Articles and Satire

ပုဂံမှာ နာလန်ထူဖို့ ကြိုးပမ်းနေရသူများ - နော်ရာမောင်

ပုဂံဘုရားတွေ သွားဖူးမယ်လို့ဆိုလိုက်တာနဲ့ ပုဂံနှင့်အတူ တွဲမြင်တတ်တာ မြင်းလှည်းလေးနဲ့ နေရာအနှံ့ လည်ပတ်နေတဲ့ ပုံရိပ်တွေကသာ အများစု နေရာယူနေတတ်ပါတယ်။ အဲ့ဒီပုံရိပ်တွေက ဟိုးယခင်က ဖြစ်ပါတယ်။

အာဆီယံ ပဋိညာဉ်ကို သူတို့ ချိုးဖောက်ကြပြီလား- ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ မလေးရှားနိုင်ငံရဲ့ လက်ရှိ ၀န်ကြီးချုပ်တာဝန်ယူထားသူ နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး မြန်မာ့ပြည်တွင်းရေးပြဿနာဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့သည့် အရေးပြဿနာများနှင့် စပ်လျဉ်းပြီး လူထုဆန္ဒပြပွဲတစ်ခုကို မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့မှာ လူဦးရေ တစ်သောင်းကျော်ခန့်ပါဝင်ပြီး ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ သတင်း စာမျက်နှာများမှ တစ်ဆင့် သိခဲ့ရပါတယ်။

လက်သန်းများ မှင်စွန်းခဲ့ပြီးသည့်နောက် - ဇော်သက်ထွေး

၂၀၁၆ ခုနှစ်ဟာ မကြာခင် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းဖြစ်စဉ်ကို စောင်းငဲ့ကြည့်လိုက်တဲ့အခါမှာ ၂၀၁၆ ခုနှစ်အတွင်း မော်ကွန်းမှတ်တမ်းများစွာ ဖြစ်ခဲ့ပါတယ်။ အရေးကြီးတဲ့ အဖြစ်အပျက်တွေကို ကောက်နုတ်ပြရမယ်ဆိုရင် ၂၀၁၆ ခုနှစ်အတွင်း ပြည်သူလူထုရွေးချယ်တဲ့ အရပ်သား အစိုးရတက်လာတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတ ဖြစ်ခွင့်တားမြစ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂိ္ဂုလ်အဖြစ် တိုင်းပြည်ကို ဦးဆောင်ခွင့်ရသွားတာ၊ ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်မှာလုပ်ခဲ့တာ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ်ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးကို သွားရောက်လည်ပတ်ခဲ့ပြီး အရ

ဒုက္ခပေးခဲ့အရုပ် - မာဂျေ

အခုတလောမှာ အရုပ်တွေက သိပ်ပေါ်ပြူလာဖြစ်လွန်းသဗျာ။ အရုပ်ဆိုရာမှာ နေပြည်တော်က အ၀ယ်အများဆုံးဆိုတဲ့ လိင်ဆက်ဆံမှု အာသာဖြေအရုပ်ရယ်။ နှစ်နိုင်ငံချစ်ကြည်ရေးဆိုပြီး ဘယ်က သယ်လာမှန်း မသိတဲ့ အရုပ်ကြီးနှစ်ရုပ်ရယ်ကို ပြောတာပါ။

ပြည်တွင်းငြိမ်းချမ်းရေးက အမှန်တရားပေါ် မူတည်သလား၊ အကျိုးစီးပွားပေါ် မူတည်သလား - လက်စောင်းထက်

နိုင်ငံတော်အစိုးရသစ်က ယခုနှစ်အတွင်း ၂၁ ရာစုပင်လုံညီလာခံ ကျင်းပပြီးသည့် နောက်လ အနည်းငယ် အကြာတွင် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် အရှုပ်ထွေးဆုံး ပြည်နယ်ဖြစ်သော ရှမ်းပြည်နယ်တွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ဆိုသူများနှင့် တပ်မတော်သည် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA၊ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် MNDAA၊ ပလောင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် TNLA၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA တို့ ပါဝင်ကြောင်းသိရသည်။ အံ့သြစရာကောင်းသည်မှာ ထိုအဖွဲ့တွင်ပါဝင်သော တိုင်းရင်းသား

ပညာရှင်တွေ ပညာပြတာ၊ ပညာပြိုင်တာတွေ ရပ် - အောင်မြင်သူ

ကျွန်ခေတ်
ရေးခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အဖိုးအဖွားတို့ ပြောခဲ့ဖူးတဲ့ “ခေတ်ကောင်းတုန်းက၊ ညဘက် အိုက်လို့ အိမ်တံခါးဖွင့် အိပ်ရင်တောင် ခိုးမယ့်သူမရှိဘူး” ဆိုတဲ့ စာကြောင်းလေးရေးခဲ့ပါတယ်။ စာဖတ်တဲ့ လူငယ်တွေက မသိလို့ မေးကြတယ်။ အင်္ဂလိပ်အုပ်စိုးထားတဲ့(ကျွန်ခေတ်)ကို ပြောတာဆိုပြီး ရှင်းပြရတယ်။ ကျွန်ခေတ်ကို ခေတ်ကောင်းတုန်းကလို့ ပြောတဲ့ အဖိုး၊ အဖွားတွေဟာ ကျွန်စိတ်ရှိလို့ ကျွန်ဘ၀ကို ပြန်ပြီးတမ်းတတယ်လို့ လူငယ်တွေ ထင်ကောင်းထင်ကြပါလိမ့်မယ်။
တရားခံဘယ်သူလဲဟေ့

