Articles

မြန်မာ့ရုပ်ရှင် နေမြင်ပြီလား၊ ၀င်ပြီလား

မြန်မာ့ရုပ်ရှင်လောကသားများ တက်ရောက်ဆွေးနွေးကြရမယ့် သင်းလုံးကျွတ်ညီလာခံကြီးကို ဒီဇင်ဘာ ၁၂ ရက်နေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပပါတော့မယ်။ တစ်ဆက်တည်း မြန်မာ့ရုပ်ရှင် ဆင်ဆာမူဝါဒတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော်တို့က ဦးဆောင်ပြီး ကျင်းပသွားကြဦးမှာပါ။ ပြည်ထောင်စုဝန်ကြီး အနေနဲ့လည်း တောင်ကိုရီးယား၊ အိန်္ဒိယ၊ တရုတ်နဲ့ ဖိလစ်ပိုင် ပညာရှင်တွေကိုပါ ဖိတ်ခေါ်ပြီး   မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်လုပ်ကိုင်ပေးနေပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်သဘောတူညီချက် ၁ဝ ချက် တကယ် အလုပ်ဖြစ်ရဲ့လား

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် ဘင်္ဂါလီ ဒုက္ခသည် အမြောက်အမြား ဘင်္ဂလား ဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသည်။ ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ဒုက္ခသည်များမှာ ခြောက်သိန်းရှိသွားပြီဆိုသော်လည်း မြန်မာအာဏာပိုင်များက မြန်မာဘက်မှ ထွက်ပြေးသွားသည့် ဘင်္ဂါလီအရေအတွက်မှာ ထိုအရေအတွက်မရှိဟု ငြင်းဆိုထားသည်။ ပကတိသတင်း အချက် အလက်များအရ ထွက်ပြေးသွားသော ဘင်္ဂါလီများမှာ လုံခြုံရေးတပ်ဖွဲ့များ၏ နှိပ်စက်ညှဉ်းပန်းမှုများ ကြောင့်မဟုတ်ဘဲ တစ်ဖက်နိုင်ငံတွင်ရှိသော ဆွေမျိုးများ၏ အတင်းခေါ်ယူမှုကြောင့် ရောက်ရှိသွားခြင်း ဖြစ်သည်။ ဒုက္ခသည်စခန်းတွင် ထောက်ပံ့မှုအမြောက်အမြားရောက်ရှိလာမည်ဖြစ်သလို ပိ

ကျူရှင်ကို ဆေးစွဲသလို စွဲနေကြပြီလား

တစ်လောလေးဆီက ပညာရးနဲ့ပတ်သက်ပြီး ဒေါက်တာ ဘွဲ့ရထားတဲ့ တူအရွယ် လူငယ်လေးတစ်ယောက်နဲ့ အမှတ်မထင်စကားပြောဖြစ်ခဲ့ပါတယ်။ အမှတ်မထင်ဆိုတာက ဒီလိုပါ။ အဲဒီဒေါက်တာလေးက စာရေးသူနဲ့ တိုက်ရိုက်သိတာမဟုတ်ဘဲ ကြားထဲကတစ်ဆင့်ခံ လူတစ်ယောက်ရဲ့ အမှတ်မထင် မိတ်ဆက်ပေးရာက တစ်ဆင့် စကားတွေပြောဖြစ်ခဲ့တာ ကြောင့်ပဲ ဖြစ်ပါတယ်။ စကား ပြောဖြစ်တဲ့နေရာက လက်ဖက်ရည်ဆိုင်မှာမို့ လူစုံ စကားစုံခဲ့ကြပြီး Ph.D ဒေါက်တာလေးကလည်း သူ့ရင်ထဲမှာရှိနေတဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပဲပြော ခဲ့ပါတယ်။ ဒေါက်တာလေးရဲ့ အသက်က အခုမှ ၃၃ နှစ်ပဲရှိသေးတာမို့ နောက်ထပ် နိုင်ငံတော်အတွက် အလုပ်တွေအများကြီး လုပ်နိုင်ဦးမှာဖြစ်ပြီး ဒီလိုလူငယ်လေးတွေ စာရေးသူတို့နိုင

မပြေးသော်လည်း ကန်ရာရှိနေသည့် အားကစားဝန်ကြီးဟောင်းသား၏ လက်နက်နှင့် မူးယစ်ဆေးဝါး ဖမ်းမိမှု - လက်စောင်းထက်

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ဖမ်းမိတိုင်း မည်သည့်အခါမှ လက်သည်ပေါ်လေ့မရှိဘဲ အောက်ခြေယာဉ်မောင်း၊ ဖြန့်ချိဝန်ထမ်းများကသာ တရားခံအဖြစ် သတ်မှတ်ခံရင်း အမှုပြီးသွားလေ့ ရှိသည်။ ထိုဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို ကြည့်လျှင်လည်း အမေရိကန်ဒေါ်လာ သန်းချီတန်သည့် ပမာဏများပြားသည့် ဆေးပြားများဖြစ်နေသည်။ ထို့ကြောင့် ရှင်ဘုရင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသည့်စကားအတိုင်း ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံမှ သူဌေးကြီးများ၊ သူတို့၏ သားသမီးများကိုယ်တိုင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးနေသည်ကို ယုံကြည်နေကြသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပေါ်ပေါက်အောင် ဖမ်းဆီးနိုင်ခြင်းမရှိပေ။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ

