Articles

မြန်မာ့ရုပ်ရှင် နေမြင်ပြီလား၊ ၀င်ပြီလား အပိုင်း (၄) - ဇာဂနာ

အထက်မှာ တင်ပြခဲ့သလိုပါပဲ ရုပ်ရှင်တစ်ကား ရိုက်တော့မယ်ဆိုရင် ဘယ်သူမဆို ဇာတ်လမ်း အကျဉ်း (Synopsis)နဲ့ ဇာတ်လမ်းအခန်းစဉ်(Scence Serial) ဆိုတာကို တင်ပြရပါမယ်။ အဲဒီနှစ်ခုကိုဖတ်ပြီး ဇာတ်လမ်းစိစစ်ရေးအဖွဲ့က ခွင့်ပြုပြီဆိုရင်တော့ ရုပ်ရှင်ရိုက်ကူးလို့ရပါပြီ။

KNU နဲ့ ဆက်နွှယ်ခဲ့သော နှစ်နှစ် နှစ်လ နှစ်ရက် နှစ်နာရီ - အနီမှိုင်းကေတု

ကျွန်တော့်ညီရဲ့ သစ်ကွင်းက နွေရာသီဆို လမ်းဖောက်ပြီး တံတားဆောက်ပြီးတဲ့အတွက် သစ်ထုတ်တယ်။ သစ်ကတော့ ကွင်းပြောင်ရှင်းဖြစ်တဲ့အတွက် ကျွန်းဆိုရင် အစိုးရသွင်းပြီး ကျန်တဲ့ သစ်တွေကို အခွန် ၄၀ ရာခိုင်နှုန်း သွင်းပြီး ကျန်တာရောင်းချခွင့်ပြုတယ်။

ဆရာမနဲ့ကျောင်းသား အသက်ဆုံးရှုံးခဲ့ရသည့် အမှုနှင့် တုန့်ဆိုင်းနေဆဲ တရားစီရင်ရေး - အောင်သက်ရှည်

ပြည်နည်းပညာ တက္ကသိုလ်မှာ မေတင်ထွဋ်လို့ခေါ်တဲ့ ဆရာမလေးတစ်ယောက် ရှိခဲ့ပါတယ်။ အသက်အရွယ်အားဖြင့် သက်လတ်ပိုင်း၊ လုပ်နိုင်ကိုင်နိုင်၊ တက်ကြွလန်းဆန်းဆဲ၊ ဒီနေရာတစ်နေရာ ရလာဖို့ အတော်ရုန်းကန်ခဲ့ရတာ၊ မိဘရဲ့ ဓနစီးပွားကြောင့် မဟုတ်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားမှု ဆိုင်ရာမှာ ဒသမတန်းအမှတ် အနည်းငယ် လိုနေတာကြောင့် ကိုယ်ဖြစ်ချင်သော၊ စိတ်ပါဝင်စားသော အင်ဂျင်နီယာ ဖြစ်ခွင့်နှင့်လွဲရတာ အတော်စိတ်ထဲမှာ မကျေမချမ်းနဲ့ နေလို့မရ၊ ဒါနဲ့ အင်္ဂလိပ်စာ အဓိကယူပြီး အင်ကြင်းဆောင်မှာ နေကာ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာ သိပ္ပံမှာပညာရေးခရီးဆက်ခဲ့တယ်။

