Articles and Satire

ဆောင်ရွက်မှု အနုပညာကဗျာ အဖြူရောင် သက်တံ (၁၀) နှစ်မြောက်မှာ ခွဲသွားသူ ထိုငါးယောက် - ဇော်သက်ထွေး

ကရင်နှစ်သစ်ကူးနေ့က တော်ဝင်နှင်းဆီမှာ အဖြူရောင်သက်တံ (၁၀) နှစ်မြောက် အထိမ်းအမှတ် စာအုပ်မိတ်ဆက်ခြင်းနဲ့ ဆောင်ရွက်မှု အနုပညာကဗျာပြပွဲ (Poetry Performance Art)ကို ပြုလုပ်ခဲ့ကြပါတယ်။ အဖြူရောင်သက်တံဆိုတာ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော်၊ သဘင်ဂီတသမားတွေ ပေါင်းစပ်ပြီး HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအတွက် ရန်ပုံငွေ ရှာပေးခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဧရာမြစ်ကမ်းဘေး တစ်လုံးလျှင် ဂါလန် ၂ သန်း ဆံ့၊ လောင်စာကန် ၃၂ လုံး၊ ဆိပ်ခံစီမံကိန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရ ပြန်စစ်ပါဦး - လက်စောင်းထက်

ပြီးခဲ့သည့် ကန်တော်ကြီး သဘာဝဥယျာဉ် မြေနေရာနှင့်ပတ်သက်၍ ရေးသားခဲ့သည့် ဆောင်းပါးကို ရန်ကုန်တိုင်းဒေသကြီးနှင့် သက်ဆိုင်သူ Stake Holder အားလုံးက အသိအမှတ်ပြုကြိုဆိုကြောင်း ကြားသိခဲ့ရပါသည်။ ထို့ကြောင့် ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုပေးခဲ့သော စီမံကိန်းများစွာအနက် ပြည်သူလူထုအား တိုက်ရိုက်အကျိုးမပြုသော စီမံကိန်းများကို ဆက်လက်၍ ဖော်ထုတ်ရေးသားသွားမည် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်ကို ဘတ်စ်ကားဖြင့် ဖြတ်သန်းလာခဲ့သည် - ဇော်သက်ထွေး

အစိုးရသစ် သက်တမ်းသည် ငါးပုံတစ်ပုံကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ လ ၈ ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအများစုက အနာဂတ်အတွက် မျှော်လင့်ချက် မြောက်မြားစွာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲထည့်ပေးခဲ့သည်။ ထို့ကြောင့် NLD ဦးဆောင်သော အစိုးရ၊ NLD ဦးဆောင်သော လွှတ်တော်၊ NLDက စိတ်တိုင်းကျ ရွေးချယ်ပေးလိုက်သော ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များဖြင့် နိုင်ငံတော်သစ်ကို အစပြုခဲ့သည်။

ဇာဂနာ မရယ်ရတော့ဘူး (၁၁) - ဇာဂနာ

ခုတလော ဇာဂနာ့အဖေကို တော်တော် သတိရမိပါတယ်။ သူမျိုးစေ့ချပေးခဲ့လို့ ရေဒီယိုတွေ နားထောင်တတ်၊ မိုးလင်းတာနဲ့ သတင်းစာ ဆာလောင်တတ်တာတွေ ဇာဂနာ့ကိုယ်မှာ ပူးကပ်ခဲ့တာကိုးခင်ဗျာ။ ဖေဖေက မျက်နှာသစ်ပြီးတာနဲ့ သတင်းစာ မျှော်တော့တာပါပဲ။ မနက်စာစားဖို့ မေမေက ပြင်ဆင်ပြီးပေမယ့် သတင်းစာ မလာမချင်း မစားဘူးခင်ဗျ။ ဒီတော့ ဇာဂနာ့မေမေက အော် ညတုန်းကလည်း BBC,BOA တွေ နားထောင်ပြီးပြီ မဟုတ်လား။ ဒီအစိုးရသတင်းစာက ဘာထူးလို့လဲ။ ဘုန်းတော်ဘွဲ့တွေများ ဖတ်ချင်နေသေးတယ်လို့ ပြောရင် ဇာဂနာ့ဖေဖေက ပြုံးပြီး နှစ်ဖက်မျှအောင် ဖတ်ရတာပေါ့တဲ့။ ဒါတစ်ရက်တည်း ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တာပါ။ ဒီစကားတွေကလည်း နေ့ပေါင်းများစွာ မေ

ရန်ကုန်မြို့လယ်၊ အကျယ်အ၀န်း ၁၈ ဧကကျော်၊ အဆောက်အအုံ ၃၃ လုံး၊ ငှားရမ်ခ တစ်လ ကျပ်သိန်း ၅၀ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ပြန်စစ်ပါဦး - လက်စောင်းထက်

