Articles

ခေါင်းဆောင်လုပ်နေတာကြည့်ပြီး ရှက်တတ်ကြပါ - အောင်မြင်သူ

၁၉၈၉ ခုနှစ်က စစ်ဆင်ရေးဝင်ရောက်ခဲ့တဲ့ ကော့ကရိတ်မြို့နယ်က ရွာလေးကို ကျွန်တော်သွားခဲ့ပါတယ်။ သမီးဖြစ်သူ နော်ချယ်ရီပန်း အိမ်ကို ရောက်တယ်။ (သမီးဆိုတာ ကျွန်တော့်တပ်က ရဲဘော်နဲ့ အိမ်ထောင်ကျလို့ ဖြစ်ပါတယ်)။ ကျွန်တော်တို့ စကားပြောနေတုန်း ကလေးမတစ်ယောက် လင်ပန်းထဲမှာ ပြောင်းဖူးလေးတွေနဲ့ ရောက်လာတယ်။ နော်ချယ်ရီပန်းက “ဒါကျွန်မသမီးလေး။ သူ့အစ်ကိုကတော့ သူငယ်ချင်းတွေနဲ့အတူ ထိုင်းမှာ သွားပြီး အလုပ်လုပ်နေတယ်။ ရွာက ကလေးမလေးတွေလည်း ထိုင်းမှာပဲ အလုပ်သွားလုပ်တယ်။ သမီးက သွားချင်ပေမယ့် ကျွန်မက ကျန်းမာရေး သိပ်မကောင်းဘူး။ သမီးပဲ လယ်စိုက်၊ စပါးရိတ်၊ ခြံထဲက အသီးအနှံလေးတွေ ရွာထဲလှည့်ရောင်းရတယ်” လို့ ပြောပါတယ်။ ရောင်းလို့ကော

ဒေါ်လာဈေး အတက်၊ ငြိမ်းချမ်းရေး အကျ၊ နိုင်ငံရေးအလှုပ် - ဇော်သက်ထွေး

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၄၄၀ ဖြင့် အမြင့်ဆုံးစံချိန်တင် မြင့်တက်ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရခေတ်၌ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ၁၃၇၀ အထိ မြင့်တက်ခဲ့ဖူးသည်။

ဒေါ်လာငွေ ကစားနေတဲ့ ခရိုနီဘဏ်တွေကို အရေးမယူတော့ဘူးလား - လက်စောင်းထက်

ဒီဇင်ဘာလ ၁၆ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၄၄၀ ကျပ်ဖြင့် ဒေါ်လာဈေးစံချိန်တင်မြင့် တက်သွားသလို မြန်မာကျပ်ငွေ၏ တန်ဖိုးမှာလည်း စံချိန်တင်ကျဆင်းခဲ့သည်။ ဒေါ်လာဈေးသည် နိုင်ငံတကာဈေးကွက်၌ပါ တက်ရိပ်ပြနေချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုက ငွေတန်ဖိုးကို ဒလဟော ကျဆင်းစေခဲ့ပါသည်။ မြန်မာငွေတန်ဖိုး ကျဆင်းခြင်းနှင့်ပတ်သက်၍ ပညာရှင်များက အချက်ရှစ်ချက်ကို ထောက်ပြခဲ့သည်။ ယင်းတို့မှာ (၁) နိုင်ငံတော်ဘတ်ဂျက် လိုငွေပြခြင်း၊ (၂) ကုန်သွယ်မှုတွင် အကြီးအကျယ်လိုငွေပြခြင်း၊ (၃) ကားတင်သွင်းခွင့် မူဝါဒသစ်ကြောင့် လုပ်ငန်းရှင်များ ဒေါ်လာစုဆောင်းနေခြင်း၊ (၄) အမေရိကန်ဒေါ်လာသည် နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ခိုင်မာလာခြင်း၊ (၅)

ပြန်လည်ဆန်းစစ်ဖို့ လိုလာတဲ့ မြန်မာ့လက်ဝှေ့ ပြက္ခဒိန် - ဦးမျိုးကြီး

တကယ်တော့ ဦးမျိုးကြီးဟာ နှစ်ပေါင်း ၂၀ ကျော်လောက် ဘိန်းလောကမှာ ကျင်လည်ခဲ့တဲ့ ဘိန်းစားတစ်ယောက် ဆိုပေမယ့်လည်း ဆန့်ကျင်ဘက် အရာတစ်ခုဖြစ်တဲ့ အားကစားနဲ့ ပတ်သက်လာရင်လည်း ထဲထဲဝင်ဝင် ရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကလည်း ဖခင်ကြီး ခင်မောင်ထွေး (ပျဉ်းမနား)သွားလေရာ နောက်က တစ်ကောက်ကောက်ပါအောင် လိုက်ခဲ့ရသူဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဦးမျိုးကြီးကို ဘိန်းသံသရာက လွတ်မြောက်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တာဟာလည်း ဒီအားကစားပဲ ဖြစ်ပါတယ်။ အားကစားသမားတစ်ယောက် အနေနဲ့တော့ မဟုတ်ပါဘူး။ အားကစားစာပေကို ရေးသားတဲ့ အားကစား ဂျာနယ်လစ် တစ်ယောက်အဖြစ် ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းကို ပုံဖော်ဖြစ်ခဲ့တာကြောင့်လည်း ဘိန်းစားဘ၀က လွတ်မြောက်

