Articles and Satire

ဇာဂနာ မရယ်ရတော့ဘူး (၂၁) - ဇာဂနာ

ဒီတစ်ခါတော့ ဇာဂနာ မရယ်ရတော့ဘူးဆိုတာထက် အသက်တောင် မရှုနိုင်တော့ဘူးဆိုတာက ပိုမှန်ပါလိမ့်မယ်ခင်ဗျ။ ရန်ကုန်တစ်မြို့လုံး ရွာလိုက်တဲ့မိုး။ တစ်ရက်မှမနားပါဘူးခင်ဗျာ။ မိုးလေ၀သ ဦးထွန်းလွင်ကသာ နားချင်နားမယ် မိုးကတော့မနားဘူးခင်ဗျ။ မိုးနဲ့အတူ မနားတာကတော့ ဆန္ဒပြပွဲတွေခင်ဗျ။ ကားလမ်းကြပ်ပါတယ်။ ပိတ်ပါတယ်လို့ဆိုနေမှ ဆန္ဒပြပွဲတွေကလည်း နေ့တိုင်းမနားပါဘူးဗျာ။

ဇူကာဘတ်၏ လားရာ - မာဂျေ

မောင်ဇူကာဘတ်တစ်ယောက် ဝေခွဲမရ ဖြစ်နေသည်။ သူ ညက အလုပ်လုပ်နေပါလျက် ယခုတော့ ဘယ်ကမှန်းမသိသည့် လူရုပ်ဆိုးကြီး တစ်ယောက်ရှေ့တွင် ရောက်နေသည်။ လူရုပ်ဆိုးကြီးက “မင်းနာမည် ဇူကာဘတ်၊ မင်းက ဖေ့စ်ဘွတ်ခ်ပိုင်ရှင်ဆိုတာ မှန်လား” ဟု အထက်စီးလေသံဖြင့် မေးလာသည်။ ဇူကာဘတ် ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့လို ကမ္ဘာသိပုဂ္ဂိုလ်ကို ဤမထင်မရှား လူရုပ်ဆိုးက လေသံမာမာဖြင့် မေးလာသဖြင့် “နေစမ်းပါဦး။ ခင်ဗျားက ဘယ်သူမို့လို့ ဒီလို လေသံမာမာနဲ့ မေးနေရတာလဲ”ဟု ပြန်ပက်လိုက်စဉ် ကျောထဲမှ စူးခနဲ ဖြစ်သွားသည်။ နောက်လှည့်ကြည့်လိုက်တော့ ရှေ့ကလူထက် ရုပ်ဆိုးသော လူလိုလို တိရစ္ဆာန်လိုလို တစ်ယောက်က သူ့ကျောကို ခက်ရင်းခွဖြင့်ထိုးလိုက်ခြင်း ဖြစ်သည်။ ကမ္ဘ

ဇာဂနာ မရယ်ရတော့ဘူး (၂၀) - ဇာဂနာ

ပထမဆုံးတော့ စာဖတ်ပရိသတ်ကြီးကို တောင်းပန်ချင်တာပါ။ ဇာဂနာရဲ့ပျက်ကွက်မှုက နှစ်ပတ် ဆက်သွားတာကိုးခင်ဗျာ။ တကယ်ကတော့ ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်အတွက် ခရီးတွေထွက်ရ၊ ဇာတ်ကားရိုက်ဖို့ စီစဉ်ရနဲ့ တော်တော့်ကို မအားမလပ်နိုင် ဖြစ်သွားခဲ့ရတာပါ။ တစ်ချိန်တည်း တစ်ပြိုင်တည်း ရုပ်ရှင် ၃ ကားရိုက်ရတာဆိုတော့ ဇာဂနာ့မှာ တောင်ပြေးမြောက်ပြေးနဲ့ နေရာစုံရောက်ခဲ့ရပါတယ်ခင်ဗျာ။

ဆရာဖေမြင့် ၀န်ကြီးဖြစ်ကတည်းက ဇာဂနာ အမောင်းခံနေရပါတယ်။ ရုပ်ရှင်ဆင်ဆာကိစ္စရော၊ ရုပ်ရှင်ဥပဒေရော၊ ရုပ်ရှင်ပွဲတော်ရောပေါ့လေ။ သူကတော့ လူကြီးဆိုတော့ ဟုတ်တာပေါ့။ ကိုယ်တွေကတော့ တောင်ပေါ်တက် မြေပြန့်ဆင်းနဲ့ ၀ရချီးကို လည်နေတော့တာပါ။

မြန်မာ့ကျောက်မျက် မှောင်ခိုလမ်းကြောင်းနှင့် န၀တခေတ် ဗိုလ်ချုပ်ကြီးများ - လက်စောင်းထက်