ပျောက်ဆုံးနေသော ပြည်တွင်း ငြိမ်းချမ်းရေး မျှော်လင့်ချက်များ - လက်စောင်းထက်

လွန်ခဲ့သော ခြောက်နှစ်ကျော်က နိုင်ငံတော်သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေး တည်ဆောက်ရန် ဖိတ်ခေါ်ခဲ့ရာ ၂၀၁၅ ခု သြဂုတ်လ ၇ ရက်နေ့တွင် Nationwide Ceasefire Agreement (NCA) စာချုပ်ကို အတည်ပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center) ဥက္ကဋ္ဌ ဦးအောင်မင်းက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (MPC) ကို တစ်ခန်းချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ ပုဒ်မတစ်ခုချင်း၊ စာလုံး အသုံးအနှုန်း တစ်ခုချင်းများကို နှစ်နှစ်နီးနီးခန့် အကျေအလည် ဆွေးနွေးပြီးမှ ချုပ

အထွေထွေဖိအားများအောက်က နိုင်ငံတော် အတိုင်ပင်ခံနှင့်အတူ ရပ်တည်ကြ - ဇော်သက်ထွေး

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များသည် ဘာသာရေးအရမဟုတ်ဘဲ အစွန်းရောက် အကြမ်းဖက်မှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၂၅ ရက်နေ့မှ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်သည် နယ်စပ်လုံခြုံရေးကင်းစခန်းများကို အစွန်းရောက် ဘင်္ဂါလီများက ၀င်ရောက် တိုက်ခိုက်သောကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးအတွက် တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်သည်။

မန္တလေးရဲ့ မြို့မဂယက် - ဆွေနိုင်စစ်

နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ ကာလအတွင်းမှာပဲ မန္တလေးမြို့မှာ မြွေပူရာ ကင်းမှောင့်ဆိုသလို စိတ်ထိခိုက်ဖွယ် အကြောင်းအရာတစ်ခု ဖြစ်ပေါ်ခဲ့ရပါတယ်။
 
နှစ်ပေါင်း ၉၀ ကျော် မန္တလေးဂုဏ်ဆောင် မြို့မတူရိယာ အသင်းကြီးမှာ တွဲရေးခွဲရေး ပြဿနာကစပြီး မြို့မတူရိယာ အသင်းကြီးမှာ အလင်္ကာကျော်စွာမြို့မငြိမ်းရဲ့ တေးသီချင်းတွေကို မတီးမှုတ် မသီဆိုရဘူးဆိုတဲ့ ပြဿနာကြောင့်ပါပဲ။
သြဂုတ် ၂၅ ရက်နေ့က အသင်းရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဒေါက်တာလှခိုင်နဲ့ ဒုဥက္ကဋ္ဌ ဦးကျော်ဝင်း (လှဂုဏ်ရည်) တို့ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတော် ဖိအားများကို တွန်းလှန်ရန် သံတမန်နည်းလမ်းများကို အသုံးပြုပါ - လက်စောင်းထက်

မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များက ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား တုံ့ပြန်တိုက်ခိုက်ခဲ့မှုကို နိုင်ငံတကာရှိ မီဒီယာများနှင့် မွတ်စလင်ဘာသာ ကိုးကွယ်သော တိုင်းပြည်များက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ချဲ့ကားသတင်းလွှင့်ခဲ့ကြသည်။ ထိုသတင်းများကို မြန်မာနိုင်ငံရှိ အကြီးမားဆုံးသော Institution များဖြစ်သည့် အစိုးရ၊ တပ်မတော်နှင့် နိုင်ငံပိုင်မီဒီယာများက တုံ့ပြန်ရန် အလွန်နှေးကွေးခဲ့ကြသည်။ နိုင်ငံတကာတွင် တစ်ဖက်သတ် ၀ါဒဖြန့်ချိခြင်းခံရပြီးသည့်နောက် သီတင်းနှစ်ပတ်ကြာအတွင်း မြန်မာနိုင်ငံသည် လူနည်းစု ဘင်္ဂါလီများကို ဥပဒေမဲ့ နှိပ်ကွပ်နေသော တိုင်းပြည်တစ်ပြည်အဖြစ် ဖန်တီးခံရလိုက်ရသည်။ စက်တင်ဘ

တာရာနှင့် ရန်ကင်းတိုက်လေးလုံး - ဦးမျိုးကြီး

ဆရာနတ်နွယ်ရဲ့ တောအကြောင်းတောင်အကြောင်း နတ်ဖမ်းစားတာကြောင့် ရန်ကင်းတိုက်လေးလုံးနဲ့ ဦးခိုင်ထူးအကြောင်း တူမောရိုးဂျာနယ်မှာ သုံးပတ်ဆက်ရေးဖြစ်ခဲ့ပါတယ်။

မုန်တိုင်းထန်နေသော ရခိုင်အတွက် အဖြေ (၄) ခု - လက်စောင်းထက်

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများမှာ  ဇာတိမြေမှ  အသက်အန္တရာယ်ကြောင့် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြသလို အကြမ်းဖက်သမားများက ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ စာသင်ဆောင်များနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ အစွန်းရောက် ဘင်္ဂါလီအဖွဲ့များက ဟိန္ဒူတိုင်းရင်းသားများနှင့် ကသည်းလူမျိုးများပါမကျန် သတ်ဖြတ်ခဲ့သလို လမ်းတံတားများကိုလည်း မိုင်းခွဲဖျက်ဆီးတိုက်ခိုက်ခဲ့သည်။ အလစ်အငိုက် ကြံစည်လုပ်ကိုင်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးနိုင်ခဲ့ပေ။ ယခုအခါ နေရပ်စွန့်ခွာလာသော တိုင်းရင်းသားများအနြေ

Pages