Articles and Satire

တာရာနှင့် ရန်ကင်းတိုက်လေးလုံး - ဦးမျိုးကြီး

ဆရာနတ်နွယ်ရဲ့ တောအကြောင်းတောင်အကြောင်း နတ်ဖမ်းစားတာကြောင့် ရန်ကင်းတိုက်လေးလုံးနဲ့ ဦးခိုင်ထူးအကြောင်း တူမောရိုးဂျာနယ်မှာ သုံးပတ်ဆက်ရေးဖြစ်ခဲ့ပါတယ်။

ဇာဂနာ မရယ်ရတော့ဘူး (၂၅) - ဇာဂနာ

ဇာဂနာ မရယ်ရတော့ဘူးဆိုတာ ဆက်မရေးချင်တော့ဘူးခင်ဗျ။ ဇမ္ဗူဒိပ်နိမိတ်ဆိုတာကိုး။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းတာကိုးနော့။ ဒီဆောင်းပါးတွေ စပြီးရေးကတည်းက ခုထက်ထိ မရယ်ရတာ ကြာလှပြီပေါ့ခင်ဗျာ။ တစ်ခါတစ်ခါ ရယ်တတ်သေးရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိပါတယ်။ မှန်ကြည့်ကြည့်ပြီး ရယ်ကြည့်ရတာလည်း အမောပါခင်ဗျ။

မုန်တိုင်းထန်နေသော ရခိုင်အတွက် အဖြေ (၄) ခု - လက်စောင်းထက်

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများမှာ  ဇာတိမြေမှ  အသက်အန္တရာယ်ကြောင့် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြသလို အကြမ်းဖက်သမားများက ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အစွန်းရောက် ဘင်္ဂါလီအဖွဲ့များက ဟိန္ဒူတိုင်းရင်းသားများနှင့် ကသည်းလူမျိုးများပါမကျန် သတ်ဖြတ်ခဲ့သလို လမ်းတံတားများကိုလည်း မိုင်းခွဲဖျက်ဆီးတိုက်ခိုက်ခဲ့သည်။ အလစ်အငိုက် ကြံစည်လုပ်ကိုင်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးနိုင်ခဲ့ပေ။ ယခုအခါ နေရပ်စွန့်ခွာလာသော တိုင်းရင်းသားများအနြေ

ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ် - မောင်နွေထက်

ဒီနေ့ကမ္ဘာကြီးမှာ အလိုအပ်ဆုံးဟာ ငြိမ်းချမ်းရေးပဲ မဟုတ်ပါလား။ စစ်သံကင်းဝေးတဲ့ ငြိမ်းချမ်းရေးတေးသံတွေကို ကမ္ဘာကြီးမှာ ကြားစေချင်တာ အနုပညာရှင်တွေပဲ မဟုတ်ပါလား။
ကျည်ဆန်တစ်တောင့်အစား ဆေးတစ်ဘူးကို လိုချင်တာ ပန်းချီဆရာတွေပဲ မဟုတ်ပါလား။ လက်ပစ်ဗုံး တစ်လုံးအစား စောင်းတစ်လက်ကို လိုချင်တာ ဂီတပညာရှင်ပဲ မဟုတ်ပါလား။ စစ်လက်နက်အစား ကလောင်ကိုလိုချင်တာ ကဗျာဆရာပဲမဟုတ်ပါလား။ စစ်လေယာဉ်ပျံတစ်စင်းအစား ဇာတ်ရုံဇာတ်စင်နဲ့ ရုပ်ရှင်ရုံ၊ ဥယျာဉ်တွေ လိုချင်တာ ပြည်သူတွေပဲ မဟုတ်ပါလား။

နိုင်ငံနှင့် ပြည်သူနစ်နာခဲ့ရသော ဘင်္ဂါလီအကြမ်းဖက်မှုများ - ကိုလူသစ်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောခရိုင်၊ ကိုင်းကြီးကျေးရွာဒေသခံ မြိုတိုင်းရင်းသား ခြောက်ဦးအား ဘင်္ဂါလီအကြမ်းဖက်သမားက အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောဒေသ အခြေအနေများအား နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာတင်သွင်းမှုများ ပြုလုပ်ခဲ့သည်။

ဘင်္ဂါလီတို့အနေဖြင့် နိုင်ငံသားဖြစ်လိုခြင်းထက် မြန်မာ့အချုပ်အခြာပိုင်နက်ကို ဖဲ့ယူလိုခြင်းသာဖြစ် တိုင်းရင်းသားတို့ စည်းလုံးကြပါတော့ - လက်စောင်းထက်