အမေ “ဟီ”အစ၊ ဘင်္ဂါလီ အလယ်၊ ၆၆ အဆုံး - မာဂျေ

ဒီတစ်လော လူတွေစိတ်ဝင်စားတဲ့ သတင်းတွေက ပေါများလွန်းတယ်။ ပထမဆုံးကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲပေါ့။ မြန်မာတွေ အမေဟီလို့ခေါ်တဲ့ ဟီလာရီကလင်တန် ရှုံးတော့ အိပ်မပျော် စားမ၀င်တဲ့ မြန်မာတွေနဲ့၊ အမေရိကန်ပြည်သူတွေက ဘယ်သို့ဘယ်ညာဆိုပြီး ဝေဖန်ထောက်ပြတဲ့ မြန်မာပညာကျော်တွေရဲ့ စာတွေကို ဖတ်လိုက်ရပါ့ဗျာ။ တကယ်တော့ အမေရိကန် မဘသ ဒေါ်နယ်ထရမ့်ကြီးက လူပါးကြီးဗျ။ ဘယ်ပါတီကိုမှ စိတ်မ၀င်စားဘဲ သူ့ဟာသူ ပေးချင်တဲ့သူကို ပေးမယ်ဆိုတဲ့ နှုတ်ဆိတ်နေတဲ့ တတိယအုပ်စုကို အမေရိကန်တွေ ဆင်းရဲနေပြီဆိုတဲ့ အမျိုးသားရေးနဲ့ လှည့်တိုက်ပြီး စည်းရုံးလိုက်တာပဲ။ ရွေးကောက်ပွဲပြီးတော့ တစ်ဖက်နဲ့တစ်ဖက် အပုပ်တွေ ချကြပေါ့။ နောက်ဆုံးမတော့ ဆိုရှယ်မီဒီယာကြီ

ပြောင်းလဲချိန်တန်ပြီ ဆိုသော်ငြားလည်း - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

“အစိုးရသစ်သာ တက်လာတယ် ဘာမှ ထိထိရောက်ရောက် မပြောင်းလဲသွားပါဘူး” ဆိုတဲ့ စကားရပ်ကို ယနေ့ကာလမှာ ဘေးထိုင်ဘုပြော နိုင်ငံရေးသမားလိုလို၊ ဝေဖန်ရေးသမားလိုလို၊ မီဒီယာသမားလိုလို ပုဂိ္ဂုလ်တွေက လူမှုကွန်ရက်ပေါ်တွေမှာ သတင်းစာမျက်နှာပေါ်တွေမှာ ရေးသားပြောဆိုနေတာကို တွေ့မြင်နေရပါတယ်။

အသံဗုံးပြီးရင် လူသတ်ဗုံးလာတတ်တယ်၊ ပြည်သူအားလုံးသတိရှိပါ - လက်စောင်းထက်

ပြီးခဲ့သည့် နှစ်ပတ်ကျော်မှစပြီး ရန်ကုန်မြို့တွင် အချိုရည်ပုလင်းကို ပြုပြင်ထားသော လက်လုပ်ဓာတုဗုံးများ နေရာအနှံ့ ပေါက်ကွဲခဲ့သည်။ နိုဝင်ဘာလ ၁၇ရက် အိုးရှင်းဈေးဝယ်စင်တာ၊ နိုဝင်ဘာလ ၂၀ရက် ကက်ပီတယ်ဈေးဝယ်စင်တာ၊ အမျိုးသားနေ့ဖြစ်သော နိုဝင်ဘာ ၂၄ရက်က ဒဂုံမြို့သစ်တောင်ပိုင်း လ၀ကရုံးတို့တွင် ပေါက်ကွဲခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ ညတွင်မူ ရန်ကုန်တိုင်း အစိုးရရုံးစိုက်ရာ လွှတ်တော်ဝင်း အတွင်းရှိ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးအခန်းအပြင် စင်္ကြံလမ်းတွင် ထပ်မံပေါက်ကွဲခဲ့ပြန်သည်။ နောက်ဆုံး ပေါက်ကွဲမှုမှာ အစိုးရအဖွဲ့ကိုရော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ နားရွက်တံတွေးဆွတ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဇာဂနာ မရယ်ရတော့ဘူး (၈) - ဇာဂနာ

တကယ်မရယ်ရတော့ပါဘူး။ တကယ့်ကို မရယ်ရတော့ပါဘူး။ ငါက ဗိုလ်အောင်ဒင်ဆိုပြီး ထပဲ ကရမလား။ အလှူခံပါဗျို့ ဆိုပြီးတော့ပဲ ထအော်ရမလား မသိတော့ပါဘူး။ အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်အောင်ပါပဲလေ။ ထောင်က ထွက်ပြီးကတည်းက ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ခဲ့ရပါဘူး။ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲ ပါလိုက်၊ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲ ပါလိုက်နဲ့ ပိုက်ဆံမရတဲ့အလုပ်တွေချည်း ဆက်တိုက်လုပ်ခဲ့ရပါတယ်။ ရုပ်ရှင်လေးဘာလေး တစ်ကားတလေ ရိုက်ချင်လို့ ဆိုပြန်တော့လည်း ရုံတင်ရက် သုံးနှစ် လောက်စောင့်ရမယ် ဆိုပြန်တော့ ဘယ်ကိုက်ပါတော့မလဲလေ။ ဒီကြားထဲမှာမှ ဆရာဖေမြင့်က ရုပ်ရှင်ဆင်ဆာ အဖွဲ့ထဲပါပေးပါဦးလို့ ဆိုပြန်လာတော့ သူ့ကြောက်

Pages