Articles and Satire

အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င် လူမိုက်ကြီးများ အပိုင်း (၁၂) - ဇော်သက်ထွေး

Labour Strike နဲ့ ရောက်လာတဲ့ ၅ (ည)တွေကို ဗိုလ်ကံကတော့ ဦးကျိုးအောင် ရေရေလည်လည် နွှာနေပါတယ်။ ဗိုလ်ကံရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ပေးရသူ နှစ်ယောက်ကတော့ စောစောပိုင်းကပြောသလို ကျော်သူနဲ့ တင်ဟန်ပါပဲ။ နေ့တိုင်း တစ်ယောက်တစ်လှည့်စီ ၅(ည)တွေကို ပုံစံကြီးပေးလိုက်၊ အိပ်မရအောင် မောင်းလိုက် လုပ်ရတယ်။ ၅(ည) တွေကလည်း ပျော့သယောင်နဲ့ မာကျောတယ်။ ပုံစံကြီးကို ကြံ့ကြံ့ခံ ဖြတ်သန်းတယ်။ ထောင်က ၅(ည) တွေ ဦးကျိုးပြီး လက်လျှော့လာမယ့် အခြေအနေကို စောင့်စားနေပေမယ့် မျှော်လင့်ထားသလို ဖြစ်လာမယ့်ပုံမပေါ်ဘူး။ ဒီကြားထဲမှာ ၅ (ည)တွေရဲ့ စည်းရုံးရေးဗျူဟာက သူတို့ကို များများနှိပ်စက်လေ ပိုပြီး သဘောထားကြီးပြလေပဲ။ သူတို့က တင်ဟန်နဲ့ ကေ

ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်မည့်သူများ၏ ရွှေရောင်မျှော်လင့်ချက်များ - နဒီရဲရင့်

လာမည့် မေလ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ PARADISO Cinemas ကုမ္ပဏီက ဒုတိယမြောက် ရုပ်ရှင်ရုံသစ်ဖွင့်ပွဲ ကျင်းပတော့မည်ဖြစ်သည်။

ဇာဂနာ မရယ်ရတော့ဘူး (၁၈) - ဇာဂနာ

ဇာဂနာ တစ်လလောက် ပျက်ကွက်သွားတာ အရင်ဆုံး တောင်းပန်ပါတယ်။ ဖြစ်ချင်တော့ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလိုပါပဲ။ ဒါရိုက်တာမီးပွားနဲ့ ပြဿနာဆိုတဲ့ ရုပ်ရှင်ရိုက်လိုက်တာခင်ဗျ။ တကယ့်ကို ပြဿနာ တက်တော့တာပါပဲ။ တစ်ရက်ပဲ ရိုက်လိုက်ရတယ်။ ဇာဂနာဆေးရုံပေါ် ရောက်သွားပါတော့တယ်။ ရိုက်ကွင်းပေါ်မှာ အန်လိုက်၊ မူးလိုက်နဲ့ ဖြစ်နေလို့ ဆေးခန်းသွား ပြရာကနေ ဆေးရုံပေါ် ရောက်သွားတာပါ။ ဆီးချိုတွေတက်လို့တဲ့။ ငါးရာကျော်တက်တာ ဆိုတော့လည်း စိုးရိမ်ရတာပေါ့လေ။ ဒီလိုနဲ့ ဆေးရုံပေါ်မှာတင် ဆယ်ရက်ကြာသွားတယ်ခင်ဗျ။

အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အပိုင်း (၁၁) -ဇော်သက်ထွေး

လောကကြီးမှာ ဘာကိုမှ အကြောက်အလန့်မရှိတဲ့ ဂန္တ၀င်လူမိုက်ကြီးတွေက အင်းစိန်ထောင်ထဲမှာ    အသားကုန် ဆိုးမိုက်ပြတဲ့အချိန်မှာ “မင်းတို့မိုက်တယ်ဆိုတာ ငါတို့အိပ်နေသလောက်ရှိတယ်” ဆိုပြီး သက်သေပြလိုက်တဲ့ သူတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။ နိုင်ကျဉ်းတွေက ၁၉၉၀ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အကျဉ်းထောင်အာဏာပိုင်တွေကို တောင်းဆိုချက် (၅) ချက် တောင်းဆိုလိုက်ပြီး တကယ်လို့ မလိုက်လျောဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက် (၅) ချက်ကတော့
(၁) ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရပါတီကို အမြန်ဆုံးအာဏာလွှဲပြောင်းရေး၊

