Articles and Satire

အကျဉ်းထောင်တွေကတော့ မရွေ့သေးပါ - လက်စောင်းထက်

မြန်မာနိုင်ငံတွင် လက်ခံနိုင်သည့် လူဦးရေအချိုးအစားထက် ပိုမိုများပြားနေသည်မှာ အကျဉ်းထောင်နှင့် အချုပ်ထောင်များဖြစ်သည်။ တစ်နိုင်ငံလုံး၌ အကျဉ်းထောင်ပေါင်း ၄၆ ထောင် ရှိသည်ဟု မှတ်သားခဲ့ဖူးပါသည်။ ထောင်အားလုံးရှိ လက်ခံနိုင်သည့် အကျဉ်းသားဦးရေမှာ ၄၄၀၀၀ သာ ရှိသော်လည်း လက်ရှိ ထိန်းသိမ်းထားရသည့် အကျဉ်းသားစုစုပေါင်းမှာ ၇၀၀၀၀ ကျော်လျက်ရှိသည်။  ထိုအကျဉ်းထောင်များ အားလုံးနီးပါးကို မြန်မာနိုင်ငံအား သိမ်းပိုက်စိုးမိုးအုပ်ချုပ်ခဲ့သော အင်္ဂလိပ်အစိုးရ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ပမာဏအလိုက် (က) အဆင့်၊ (ခ) အဆင့်၊ (ဂ)အဆင့်ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ (က)အဆင့် ထောင်များသည် အကျဉ်းသားဦးရေ ၁၀၀၀ အထက် ထိန်းသ

အရွေ့စပြီ - ဇော်သက်ထွေး

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တွင် နှစ်ပေါင်းများစွာ အခြေတည်ခဲ့သော မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံကြီးကြပ်ထိန်းသိမ်းရေးကော်မတီ(ဗဟို)အား ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YBS)မှ ယာဉ်လိုင်းခရီးစဉ်သစ်များဖြင့် ပြေးဆွဲမည့် အစီအစဉ်ကို ကူညီရန် စေတနာ့ဝန်ထမ်း လုပ်အားပေးမည့် ကျောင်းသားကျောင်းသူများသည် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အမိမြန်မာရုပ်တုရှေ့တွင် လာရောက်စုဝေးခဲ့ကြသည်။ ကျောင်းသား ကျောင်းသူ အများစုမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှဖြစ်ပြီး လူမှုရေးပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူများလည်း ပါဝင်ခဲ့သည်။ ထိုသို့ ပြည်သူလူထုအများစုက အစိုးရအဖွဲ့၏ လု

၂၀၁၇ မှာ ဒိုင်နာ၊ ဘီအမ်၊ မီနီဘတ်စ်များနှင့်အတူ စည်းကမ်းမဲ့ စရိုက်များကို နှုတ်ဆက်ချင်ပြီ - ဇော်သက်ထွေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများကို ဖျက်သိမ်းကာ ဇန်န၀ါရီလ ၁၆ မှစတင်၍ ယာဉ်လိုင်းအသစ် ၅၈ လိုင်းဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။

ဒီအမေ၊ ဒီသား၊ ဒီခေတ်၊ ဒီပညာရေးစနစ်နဲ့ D မက်တိုင်း ၀မ်းသာရမှာလား - ပိုင်လေး

ရုံးပြန်နောက်ကျလို့ ကားပိတ်တဲ့ ဒဏ်တွေခံပြီး ည ၈ နာရီခန့် အိမ်ကိုပြန်ရောက်လာတဲ့အချိန် ခြံထဲဝင်မယ့် ကျွန်တော့် ခြေလှမ်းတွေ တုန့်ခနဲနေအောင် ရပ်တန့်သွားရတယ်။ အဲဒါကတော့ အိမ်ထဲက ဇနီးသည်ကတစ် ယောက်တည်းမွေးထားတဲ့သား စာမကျက်လို့ “နင်အခုချိန်ထိ စာအုပ်မကိုင်သေးဘူးလား” ဆိုတဲ့ အသံကြောင့်ပါ။ အလုပ်ကအပြန် ကားကျပ်၊ ကားလမ်းပိတ်လို့ စိတ်ညစ်လာရတဲ့အထဲ အိမ်ရောက်လို့ ဇနီးနဲ့ သားကိုတွေ့ရင် အမောပြေမလားမှတ်တယ်။ အခုတော့ ကြားလိုက်ရတဲ့အသံက ရင်ထဲကို ဆို့နင့် သွားစေပါတယ်။