ကွီးဖြိုးရဲ့ ရိုက်ချက်အသစ် (သို့) စီးတီးတက္ကစီ - ဦးမျိုးကြီး

ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးတဲ့နောက် လုပ်ခဲ့ကိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကွီးဖြိုးရဲ့ အရှိန်ပြင်းတဲ့ ရိုက်ချက်များဆိုပြီး ဦးမျိုးကြီး စာတစ်တန် ပေတစ်ဖွဲ့ လုပ်ခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီအချိန်တုန်းကတည်းက ဦးမျိုးကြီး စာဖတ်ပရိသတ်ကို အသိပေးခဲ့တာ တစ်ခုရှိပါတယ်။ တခြား မဟုတ်ပါဘူး။ ကွီးဖြိုးလုပ်နေကိုင် နေတာတွေဟာ စိတ်ကူးထဲရှိရာတွေကို လုပ်နေတာလို့ ဦးမျိုးကြီးကတော့ မသတ်မှတ်ဘူး။ စီစဉ်တကျ အကွက်ကျကျ စီမံချက်ချပြီး လုပ်ကိုင်နေတာဖြစ်တယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ နောက်မှာ သူ့ဘ၀ရှိနေတယ်။ သူ့လုပ်ဆောင်ချက် အောင်မြင်ရင် အောင်မြင်၊ မအောင်မြင်ရင်တော့ သူ့ရဲ့ နိုင်ငံရေးဘ၀က လုံ

မာကျောသော နှင်းဆီ၏ နူးညံ့သော ဓားသွားများ - ဇော်သက်ထွေး

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးအခင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံရဲ့ မာနနဲ့ ဂုဏ်သိက္ခာကို အကြီးမားဆုံး တိုက်ခိုက် နင်းခြေနေတာကတော့ ဥရောပက အင်္ဂလိပ်နဲ့ ပြင်သစ်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ ဂုဏ်ဆောင်ပြယုဂ်တစ်ခုအဖြစ် ကမ္ဘာက စံနမူနာ ပြုခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဲသဲမဲမဲ တိုက်ခိုက်နေတာကလည်း ဒီနှစ်နိုင်ငံပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြား ကြီးပြင်းခဲ့တဲ့ ဗြိတိန်နိုင်ငံနဲ့ အောက်စဖို့ဒ် တက္ကသိုလ်က ဓာတ်ပုံတွေ ဖြုတ်လိုဖြုတ်၊ ဂုဏ် ထူးဆောင်ဘွဲ့တွေရုပ်သိမ်းဖို့ စည်းရုံးလို စည်းရုံးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ကြပါတယ်။ အသက် ၄၀ ကျော်အရွယ်ကစြ

ရန်ကုန်မြို့လယ်ခေါင်သာမက သမ္မတအိမ်တော်အထိ ဆန္ဒပြခွင့်ပေးပါ - လက်စောင်းထက်

“သွေးမြေမကျသော မြန်မာ့ နွေဦးတော်လှန်ရေး” ဟူ၍ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ တရွေ့ရွေ့ ပြောင်းလဲနေသော မြန်မာနိုင်ငံကို ကမ္ဘာက အလွန်အကျူး ချီးကျူးတင်စားခဲ့ဖူးသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမှ ပြည်သူများကိုယ်တိုင် ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက တိုင်းပြည်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များတွင် ပါဝင်ဆောင်ရွက်နေပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲတွင် အပြတ်အသတ် အနိုင်ရရှိ ပြီးသည့်နောက် ပြည်ထောင် စုလွှတ်တော်၊ ပြည်ထောင်စုအ စိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့များကို စိတ်တိုင်းကျ ဖွဲ့ စည်းဆောင်ရွက်

မြန်မာ့ရုပ်ရှင် နေမြင်ပြီလား၊ ၀င်ပြီလား အပိုင်း (၃) - ဇာဂနာ

လက်ရှိ ရုပ်ရှင်ရိုက်ကူးနေတဲ့ စည်းမျဉ်းစည်းကမ်းကို အရင်ပြောခွင့်ပြုပါ။ ကြိုက်ကြိုက် မကြိုက်ကြိုက် တည်ဆဲဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းကိုတော့ ဘယ်သူမဆို လိုက်နာရမှာပါပဲ။ စည်းမျဉ်းဥပဒေသစ် မထွက်မချင်း စည်းမျဉ်းဥပဒေအဟောင်းကို လိုက်နာရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပါ။ ဘယ်သူမှ အထူး အခွင့်အရေး မရနိုင်ဘူးဆိုတာ သတိပြုစေချင်ပါတယ်။