ရန်ကုန်မြို့၏ အချက်အချာဖြစ်သော ရွှေတိဂုံဘုရား၏ အရှေ့ဘက်၊ ၁၈ ဧကကျော် အကျယ်အ၀န်းရှိ ကန်တော်ကြီး သဘာဝဥယျာဉ် မြေနေရာအား ယခင်အစိုးရလက်ထက်တွင် တစ်လ ကျပ် သိန်း ၅၀ ဖြင့် ဇေကမ္ဘာကုမ္ပဏီအား နှစ် ၃၀ အငှားချထားခဲ့သည်။ အဆိုပါ ကန်တော်ကြီးရှေ့တွင်ရှိသော ကွန်ဒိုတစ်ခုမှ မြေညီခန်း တစ်ခန်းငှားရမ်းခသည် တစ်လ ကျပ်သိန်း ၆၀ ဖြစ်ရာ ကန်တော်ကြီး သဘာဝဥယျာဉ်မှ ၁၈ ဧကအား တစ်လ ကျပ်သိန်း ၅၀ ဖြင့် ငှားရမ်းထားရှိမှုသည် သင့်လျော်ခြင်းရှိမရှိ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပြီး အများပြည်သူ အခမဲ့ အပန်းဖြေနိုင်ရေးအတွက် ပြန်လည်သိမ်းဆည်းရန် သို့မဟုတ် ခေတ်နှင့်လျော်ညီသော ငှားရမ်းခ ပြန်လည်သတ်မှတ်သင့်ပြီဖြစ်ကြော

ရန်ကုန်မြို့တော်သားတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါသည် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗကသ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရသစ်လက်ထက် ၉ လကျော် အချိန်ခန့်မှာ မြန်မာနိုင်ငံအတွင်း ပြောင်းလဲတိုးတက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တာဝန်ယူထားတဲ့ ရန်ကုန်မြို့တော်ကြီးမှာ အပြောင်းအလဲများ သိသိသာသာ ဖြစ်ထွန်းလာခဲ့ပါပြီ။

အသိညဏ်နဲ့လက်ဝှေ့ ပေါင်းစပ်ပြီးမှ ရိုးရာလက်ဝှေ့ထိုးပါ - ဦးမျိုးကြီး

လွန်ခဲ့တဲ့ရက်များအတွင်းက ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ အကျော်အမော်တွေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို စိတ်ဝင်စားပြီး အပတ်တကုပ် လေ့လာသင်ယူ ထိုးသတ်ပြိုင်ပွဲဝင်နေတဲ့ နိုင်ငံတကာက လက်ဝှေ့ သမားတချို့ရဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပျက်နေသော ရန်ကုန်မြို့တော်စည်ပင် - နေဘုန်းလတ်

အစိုးရသစ်ရဲ့ ရန်ကုန်မြို့တော် မြို့တော်ဝန်အသစ်ဟာ ၂၀၁၆ မေလ ၁၆ ရက်နေ့ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမိန့်ကြော်ငြာစာထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေထဲက နည်းဥပဒေပုဒ်မ ၆၄ ကို ပြင်ဆင် အစားထိုးတဲ့ ကိစ္စပါလာပါတယ်။ အဲဒီနည်းဥပဒေပုဒ်မ ၆၄ မှာ ပါတာက “ကော်မတီဝင်၊ ခရိုင်သို့ မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးနောက် ကတိသစ္စာပြု၍ စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက် မတိုင်မီအထိ တာဝန်ထမ်းဆောင်ရမည်”လို့ ဖြစ်ပါတယ်။ အဲဒီပုဒ်မကို အမိန့်ကြော်ငြာစာ

ခေါင်းဆောင်လုပ်နေတာကြည့်ပြီး ရှက်တတ်ကြပါ - အောင်မြင်သူ

၁၉၈၉ ခုနှစ်က စစ်ဆင်ရေးဝင်ရောက်ခဲ့တဲ့ ကော့ကရိတ်မြို့နယ်က ရွာလေးကို ကျွန်တော်သွားခဲ့ပါတယ်။ သမီးဖြစ်သူ နော်ချယ်ရီပန်း အိမ်ကို ရောက်တယ်။ (သမီးဆိုတာ ကျွန်တော့်တပ်က ရဲဘော်နဲ့ အိမ်ထောင်ကျလို့ ဖြစ်ပါတယ်)။ ကျွန်တော်တို့ စကားပြောနေတုန်း ကလေးမတစ်ယောက် လင်ပန်းထဲမှာ ပြောင်းဖူးလေးတွေနဲ့ ရောက်လာတယ်။ နော်ချယ်ရီပန်းက “ဒါကျွန်မသမီးလေး။ သူ့အစ်ကိုကတော့ သူငယ်ချင်းတွေနဲ့အတူ ထိုင်းမှာ သွားပြီး အလုပ်လုပ်နေတယ်။ ရွာက ကလေးမလေးတွေလည်း ထိုင်းမှာပဲ အလုပ်သွားလုပ်တယ်။ သမီးက သွားချင်ပေမယ့် ကျွန်မက ကျန်းမာရေး သိပ်မကောင်းဘူး။ သမီးပဲ လယ်စိုက်၊ စပါးရိတ်၊ ခြံထဲက အသီးအနှံလေးတွေ ရွာထဲလှည့်ရောင်းရတယ်” လို့ ပြောပါတယ်။ ရောင်းလို့ကော

ဒေါ်လာဈေး အတက်၊ ငြိမ်းချမ်းရေး အကျ၊ နိုင်ငံရေးအလှုပ် - ဇော်သက်ထွေး

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၄၄၀ ဖြင့် အမြင့်ဆုံးစံချိန်တင် မြင့်တက်ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရခေတ်၌ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ၁၃၇၀ အထိ မြင့်တက်ခဲ့ဖူးသည်။

Pages