ပြောင်းလဲချိန် တန်နေသော ဘတ်စ်ကားလောက - ချောစု

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်း ၃၀၀ ကို ဖျက်သိမ်းမယ်လို့ ဆိုလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုသူများရှိသလို ဝေဖန်မှုများလည်း ရှိနေပါတယ်။ ဝေဖန်တာကတော့ ဒီကားလိုင်းတွေ ဖျက်သိမ်းလိုက်ရင် ဘယ်ကားတွေစီးရတော့မှာလဲ ဆိုတာတွေ၊ ကုမ္ပဏီတွေနဲ့ ပြေးဆွဲခိုင်းမယ်ဆိုတော့ ကနဦးမှာ ဟုတ်သလိုလိုနဲ့ နောက်ပိုင်း အဖျားရှူးသွားမှာလားဆိုပြီး စိတ်ပူဝေဖန်နေတာတွေ ကြားသိနေရပါတယ်။

ဆင်သတ်လို့ အရပ်ဝေ - မာဂျေ

တကယ်တော့ ရိုးရာလက် ဝှေ့ပွဲသွင်းတယ်ဆိုတာ ဆင်သတ်ပြီး အရပ်ဝေရတာပါ။ ဒါကို မသိတဲ့သူတွေက ဦးမာဂျေကြီး ဂျပန်ပွဲ တစ်ပွဲသွင်းရင် သိန်းသုံးထောင်ကျန်တယ်။ လက်ဝှေ့သမားတွေကို တစ်ပွဲသိန်းနှစ်ရာ သုံးရာပေးပါလားဆိုပြီး အရူးချီးပန်းပြောတာတွေ ကြားရတော့ ရီရမလို ငိုရမလို။ ခက်တာက ပြောတဲ့သူတွေက ရိုးရာလက်ဝှေ့ပွဲတစ်ပွဲမှ သွင်းဘူးတဲ့သူတွေ မဟုတ်ဘဲ ဆရာယောင်ယောင် သမားယောင်ယောင်လုပ်နေတဲ့ သူတွေဆိုတော့ ဥပေက္ခာပဲ ပြုလိုက်ပါတယ်။ ဂျပန်မှာ ပွဲသွင်းတယ်ဆိုတာက မြန်မာမီဒီယာဂရု(ပ်)နဲ့ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)တို့ ပူးပေါင်းပြီး ရိုးရာလက်ဝှေ့ကို ဂျပန်ကတစ်ဆင့် ကမ္ဘာကို ပြန့်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကိုရေ

ကမ္ဘာပေါ်မှာ အရက်ဈေးအချိုဆုံးက မြန်မာနိုင်ငံ ဖြစ်နေတယ်၊ စီးပွားကူးသန်းနဲ့ အကောက်ခွန် ၀န်ကြီးဌာန စစ်ကြပါဦး - လက်စောင်းထက်

ဂျပန်မိတ်ဆွေတစ်ဦးကို လေဆိပ်မှကြိုပြီး ညစာစားရန် အသွား အင်းယားလမ်းပေါ်ရှိ ယမကာဆိုင်သို့ ၀င်ပြီး အရက်ဝယ်လိုက်သည်။ မိတ်ဆွေဂျပန်က အရက်ဈေးနှုန်းကိုကြည့်ပြီး အံ့သြနေသည်။ သူအံ့သြမည်ဆိုလည်း အံ့သြလောက်ပါသည်။ ဥရောပနှင့် အာရှနိုင်ငံများတွင် အမေရိကန်ဒေါ်လာ တစ်ရာအထက်ပေးရသော ဂိုးလ်လေဘယ် ပုလင်းကို ကျပ်သုံးသောင်း ခုနစ်ထောင်ဖြင့် ရောင်းချသောကြောင့်ဖြစ်သည်။ ကားပေါ်ရောက်သော် ဂျပန်မိတ်ဆွေက ဈေးပေါလွန်းသဖြင့် အရက်အတု ဖြစ်နိုင်သလားဟု မေးလာသည်။ ထို့ကြောင့် ထိုမိတ်ဆွေကို ရှည်လျားစွာ ရှင်းပြရတော့သည်။

