Articles and Satire

နှစ်လုံးထီ သုံးလုံးထီ ချဲထီ ရပ်သင့်ပြီ - ဆရာစံမြအောင် (ရန်ကင်း)

ကျွန်တော်သည် ကျန်းမာရေးအရ နံနက်ခင်းတိုင်း လမ်းလျှောက်လေ့ရှိပါသည်။ လမ်းလျှောက်ရင်းလည်း ကြုံသလို ဈေးဝယ်လေ့ရှိပါသည်။ ကံဘဲ့ဈေးတွင်း တစ်နေ့ ဈေးဝယ်နေစဉ် မိန်းကလေးတစ်ဦးက ဆိုင်ရှင်အဒေါ်ကြီးကို ဒီနေ့ ဘာကောင်းလဲဟု မေးပါသည်။ ဆိုင်ရှင်အဒေါ်ကြီးက သုံးထိပ်စီး ကောင်းသည်ဟု ပြောပါသည်။ ဈေးဝယ်မိန်းကလေးက ကျွန်မခင်ပွန်းကတော့ ပူးဂဏန်းနှစ်ပူး ၂၂ နှင့် ငါးပူး ၅၅ ကောင်းသည်ဟု ပြောပါသည်။ ထိုစဉ် ဘေးဆိုင်မှ လူ၀၀အဒေါ်ကြီးက ဟဲ့ကောင်မတွေ သိပ်လည်း အတင့်ရဲမနေကြနဲ့။ တိုးတိုးတိတ်တိတ်ပြောကြ။ ရှေ့ပြော နောက်ကြည့် ညပြော အောက်ကြည့်တဲ့ မနေ့က ညနေဘက်မှာ ဒို့အိမ်ဘေးက မအေးအိမ် ရုတ်တရက် ရဲတွေဝင်စစ်တာ လောင်းကြေးငွေ ကိုးသောင်းကျော်နဲ့ေ

ယင်ကောင်ရဲ့ မုဒိတာ - ယင်ကောင်

ယင်ကောင်တို့ မြန်မာနိုင်ငံသားဖြစ်ရတာ မလွယ်ပါဘူးဗျာ။ အစိုးရမင်းတွေ ဘာလုပ်လုပ် ထစ်ခနဲရှိ နိုင်ငံသားတွေရဲ့ ပခုံးပေါ်ကို ဂွပ်ခနဲ ရောက်လာတာပဲခင်ဗျ။ အခုလည်းကြည့်။ ယင်ကောင်တို့ နိုင်ငံသားတွေရဲ့ ပခုံးပေါ်ကို ဘယ်အချိန်ကမှန်းမသိ တင်ထားတဲ့ အထုပ်က လူထုအစိုးရလက်ထက်မှာ လေးဆကျော် ကြီးလာပြီတဲ့ဗျာ။ ဘယ်လိုကြီးလာမှန်းမသိတဲ့ အထုပ်ကြီးကို ယင်ကောင်ကတော့ လန့်နေပါပြီ။ လန့်ဆို အထုပ်က ပြည်ပကို ဆပ်ရမယ့် အကြွေးထုပ်ဖြစ်နေတာကိုးခင်ဗျ။ ဒီအကြွေးထုပ်က အခု အစိုးရလက်ထက်မှာ ဘယ်လောက်ကြီးလာသလဲဆိုရင် နိုင်ငံသားတစ်ဦးကို ၂၃ သိန်းဖြစ်နေပြီတဲ့ဗျာ။ အရင်အစိုးရ လက်ထက် ငါးနှစ်တာ ကာလအတွင်းက နိုင်ငံသားတစ်ဦးမှ ငါးသိန်းနီးနီးလောက် ရှိတာဆိုေ