၂၀၁၅ခုနှစ်၊ မေလအတွင်း ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ကျောက်မျက်လေလံပွဲတွင် အလေးချိန် ၂၅ .၅၉ ကာရက်ရှိသည့် မိုးကုတ်ပတ္တမြားတစ်ပွင့်သည် အမေရိကန်ဒေါ်လာ သန်း ၃၀ဖြင့် လေလံအောင်ခဲ့သည်။ တစ်ကာရက်ကို အမေရိကန်ဒေါ်လာ တစ်သန်းထက် မြင့်သည့်နှုန်းဖြင့် လေလံဆွဲယူသွားခြင်းဖြစ်သည်။ ၂၀၁၄ခုနှစ် ၊ နိုဝင်ဘာလကလည်း အဆိုပါလေလံပွဲတွင်ပင် ၈.၆ ကာရက်ရှိ မိုးကုတ်ပတ္တမြားတစ်လုံးကို အမေရိကန်ဒေါ်လာ ၈.၆ သန်းဖြင့်  အရောင်းအ၀ယ်ဖြစ်သွားခဲ့သည်။ ထို့အပြင် အမေရိကန်ဒေါ်လာ ၄.၉သန်း၊ ၃.၇သန်းဖြင့် အရောင်းအ၀ယ်ဖြစ်သွားသော ခိုသွေးရောင် မိုးကုတ်ပတ္တမြားများသည်လည်း ကမ္ဘာတွင် ထင်ရှားလျက်ရှိသည်။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်မှာ အဆိုပါပတ္တမြားသည် နိုင်င

အနာကျက်ဆေး - ယင်ကောင်

ယင်ကောင်တို့တိုင်းပြည်မှာ အနာငပိန်လူကြီးမင်းတွေ တော်တော်ပေါဆိုပဲ။ တစ်ကိုယ်လုံး အနာတွေချည်းပဲဆိုတဲ့ လူကြီးမင်းတွေကရှိသေး။ ဒီလိုလူတွေကတော့ ဘယ်နားထိထိ မခံမရပ်နိုင်အောင်ကို ဖြစ်ကြလို့တဲ့။ ယင်ကောင်လည်း ဒီလိုလူတွေများတဲ့အတွက် စီးပွားရေးဈေးကွက်အရ ငရုတ်၊ ကြက်သွန်ကို ဆားနဲ့ ရောကြိတ် ဘေးမဖြစ်ဆိုတဲ့ တွေ့ရာနည်းနဲ့ ဖော်စပ်ထားတဲ့ အနာအရှင်းပျောက်ဆေး ရောင်းရင် ကောင်းမလားလို့ စဉ်းစားမိတယ်ခင်ဗျ။ ဘာပဲဖြစ်ဖြစ် အနာများတဲ့သူတွေအတွက်လည်း အဆင်ပြေ ယင်ကောင်လည်း တွက်ခြေကိုက်မယ်လို့ ထင်မိတယ်။

အန္တရာယ်တွေရဲ့ နှုတ်ခမ်းဝမှာ - ဦးမျိုးကြီး

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးရဲ့ တရားတော်တစ်ပုဒ်ကို အမှတ်မထင် နာခဲ့မိပါတယ်။ ဆရာတော်ဘုရားကြီးက ဘာဟောသလဲဆိုတာ အကုန်အစင် မမှတ်မိပေမယ့် အနှစ်ချုပ်ကတော့ ဆရာတော်ဘုရားကြီးအပါအ၀င် စာရေးသူတို့အားလုံးဟာ အရိယာပုဂ်္ဂိုလ်တွေ မဟုတ်ကြဘူး။ ဒါကြောင့် အင်မတန်အန္တရာယ်ကြီးတယ်။ ဘာတွေအန္တရာယ်ကြီးတာတုန်းဆိုတော့ စက္ကန့်နဲ့မလပ်အမှားတွေကို ကျူးလွန်မိနိုင်တဲ့ အန္တရယ်ကြီးပဲဖြစ်တယ်လို့ဆိုပါတယ်။ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ မကုန်ခန်းသေးတဲ့ပုထုဇဉ်တွေမို့ လူတိုင်းဟာ အချိန်မရွေးအမှားတစ်ခုကို ကျူးလွန်နိုင်ပြီး ဒီအမှားကတဆင့် အင်မတန်ကြီးမားတဲ့ အန္တရာယ်ကြီးတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ ဆရာတော်ဘုရားကြီ

အကြမ်းဖက်အန္တရာယ်နှင့် နိုင်ငံတော်လုံခြုံရေး - လက်စောင်းထက်

အရှေ့အလယ်ပိုင်းဒေသတွင် အခြေမဟန်တော့သော အစ္စလာမ်မစ်အစွန်းရောက်များသည် သူတို့၏နောက်ထပ် ခြေကုပ်နေရာအဖြစ် အရှေ့တောင်အာရှကို မျက်စိကျလာကြသည်။ အထူးသဖြင့် အစ္စလာမ်မစ်နိုင်ငံများနှင့် ထိစပ်နေသော ထိုင်းတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အစွန်းရောက်များ ခြေကုပ်ယူနိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ ဘူးသီးတောင်မောင်တောဒေသတွင်လည်း အစွန်းရောက်တို့သည် နှစ်ပေါင်းများစွာ စိမ့်ဝင်နေခဲ့ကြသည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားချိန်တွင် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများသည် အစုလိုက်အပြုံလိုက် ၀င်ရောက်လာခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်မှစပြီး ရခိုင်တွင် အစ္စလာမ်မစ်အစွန်းရောက် မူဂျာမေဒင် သောင်းကျန

Pages