ထွင်လုံး - မာဂျေ

သင်္ကြန်အပြီး ရုံးတွေပြန်အတက်မှာ သင်္ကြန်တွင်းမတွေ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြန်တွေ့ဖြစ်ကြတယ်။ ထုံးစံအတိုင်း မောင်ကြွက်နီတို့ မောင်နန်းမိုးတို့ ရွှေကြိမ်လုံးတို့တွေပေါ့။ သူတို့က မာဂျေ ဂျပန်မှာ လက်ဝှေ့ပွဲသွားသွင်းတာကို ဂျပန်မှာဘဏ်သွားဖွင့်တယ် ထင်နေကြသလား မသိဘူး။ လက်ဆောင် ဘာတွေများ ပါလာသလဲတဲ့။ “လက်ဆောင်တော့ ဘာမှမပါဘူး ကိုယ့်လူတို့။ ငါ့လက်ဝှေ့သမားတွေက ဟိုတယ်မှာ ပိုက်ဆံပေးမှကြည့်ရတဲ့ ရုပ်သံလိုင်းတွေကို မသိဘဲ ကြည့်ခဲ့ကြလို့ အိတ်ထဲက ပိုက်ဆံ အတော်ထွက်သွားတာ။ ပြန်ရောက်လာတောင် ကံကောင်းပြောလိုက်ရတယ်။ အဲဒီအပြင် ရှိသေးတယ်။ ကန်တော့ပွဲပေးမယ့် အုန်းသီးကို လမိုင်းပိုကပ်အောင် ဆိုပြီး ဒီကနေရွှေချသွားတာ လေဆိပ်အကောက

မန္တလေးစည်ပင်ကို မယှဉ်ပြိုင်နိုင်သော ရန်ကုန်စည်ပင်နှင့် ဖြေရှင်းမရသေးသော ပုစ္ဆာများ - လက်စောင်းထက်

ပြီးခဲ့သည့်  အတာသင်္ကြန်ကာလ၌ မန္တလေးသည် ကိုယ်ပိုင်ဟန်ပန်အပြည့်ရှိသော ရေသဘင်ပွဲတော်ကို ဖန်တီးနိုင်ခဲ့သည့်အတွက် မန္တလေးမြို့သူမြို့သားများအားလုံး ပျော်ရွှင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအရ အကြီးဆုံးမြို့တော်ဖြစ်သော ရန်ကုန်ကတော့ အငြင်းပွားဖွယ်ရာများနှင့်အတူ သင်္ကြန်ကာလကို ခြောက်တိခြောက်ကပ် ကျော်ဖြတ်ခဲ့သည်။ ယင်းအငြင်းပွားရမှုထဲတွင် သင်္ကြန်သံချပ်စာသားများအား ကြိုတင်၍ ဆင်ဆာတင်ရေး၊ မတင်ရေး၊ ယခင်နှစ်များက လူစည်ကားသည့် လမ်းမကြီးများတွင် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ပေးရေး၊ မပေးရေး၊ ခွင့်ပြုချက်မတင်သော သင်္ကြန်မဏ္ဍပ်များအား ဖွင့်လှစ်ခွင့်ပေးရေး၊ မပေးရေးတို့ ပါဝင်ခဲ့ကြသည်။ နှစ်စဉ် ဆောက်လုပ်ခဲ့သော မဏ္ဍပ်ကြီးတချ

သင်္ကြန်ပိတ်ရက်နှင့် အလုပ်သမား ပြဿနာ - သူရထိုက်

၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်က ဖြစ်တယ်။ သတင်းစာတွေမှာ ကြေညာချက်တစ်ခုကို ဖတ်ရှုခဲ့ရတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကြေညာချက်အမှတ် ၁/၂၀၀၇ ကို ထုတ်ပြန်ကြေညာခဲ့တယ်။ ထုတ်ပြန်ကြေညာတဲ့ ရက်စွဲက ၂၀၀၇ ခုနှစ်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ပါ။ နှစ်သစ်ကူးရုံးပိတ်ရက် သတ်မှတ်တဲ့ ကြေညာချက်ဖြစ်တယ်။ ကြေညာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။

လက်မည်းကြီးကို ဖော်ထုတ်ခြင်း - မာဂျေ

ဂျေ- မောင်ကြွက်နီရေ အခုတလော တစ်ခုခုဖြစ်တိုင်း နောက်ကွယ်က လက်မည်းကြီး ရှိတယ်ဆိုပြီး ပြောနေကြတော့ ငါ့မှာ နောက်ကျောမလုံဖြစ်နေသကွ။
ကြွက်- ခင်ဗျားလို အကြွေးပတ်လည်ဝိုင်းနေတဲ့သူက သိန်းတစ်ထောင်မပြောနဲ့ ဆယ်သိန်းတောင် ထုတ်မပေးနိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ နောက်ကွယ်က လက်မည်းကြီးက ကျွန်တော်ပါဆိုပြီး တရားရုံးသွားဝန်ခံတောင် မမှန်မကန် သက်သေထွက်ဆိုမှုနဲ့ ခင်ဗျားထောင်ကျမှာ။ ကိုယ့်ကိုယ်ကိုယ် ဒီလောက် အထင်ကြီးမနေနဲ့။

Pages