ဒီတော့ ရုပ်ရှင်တစ်ကား ရိုက်တော့မယ်ဆိုရင် (၁) ဇာတ်လမ်းစိစစ်ရေးအဖွဲ့ကို ဇာတ်လမ်းတင်ပြရပါတယ်။ (၂) ဇာတ်လမ်း ခွင့်ပြုချက်ရပြီးရင် ရုပ်ရှင်အစည်းအရုံးမှာ ဇာတ်ကားရိုက်ကူးခွင့် တောင်းခံရပါတယ်။

ကျုံပျော်မြို့ရှိ ဘာသာရေးအဖွဲ့ နောက်ကွယ်က ပဟေဠိဆန်သော ဖြစ်ရပ်များ - ကိုလူသစ်

မြန်မာနိုင်ငံသည် ဘာသာရေးအရ လွတ်လပ်စွာကိုးကိုယ်ခွင့်ပြုထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရက ဘာသာရေးအသင်းအဖွဲ့များနှင့် ပတ်သက်၍ သင်းပင်းဆိုင်ရာဖွဲ့စည်းခွင့် မှတ်ပုံမတင်ဘဲ အသင်းအဖွဲ့များအား လွတ်လပ်စွာဖွဲ့စည်းခွင့် ပေးထားကြောင်းသိရသည်။ သို့သော် အချို့သော ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် အသင်းအဖွဲ့များကမူ အဆိုပါအကြောင်းခြင်းရာများအား အခွင့်ကောင်းယူကာ ကိုးကွယ်ယုံကြည်ရာဘာသာများအား အခြေခံသည့် စည်းရုံးလုပ်ဆောင်မှုများ ရှိလာကြသည်။

KNU နဲ့ ဆက်နွှယ်ခဲ့သော နှစ်နှစ် နှစ်လ နှစ်ရက် နှစ်နာရီ - အနီမှိုင်းကေတု

ရေနီကိုပြန်ရောက်တဲ့အခါ သစ်စက်ထဲသွားပြီး ကျွန်တော့်ညီကို သစ်စာရင်းတွေ၊ လမ်းဖောက်ပြီးတဲ့ အခြေအနေတွေကို သွားပြောပြီး အပ်ရတယ်။ နောက် ကျွန်တော်တို့တပ်မဟာ ၂ခွဲ-၃ အတွက်ဓာတ်ခဲ၊ ခြင်လူးဆေး၊ စားစရာတွေဝယ်ရတယ်။ ၀ယ်တဲ့အချိန်မှာ ကျွန်တော့်သားကိုတော့ အမြဲချီထားရတယ်။ တနေကုန် ဘယ်သွားသွားလိုက်တယ်။ ကျွန်တော် ပျောက်မှာကြောက်လို့တဲ့။ အဲ့တနေ့ကတော့ ရေချိုးပေးရ တယ်။ ထမင်းခွံ့ကျွေးရတယ်။ လက်ဘက်ရည်ဆိုင်ထိုင်လည်း လိုက်တယ်။ ကျွန်တော် လက်ဘက်ရည်သောက်ရင် သားကလည်းသောက်တယ်။ အဲ့နေ့ကတော့ သားနားမှာ အမြဲနေရတယ်။ သူများအိမ်မှာ ငှားနေရတော့ ကျွန်တော်တို့ ဆိုင်ကယ်ကားတောင် မစီးနိုင်တဲ့အချိန်ပေမဲ့ ကျွန်တော်ရဲ့ သားမျက်နှာ မငယ်ရအောင် ကျ

အမြစ်တွယ်လာသော ညာဉ်ဆိုးတွေအတွက် လိုအပ်နေသော ၀န်းကျင်ကောင်း - နော်ရာမောင်

လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်တုန်းက ကိုရီးယားနိုင်ငံမှာလုပ်တဲ့ 2013 Kwanhun-KPF Press Fellowship အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက သတင်းသမားတစ်ယောက်စီကို ရွေးချယ်ပြီးဖိတ်ရာမှာ မြန်မာနိုင်ငံအနေနဲ့ သွားရောက်ခွင့်ရသူက ကံကောင်းစွာနဲ့ ကိုယ်ဖြစ်ခဲ့တယ်။

Pages