မွန်ပြည်နယ် ၀န်ကြီးချုပ် (သို့မဟုတ်) ထွက်ရဲတဲ့သူ - သူရထိုက်

၂၄-၂-၂၀၁၇ နေ့က သတင်းစာတစ်စောင်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးရဲ့ သတင်းကို ဖတ်လိုက်ရတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးမင်းမင်းဦးကို သူ့ရဲ့ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီး ရာထူးတွေကနေ နုတ်ထွက်ခွင့်ပြုလိုက်တဲ့အကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၃-၂-၂၀၁၇ နေ့မှာ အမိန့်အမှတ် ၃/၂၀၁၇နဲ့ ထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှာ ပထမဦးဆုံးအနေနဲ့ ၀န်ကြီးချုပ်တစ်ဦး နုတ်ထွက်ခြင်းပါပဲ။

မြန်မာ့စီးပွားရေး နေ၀င်ချိန် ရောက်ပြီလော - လက်စောင်းထက်

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ၁၀ လပိုင်းတွင် အစိုးရသစ်၏ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက နေပြည်တော် UMFCCI II ၌ ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှု  မိတ်ဖက်များ  တွေ့ဆုံပွဲ၌ “နောက်ခြောက်လဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နှစ်ဆသုံးဆ တိုးတက်လာမယ်”ဟု ပြောကြားသွားခဲ့ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ ပြောင်းလဲခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် မျှော်လင့်ချက် အပြည့်ဖြင့် ၀န်ကြီးမိန့်ခွန်းကို နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အားလုံးက လက်ခုပ်သြဘာတီး ကြိုဆိုခဲ့ကြသည်။ ယခင်အစိုးရ အဆက်ဆက် အခွင့်အရေးများရခဲ့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်၏ ကတိကဝ

အရည်ကြိုရဲ့ ပေါ့ပေါ့ပါးပါး လေးလေးပင်ပင် မနက်ဖြန်များ (၁)

ချစ်ခြင်းများစွာဖြင့် ကျွန်တော့်အမျိုးများ အားလုံးမင်္ဂလာပါခင်ဗျာ။ ယခုတစ်ပါတ်မှာတော့ လက်ရှိ ကားလောကမူဝါဒအခြေအနေများနဲ့ နောင် ဖြစ်လာလတံ္တ့သော အခြေအနေများကို သုံးသပ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကားဝယ်မယ်ဆိုရင် ဘယ်အချိန်ဝယ်ထားသင့်သလဲ
ကားဝယ်မယ်ဆိုရင် ခုရက်ပိုင်းအမြန်ဝယ်ထားသင့်ပါတယ်။ (၁) ဘာကားသွင်းသွင်း စလစ်ကပ်ရမှာဖြစ်ခြင်း (၂) ၁-၄-၂၀၁၇ နောက်ပိုင်း စလစ်ကပ်ကားတွေ ၀င်ငွေခွန်ကောက်ခံတော့မှာဖြစ်ခြင်း (၃) အထူးကုန်စည်ခွန် ပေးဆောင်ရတော့မှာဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

လမ်းပေါ်ထွက်အော်ရတာ လွယ်တယ်မှတ်လို့ - ယင်ကောင်

မြန်မာတွေ အဲ...မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးကြီးတောင် ရှိတာဆိုတော့ မြန်မာနိုင်ငံသားတွေဆို ပိုမှန်မယ်။ မြန်မာနိုင်ငံသားတွေဆိုတာ တော်တော်မလွယ်တဲ့ မတစ်ထောင်သားတွေပဲ မဟုတ်လားဗျာ။ ဒီအထဲမှာ ယင်ကောင်ကတော့ အဆိုးဆုံးလို့ပြောလို့ရပါ့။ ယင်ကောင်တို့က ပြောင်းလဲမှုနဲ့ ပတ်သက်ရင် လက်နက်ကိုင်ထားတာတွေ၊ အာဏာရှင်ကြီးတွေဆိုတာ သိပ်သိတာမဟုတ်ဘူး။ ဒီလိုပြောလို့ ပရိသတ်တွေက ယင်ကောင်တို့ တိုင်းပြည်အတွက် ဘာတွေ ဘယ်လောက်ပြောင်းလဲအောင် လုပ်နိုင်ခဲ့လို့လဲ သိချင်နေလိမ့်မယ်။ ဟိုလောင်းလောင်းအဂိုးက စနစ်ဆိုးကို ပြောင်းလဲဖို့ဆိုပြီး လမ်းပေါ်ထွက် ငိုကြ၊ ယိုကြနဲ့ တောင်းဆိုသူတွေကြောင့် လမ်းပေါ်မှာ သံဆူးကြိုးတွေတား၊ သေနတ်ကို

