Articles and Satire

ဇာဂနာ မရယ်ရတော့ဘူး (၂၂) - ဇာဂနာ

ဇာဂနာ အရမ်းကြောက်နေပါတယ် ခင်ဗျာ။ ဘယ်တုန်းကမှ မကြောက်တတ်ခဲ့တဲ့ ဇာဂနာ ခုတော့ တအားကြောက်နေပါတယ်ခင်ဗျာ။ သရဲမကြောက်တဲ့ဇာဂနာ ခုတော့အရမ်းကို ကြောက်နေပါတယ်။ မဟားဒယားကို ကြောက်နေပါတယ်။ ပက်ပက်စက်စက် ကြောက်နေပါတယ်။ ၀ရုန်းသုန်းကား ကြောက်နေပါတယ် ခင်ဗျ။
တကယ်ပြောတာပါ။ ဇာဂနာတို့က ရုပ်ရှင်ရိုက်ပွဲက ပြီးခါနာအတွက် ၀ါစာကမာလုပ်နေရသူတွေပါ။ ခုတော့ ဆင်ဆာလည်း မကြောက်ရပါဘူး။ ရုပ်ရှင်အစည်းအရုံးလည်း မကြောက်ရပါဘူး။ သဘင်အစည်းအရုံးလည်း မကြောက်ရပါဘူး။ ရဲဌာနလည်း မကြောက်ရပါဘူး။ ထောက်လှမ်းရေးလည်း မကြောက်ရပါဘူး ခင်ဗျ။

ဘယ်ဘက်မှာ နေကြမလဲ - မာဂျေ

အမြဲလာနေကျတပည့် မောင်ကြွက်နီတစ်ယောက် ဖေ့စ်ဘွတ်ခ်သုံးတတ်ကတည်းက ရုံးကို ပေါ်မလာတော့ဘူး။ အရင်က အနည်းဆုံး တစ်ပတ်ကို သုံးရက်လောက်တော့ အစ်ကိုကြီးရေဆိုပြီး ပေါ်ပေါ်လာတတ်တဲ့သူက လေစိမ်းတွေ တိုက်နေတော့ မာဂျေကပဲ သူ့ဆီကို ဖုန်းဆက်ရတော့တယ်။ မောင်ကြွက်နီ နေလို့မှကောင်းရဲ့လားမေးတော့ ဒင်းက မဖြေချင်သလို ဖြေချင်သလိုနဲ့ “ကောင်းသားပဲ”တဲ့။ “ငါ့ဆီကို မလာရုံမက ဖုန်းပါမဆက်လို့ ငါက မင်းအတွက် စိတ်ပူလို့ပါကွာ”လို့ ထပ်ပြောတော့ သူက “ခင်ဗျားကို တမင် အဆက်အသွယ်ဖြတ်ထားတာ၊ တိုင်းပြည်မှာ ဘာဖြစ်ဖြစ် ခင်ဗျားရဲ့ ဖွဘုတ်မှာ ဘာထင်မြင်ယူဆချက်မှ မရေးလို့ ခင်ဗျားကို အချောင်သမားအဖြစ် သတ်မှတ်ထားသလို ခင်ဗျားနဲ့ ကျွန်တော် အယူဝါဒ မတူဘူးလို့

၆၂ သမိုင်းတစ်ကျော့ ပြန်မလာရေးနှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းများ ကုစားရန် အချိန်တန်ပြီ - လက်စောင်းထက်

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ အဘက်ဘက်က ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဟု သမာသမတ်ကျကျ ဆန်းစစ်လေ့လာသူတိုင်းက ပြောဆိုလာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြွေးကြော်ပြီး တက်လာသည့် အစိုးရနှင့် ဒီမိုကရေစီအုတ်မြစ်ခိုင်မာမှ အုပ်ချုပ်ရေးနှင့် တရားဥပဒေပြုရေးကဏ္ဍမှ ဖြည်းဖြည်းချင်း ဆုတ်ခွာပေးမည့် တပ်မတော်တို့ကြားတွင် အမြဲလိုလို ပွတ်တိုက်မှုများရှိနေသည်။ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်လုံခြုံရေး ၀န်ကြီးဌာနတို့ကို ကိုင်တွယ်ထားသော တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တွင်လည်းကောင်း လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နေ ရသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် မည