သြဂုတ်လ ၂၅ ရက်နေ့ မနက်လင်းအားကြီးအချိန်တွင် မောင်တောနှင့် ဘူးသီးတောင်ရှိ ရဲကင်းစခန်းများသာမက တပ်မတော် ကင်းစခန်းကိုပါ ဘင်္ဂါလီတို့က လူစုလူဝေးဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်လာသည်။ ဖြစ်စဉ်အခြေအနေကို ကြည့်ပါက အစွန်းရောက်သမား၊ အကြမ်းဖက်သမား လူတစ်စုထက် လူအများစု ပါဝင်သော အကြမ်းဖက်မှု အသွင်ကူးပြောင်းလာပြီး ဘင်္ဂါလီတို့အနေဖြင့် နိုင်ငံသားဖြစ်ရေးထက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်မြေကိုပါ ဖဲ့ထုတ်ရယူလိုသည့် အခြေအနေကို ဘွင်းဘွင်းကြီး တွေ့လာနေရသည်။ ထိုသို့ အချုပ်အခြာပိုင်နက်မြေကို ဖဲ့ထုတ်ယူရန်အတွက် သူတို့ကို ပြည်တွင်းပြည်ပမှ ငွေကြေးအရ၊ ဥပဒေအရ၊ နည်းပညာအရ အားပေးကူညီသူများကလည်း ရှိနြေ

ရန်ကင်းတိုက်လေးလုံးနှင့် ကိုခိုင်ထူး ယခင်အပတ်က အဆက်

ဒီတစ်ခေါက်ဆုံတွေ့မှုအတွက် ဇာတ်လမ်းစခဲ့သူကတော့ မျိုးကျော်ဦး (ကိုခိုင်ထူး အခေါ်ကိုဦး) ပင်ဖြစ်ပါသည်။ သူ့ကို ကိုခိုင်ထူးက ကိုဦးဟု ခေါ်လေ့ရှိပြီး တစ်ခါတစ်ရံတွင်တော့ မွန်မင်းသားလေးဟု ခေါ်လေ့ရှိပါသည်။ ကိုဦးကား ရန်ကင်းတိုက်လေးလုံးတွင် သူငယ်ချင်းများဆုံပြီး နားနားနေနေ နေနိုင်ရန်အတွက် အခန်းတစ်ခန်းကို သီးသန့်ဝယ်ထားကာ သူ၏အခန်းတွင် စာရေးသူတို့တစ်သိုက် ဆုံလေ့ရှိပါသည်။ ကိုဦးမှာ ဂီတနှင့် လုံးဝပတ်သက်ဆက်နွှယ်ခြင်းမရှိဘဲ တီးဝိုင်းနှင့် ပတ်သက်ဆက်နွယ်သည့် ပစ္စည်းများကို ၀ယ်ယူထားခဲ့သူလည်း ဖြစ်ပါသည်။ တစ်နေ့တွင်တော့ သူက စာရေးသူအား ဘဲကြီးလွတ်လပ်ရေးနေ့ကျ တီးဝိုင်းလေးလုပ်ရအောင် ခင်ဗျားမှာ အဆက်အသွယ်ရှိလားဟု ဆိုလာပါသည်။

ဇာဂနာမရယ်ရတော့ဘူး အပိုင်း (၂၄) - ဇာဂနာ

ခုရက်ပိုင်း ဇာဂနာတော်တော်ကို အိမ်မကပ်နိုင်ဘူး ဖြစ်နေပါတယ်ခင်ဗျ။ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ဆိုတာကြီးကို ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ပါတယ်။ တစ်ဆင့်တက်လာပြီး အငြိမ့်ပြိုင်ပွဲရော၊ ပဒေသာက ပွဲရောပါလာတယ် ခင်ဗျ။ သတ်မှတ်ထားတဲ့ရက်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့ဆိုတော့ ဇာဂနာတို့လည်း ပန်ဒါဝက်ဝံကလေးဓာတ်လိုက်သလို ဖြစ်နေတာပေါ့ခင်ဗျာ။

ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး တိုးတက်ဖို့ အမြန်ဆုံး ဘာလုပ်သင့်သလဲ- လက်စောင်းထက်

NLD အစိုးရသစ် တက်ရောက်လာပြီး တစ်နှစ်ခွဲကျော်လာ ပြီးသည့်နောက်တွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသီးသီးက စီးပွားရေးလုပ်ကိုင်၍ မကောင်းကြောင်း ညည်းညူလာခဲ့ကြသည်။ တပ်မတော်မှ ၁၉၈၈ ခုနှစ်တွင် အာဏာရယူပြီးနောက် မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့မှုများ နိုင်ငံတကာက ပြုလုပ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေအရပ်ရပ်မှာ ယိုယွင်းပျက်စီးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ရေးဆွဲ အတည်ပြုခဲ့ပြီး ဒီမိုကရေစီစနစ်ဖြင့် ပြုပြင်ပြောင်းလဲရန် အားထုတ်ခဲ့သည်။

မြိုလူမျိုးတွေကို သတ်ဖြတ်နေသည့် နောက်ကွယ်က အနောက်ခြံစည်းရိုးကို ချိုးဖျက်နေသူများ - လူသစ်

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းမှ စတင်ကာ အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည် ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်လာသည့် အခြေခံ အကြောင်းတရားများမှာ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများသည် ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုအစဉ်အလာနှင့် လူမှုပေါင်းသင်းဆက်ဆံရေးများ သိသာစွာ ကွဲပြားခြားနားလျက်ရှိခြင်း၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြား ရောစပ်၍မရဘဲ သီးခြားစီ နေထိုင်လျက်ရှိခြင်း စသည့်အချက်များသည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားစေရန် အခြေခံအကြောင်းအရင်းတစ်ရပ် ဖြစ်လာခဲ့သည်။

Pages