ဖယောင်းတိုင်မီးတွေ ထွန်းဖို့လိုပြီ - ကိုဝေလ

နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းမှစတင်၍ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ကွတ်ခိုင်၊ မူဆယ်မြို့နယ်များ အတွင်းရှိ လုံခြုံရေးစခန်းများနှင့် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတို့ကို KIA လက်နက်ကိုင်အဖွဲ့နှင့် TNLA၊ MNDAA ပူးပေါင်းလက်နက်ကိုင် အဖွဲ့များက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့ပြည်သူ ထောင်နှင့်ချီ၍ အသက်စည်းစိမ် အိုးအိမ်များက စဥ့်ကလျား ဆုံးရှုံးပျက်စီးခဲ့ကြရပါသည်။ ယင်းဖြစ်ရပ်များကြောင့် နိုင်ငံအ၀ှမ်းငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေသော ပြည်သူများအတွက် နှလုံးစိတ်ဝမ်းညှိုး နွမ်းစရာ ဖြစ်ရုံမက ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသွားကြ သူများအတွက် လွန်စွာဝမ်

ဘယ်သူခြောက်ခြောက် တို့မကြောက် - အောင်မြင်သူ

ပြောရဦးမယ် မမြ၀င်းရေ
ဗိုလ်အောင်ဒင့် သားတပည့်နှစ်ယောက် ဗိုလ်သင်တန်းအတူ တက်ကြတယ်။ တာဝန်အသီးသီးနဲ့မို့ တစ်ယောက်နဲ့တစ်ယောက် မဆုံကြဘူး။ ကြာတော့လည်း ရာထူးရာခံတွေရပြီး စစ်ဘက်၊ ရဲဘက်မှာ တာဝန်ထမ်းဆောင်နေရတာပေါ့။ သူတို့ သူငယ်ချင်းနှစ်ယောက် ဖုန်းထဲမှာတွေ့ကြတယ်။

ကိုယ့်ကြမ္မာကို ကိုယ်မရွေးရတဲ့ လူတွေက စီမံခန့်ခွဲမယ့် စည်ပင်- ဆရာဆောင်း (၈၈)

“ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လူထုခေါင်းဆောင်ရဲ့ လူကိုမကြည့်ပါနဲ့၊ ပါတီကိုကြည့်ပါဆိုတဲ့ လမ်းညွှန်စကားကို လိုက်နာပြီး ဆရာဆောင်းတို့ လိုလားတင်မြှောက်ခဲ့တဲ့ အစိုးရတက်လာတာ ၇ လ ကျော်လာပြီဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟိုချက်မ ဦးဆောင်လုပ်ကိုင်တာတွေကတော့ နိုင်ငံတကာ စံချိန်မီ လေးစားအတုယူဖွယ်တွေပါဗျ။

အသဲကွဲကွန်တိန်နာဇာတ်လမ်းမှ အစပြု၍ - ဇော်သက်ထွေး

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ရှင်းလင်းစေရေးအတွက် ကွန်တိန်နာယာဉ်ကြီးများ ဖြတ်သန်းမောင်းနှင်ခြင်းကို ည ၉ နာရီ မှ နံနက် ၆ နာရီအတွင်း၌သာ ပြည်သူပိုင်လမ်းမပေါ်တွင် မောင်းနှင်ခွင့် သတ်မှတ်ပေးပြီးသည့်နောက် ပြသနာတက်တော့သည်။

ပုဂံမှာ နာလန်ထူဖို့ ကြိုးပမ်းနေရသူများ - နော်ရာမောင်

ပုဂံဘုရားတွေ သွားဖူးမယ်လို့ဆိုလိုက်တာနဲ့ ပုဂံနှင့်အတူ တွဲမြင်တတ်တာ မြင်းလှည်းလေးနဲ့ နေရာအနှံ့ လည်ပတ်နေတဲ့ ပုံရိပ်တွေကသာ အများစု နေရာယူနေတတ်ပါတယ်။ အဲ့ဒီပုံရိပ်တွေက ဟိုးယခင်က ဖြစ်ပါတယ်။

Pages