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၂) - ဇော်သက်ထွေး

မှိုဘယ်နေရာမှာ ပွင့်သလဲ

စစ်ခွေးတိုက်မှာ တာဝန်အရှိဆုံးဖြစ်တဲ့ တပ်ကြီးကြပ်ဗိုလ်ကံက အကျဉ်းထောင်ဥပဒေဘောင်ကျော်လွန်ပြီး ကျော်သူ့ကို သေလုမြောပါး နှိပ်စက်လိုက်ပေမယ့် ထောင်အာဏာပိုင်တွေက မသိကျိုးကျွံပြုနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျော်သူ့ကို လုံးဝမကြည်ဖြူတော့လို့ပါပဲ။ ဒီအချက်ကလည်း ဆေးရုံကြီးစိန်ဝင်းအတွက် ကျော်သူ့ကိုသတ်ဖို့ အဓိကလှုံ့ဆော်မှုတွေထဲပါ ပါဝင်ခဲ့ပါတယ်။ ကျော်သူ့ကို ရှင်းပေးရင် ထောင်က သူ့ကို “အထာ” ထားလိမ့်မယ်လို့ ယုံကြည်ထားတယ်။

ရေးရပြန်ပြီ ပညာရေးအကြောင်း - ဦးမျိုးကြီး

တစ်နေ့က ၁၀ တန်းအောင်စ လူငယ်လေး လေးငါးယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဆယ်တန်းအောင်စ လူငယ်လေးတွေဆိုလို့ သာမန်ရိုးရိုးအောင်တဲ့ကလေးတွေ မဟုတ်ပါဘူး။ ခြောက်ဘာသာဂုဏ်ထူး ထွက်တဲ့သူကနေ ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ ဂုဏ်ထူးထွက်တဲ့ ကလေးတွေပါ။ မိန်းကလေးရော၊ ယောက်ျားလေးတွေပါ ပါတာမို့ တစ်ဦးချင်းစီရဲ့ ရည်မှန်းချက်နဲ့ ဖြစ်ချင်ခဲ့မှုတွေက တော်တော် စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။

အဖြေမရှိသော…ဖြေပေးမယ့်လူမရှိသော ပုစ္ဆာ- နော်ရာမောင်

လေးပေါင်သာသာလေးရှိတဲ့ ပေါင်မပြည့် လမစေ့ သမီးငယ်လေးကို သားဖွားမီးယပ် အထူးကုဆရာဝန်မကြီးရဲ့ ကျွမ်းကျင်မှု၊ ဂရုစိုက်မှုကြောင့်သာ အဆုံးရှုံးမရှိ ရိုးရိုးမွေးနိုင်ခဲ့ပေမယ့် သမီးလေးကို မိဘတွေ ချက်ချင်းတွေ့ခွင့်မရခဲ့ဘဲ စိတ်ချရတဲ့ အနေထားရောက်မှသာ တွေ့ခွင့်ရခဲ့ပါတယ်။ တကယ်တော့ သမီးငယ်လေးကို ကိုးလဆိုပြီး မွေးလိုက်ပေမယ့် ကလေးဆရာဝန်ကတော့ ကလေးဟာ ခြောက်လစွန်းစွန်းလေးပဲ ရှိနေသေးတာ ကျိန်းသေတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ သွားလာလှုပ်ရှားလွန်းလို့ နာလာတဲ့ဗိုက်ကို ကိုယ်အပ်ထားတဲ့ အထူးကုဆေးရုံမှာ ပြတော့ တာဝန်ကျဆရာဝန်မက မွေးဖို့နာတာဖြစ်မယ်ဆိုပြီး ခုတင်ပေါ်တင် ဆေးတချို့သွင်းပေးရာကနေ ဆေးရုံတက်ဖြစ်ပြီး လက်ထဲစုငွေ သိပ်မ

မာဖီးယားတွေ လုပ်ချင်ရာ လုပ်နိုင်တဲ့ တိုင်းပြည် - လက်စောင်းထက်

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် မူးယစ်ဆေးများကို စံချိန်တင်ဖမ်းမိသည့် သတင်းများ မကြာခဏ ကြားရသည်။ သို့သော် မူးယစ်ဆေးနှင့် လက်ပူးလက်ကြပ် အဖမ်းခံရသည့် ဘောင်းဘီတိုနှင့် စွပ်ကျယ်လောက်သာ ၀တ်သောသူများသာ တရားခံအဖြစ် အပြစ်ပေး အရေးယူခံခဲ့ရသည်။ နောက်ကွယ်က ဒေါ်လာသန်းချီပြီး ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် မူးယစ်ရာဇာများကို ဖမ်းဆီးရမိသည်ဟု ယခုအချိန်အထိ မကြားရပါ။ ထို့ကြောင့်လည်း မူးယစ်ဆေးများက အရှိန်အဟုန်မပျက် ဖမ်းသည်ထက် ပိုမိုထုတ်လုပ်နေနိုင်ခြင်း ဖြစ်သည်။

Pages