လူသတ်မှုနဲ့ မူးယစ်ဆေးနောက်ကွယ်က လက်မည်းကြီးတွေကို မဖော်ထုတ်ကြတော့ဘူးလား - လက်စောင်းထက်

တရားဥပဒေတာဝန်ရှိသူများက သူခိုးတစ်ယောက်ကို ဖမ်းသွားသည်ကို ဘေးကပြည်သူတစ်ဦးက သူခိုးကြီးတွေက သူခိုးလေးကို ဖမ်းသွားတာကိုးဟု ပြောနေသည့်ပုံ ဖြစ်သည်။ ယခုလည်း ထိုအတိုင်းဖြစ် နေပြီလားမေးရမလိုပင်။ တိုင်းလုံးကျော် လူသတ်မှုကြီးများတွင် လက်သည်တရားခံ စစ်စစ်များကို တရားခွင် မတင်နိုင်ခဲ့ပါ။ ထို့အတူ မြန်မာနိုင်ငံအနှံ့ ဖမ်းဆီးရမိနေသည့် မူးယစ်ဆေး ဧရာမအမှုကြီးများကိုလည်း နောက်ကွယ်မှ လက်သည် စစ်စစ်ကို မဖော်ထုတ်နိုင်ပါ။ မဖော်ထုတ်နိုင်သည်လား၊ မဖော်ထုတ်ရဲသည်လား၊ မဖော်ထုတ်ချင်သည်လား ဆိုသည်ကိုတော့ တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများသာ သိပေလိမ့်မည်။ သေချာသည်ကတော့ မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိပါ။ ထို့အပြင် ကျူးလွန်သွားသော လ

ဇာဂနာ မရယ်ရတော့ဘူး (၁၆) - ဇာဂနာ

ပြီးခဲ့တဲ့ အပတ်က ပွင့်ဖြူမြို့နယ်ထဲကို ရောက်ခဲ့တာပြောပြီးပြီနော်။ မော်တော်ကားလမ်းကို ခက်ခက်ခဲခဲမောင်းပြီး သရက်တောရွာတံတားကို စွန့်စွန့်စားစား ဖြတ်နင်းပြီး ဟောပြောပွဲစင်မြင့်ကို ရောက်ပါပြီ။ နည်းတဲ့လူအုပ်မှ မဟုတ်တာ။ အနီးအနား ရွာတွေကလည်း လာတယ်ဆိုတာပါပဲ။ အနည်းလေး သောင်းဂဏန်းပေါ့။ ခက်တာကတော့ ဒရုန်းပါ ခင်ဗျ။ ဒရုန်းပါ။ မိုးပေါ်မှာပျံပြီး ကင်မရာနဲ့ ရိုက်ကူးတဲ့စက်ပါ။ ဇာဂနာတို့ ခေါင်းပေါ်ကနေ ဒရုန်းက ၀ုန်းခနဲ ၀ုန်းခနဲထထပျံ။ ကလေးတွေကလည်း ဒရုန်းဆိုတာကြီးကို တဟေးဟေးနဲ့ လိုက်ကြည့်ကြ။ စင်ပေါ်မှာ ဟောနေတဲ့ သူကတော့ သေပေါ့။ တစ်ခါ ဇာဂနာ့အနားက အမေကြီး တစ်ယောက်က (ဟဲ့ နင်တို့ ဂတုန်းကြီးကို သိမ်းမလား မသိမ်းဘူးလား)လို့

Pages