထု ဟောပြောပွဲတွေမှာ Opinion Leaders တွေဟာ ဈေးပေါတဲ့ လက်ခုပ်သံတွေကြား သာယာနေပါတယ်။ ဒီနေ့ကျင်းပနေတဲ့ လူထုထောက်ခံပွဲတွေ၊ စာပေဟောပြောပွဲတွေမှာ တက်ရောက် ဟောပြောနေတဲ့ ပုဂိ္ဂုလ်တွေရဲ့ သဘောထားအမြင်တွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီနဲ့ အမျိုးသား အစွန်းရောက်ဝါဒအကြား စေ့စပ်ညှိနှိုင်းလို့မရတဲ့ အခြေအနေတစ်ရပ်ဖြစ်လာပြီး ကွဲပြားတဲ့ နိုင်ငံရေးယဉ်ကျေးမှုစံတန်ဖိုးMix Political Culture Value ဟာ ကျဆင်းသထက် ကျဆင်းလာခဲ့ပါတယ်။ သူတို့ရဲ့အနိုင်ရရှိရေး

မြန်မာ့ရုပ်ရှင် နေမြင်ပြီလား၊ ၀င်ပြီလား

မြန်မာ့ရုပ်ရှင်လောကသားများ တက်ရောက်ဆွေးနွေးကြရမယ့် သင်းလုံးကျွတ်ညီလာခံကြီးကို ဒီဇင်ဘာ ၁၂ ရက်နေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပါတော့မယ်။ တစ်ဆက်တည်း မြန်မာ့ရုပ်ရှင် ဆင်ဆာမူဝါဒတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော်တို့က ဦးဆောင်ပြီး ကျင်းပသွားကြဦးမှာပါ။ ပြည်ထောင်စုဝန်ကြီး အနေနဲ့လည်း တောင်ကိုရီးယား၊ အိန်္ဒိယ၊ တရုတ်နဲ့ ဖိလစ်ပိုင် ပညာရှင်တွေကိုပါ ဖိတ်ခေါ်ပြီး   မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်လုပ်ကိုင်ပေးနေပါတယ်။

Pages