Articles and Satire

နိုင်ငံရေးအပြောင်းအလဲ လမ်းစပေါ်က ယူကရိန်း - အောင်ခန့်

နိုင်ငံရေးအပြောင်းအလဲလမ်းစပေါ်က ယူကရိန်း

အာဏာသိမ်းမှုတစ်ခုကြောင့် ယူကရိန်းနိုင်ငံသမ္မတ ယာနူကိုဗစ်ခ်ျ ရာထူးမှ ဖယ်ချခံ ရသောဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်ခါစ ယူကရိန်း ၀န်ကြီးချုပ်ဟောင်း ယူလီရာတိုင်မိုရှန်ကိုသည် စစ်မြေပြင်တစ်ခု သဖွယ်ဖြစ်နေသော ကိဗ်မြို့တော်သို့ သွားရောက်လည် ပတ်ခဲ့သည်။

တိုင်မိုရှန်ကိုလွတ်မြောက်ခြင်း သည် ယူကရိန်းနိုင်ငံရေးအတွက်စိတ်လှုပ်ရှားစရာကောင်း၍လျင်မြန်သောနိုင်ငံရေးတိုးတက်မှုများဖြစ်ပေါ်သောနေ့၏ နောက်ဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။ ယင်းနေ့တွင် ယူကရိန်းလွှတ်တော်ကသမ္မတဗစ်တာယာနူကိုဗစ်ခ်ျ ရုံးမှဖယ်ရှားပြီး ရွေးကောက်ပွဲအသစ်ကျင်းပပေးရန်ထောက်ခံမဲပေးပြီး အတည်ပြုခဲ့သည်။

အရေပြားသုတေသန - ဇာဂနာ

အရေပြားသုတေသန - ဇာဂနာ

(၁)

တစ်နေ့က နိုင်ငံခြား ခရီးသည်တင် ဘတ်စ်ကား တစ်စင်း ဒေါ်အောင်ဆန်းစု ကြည် အိမ်ရှေ့မှာရပ်ထား သည်။ဧည့်လမ်းညွှန်က ဦး ဆောင်ပြီး နိုင်ငံခြားခရီးသည် များကို ဓာတ်ပံရိုက်စေသည်။ ခြံဝင်းတံခါးကို ကျောခိုင်းပြီး  ဓာတ်ပုံရိုက်နေကြတော့သည်။တက္ကသိုလ်ရိပ်သာ လမ်းမ ပေါ်မှာ တဖျပ်ဖျပ်။လွန်ခဲ့ သော ၅ နှစ်ခန့်က ထိုနေရာ ကို လမ်းဖြတ်လျောက်ဖို့ တောင်မဖြစ်နိုင်။ခုဘယ်သူ လာလာဖြစ်နေသောအချိန်မှာ ဒီဓာတ်ပုံတွေက မြန်မာပြည် ကြီး အပြောင်းအလဲဖြစ်နေပြီ ဟု ဆိုကြတော့လေမလား။

Pages