ဇာဂနာ မရယ်ရတော့ဘူး (၁၂) - ဇာဂနာ

ကိုင်း ဘာပဲဖြစ်ဖြစ် နှစ်ထောင့်ဆယ့်ခြောက်ကတော့ လစ်ပြီ။ တစ်နှစ်ကုန်လို့ တစ်နှစ်ဆန်းတိုင်း ဂျာနယ်တွေ ရုပ်သံတွေက လာလာအင်တာဗျူးတယ်ခင်ဗျ။ နှစ်သစ်ကို ဘယ်လိုမြင်ပါသလဲတို့၊ နှစ်သစ် ဆုတောင်းတို့ပေါ့လေ။

တောင်ငူမှ ဗီယက်နမ် (သို့မဟုတ်) စစ်နဲ့ငြိမ်းချမ်းရေး - အနီမှိုင်းကေတု

ကျွန်တော် အင်တာနက်မှာ ခရီးစဉ်လေးတစ်ခု ဖတ်လိုက်ရတယ်။ ဗီယက်နမ်ခရီးစဉ်လေးပါ။ US 390 နဲ့ဆိုတော့ ကျွန်တော်ကလည်း နိုင်ငံခြားခရီးစဉ်ဆိုတာ တစ်ခါမှလည်းမသွားဖူးဘူး။ ပါတီစည်းရုံးရေးမှာ တရားဟောသွားတဲ့အခါ အုပ်စုလိုက် မသွားဖူးဘူး။ ပညာကွန်ရက်နဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေနဲ့ လေ့လာရေးခရီး သွားဖူးတာပဲရှိတယ်။ အထူးသဖြင့် သူစိမ်းတွေ၊ မရင်းနှီးသူတွေနဲ့ တစ်ခါမှ ခရီးမသွားဖူးဘူး။ အိမ်နဲ့လည်းခွဲပြီး အကြာကြီးမသွားဖူးဘူး။ ဒါပေမဲ့ တစ်နေ့တော့ အားလုံးနဲ့ ကျောခိုင်းပြီး ထွက်သွားရမှာဆိုတော့ ၅ ရက်ခရီးလောက်ကတော့ ထွက်ဖြစ်အောင်ထွက်ခဲ့ရတယ်။ ပထမဆုံး ပတ်စပို့လုပ်ရတယ်။ ဒါလည်း မလုပ်ဖူးတော့ ပထမပတ်စပို့ရုံးကို အရင်သွားေ

၂၀၁၆ အလွဲများ - မာဂျေ

၂၀၁၆ ခုနှစ်ကတော့ ကမ္ဘာမှာ ထင်တာတွေနဲ့ ဖြစ်လာတာတွေ အများကြီးလွဲတဲ့ နှစ်ပါပဲ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုကြည့်ရင် နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဒီမိုကရက်တစ် သမ္မတလောင်း အမေဟီ နိုင်မယ်လို့ တစ်ကမ္ဘာလုံးက ထင်ခဲ့ပေမယ့် တကယ်တမ်းလည်း မဲပေးရော တစ်ယူသန် တဇောက်ကန်းသမားကြီးပါလို့ အားလုံးက တံဆိပ်တပ်ထားတဲ့ အဘထကြီးက ၀က်ဝက်ကွဲ နိုင်သွားလေရဲ့။ အမြတ်ထွက်တာကတော့ ကမ္ဘာသူကမ္ဘာသားတွေပဲဗျ။ သူတို့နှစ်ယောက် မဲဆွယ်ရင်း တစ်ယောက်နဲ့ တစ်ယောက် ပယ်ပယ်နယ်နယ် နှံနေကြတာတွေကို အခန့်သား ကြည့်ခွင့်မြင်ခွင့် ရလိုက်တာဟာ အမြတ်ပေပဲ။ ဒီနောက်မှာတော့ သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ဒီမိုကရက်တွေက အမေရိကန်နဲ့ ရုရှားသံတမန် ဆက်ဆံရေး ပျက်ြ

Pages