Articles

ဇာဂနာ မရယ်ရတော့ဘူး (၂၄) - ဇာဂနာ

ဇာဂနာတို့များ ကံကောင်းကံဆိုးပုံပြင်ထဲကလိုတော့ ဖြစ်နေပါပြီ။ ၅ ရက်နေ့၊ မနက်စောစော မြန်မာနေရှင်နယ် လေကြောင်းလိုင်းနဲ့ ရတနာပုံ အောင်ကျော်ချမ်းအေးဆီ အလှမ်းမဝေးအောင် အပြေးလာရပါတယ်ခင်ဗျ။ သဘင့်တက္ကသိုလ် ရွှေမန္တလေးမှာ အငြိမ့်ပြိုင်ပွဲအတွက် သတင်းစာရှင်းရမှာကိုးခင်ဗျာ။ ရန်ကုန်မှာ ရှင်းပြီး မန္တလေးမှာ မရှင်းရင် နားဘန်အကျင်းခံရမှာခင်ဗျ။ ဒီတော့လည်း အသော့နှင်ခဲ့ရတာပေါ့။
ကံကကောင်းချင်တော့ မြန်မာနေရှင်နယ်လေကြောင်းလိုင်း လက်မှတ်ရတယ်ခင်ဗျ။ မြန်မာနေရှင်နယ် လေကြောင်းလိုင်းက ဂျက်လေယာဉ် ခြောက်ယောက်တန်းခင်ဗျ။ အကြီးကြီးပါ။ မိုးဥတုမှာ ပန်ကာလေယာဉ်နဲ့ဆို ကြောက်ရတယ်ခင်ဗျ။

စည်းလွတ်ဝါးလွတ် ဆန္ဒပြမှုများနှင့် လက်တွန့်နေသော နိုင်ငံခြားရင်းနီမြှပ်နှံမှု လက်စောင်းထက်

မြန်မာနိုင်ငံ၏ စီးပွားရေးလေးလံထိုင်းမှိုင်းနေသည်ကို မည်သူမှ မငြင်းနိုင်ပါ။ စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲစ နိုင်ငံတစ်ခုအတွက်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် လွန်စွာအရေးကြီးသည်။ ပြည်ပမှ စီးဝင်လာသော အရင်းအနှီးများဖြစ်သည့် နည်းပညာ၊ စက်ကိရိယာ၊ ကျွမ်းကျင်လူသားအရင်းအမြစ်နှင့် ငွေကြေးတို့အပြင် ထိုသူတို့၏ လက်ရှိဈေးကွက်များသည် မြန်မာနိုင်ငံကဲ့သို့ လူးလွန့်စနိုင်ငံများအတွက် များစွာအရေးကြီးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင်လည်း တိုင်းပြည်၏သယံဇာတကို ကဲ့ထုတ်သွားမည့် ရင်းနှီးမြှုပ်နှံမှုများထက် ကုန်ထုတ်လုပ်မှု ၀န်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ပိုအရေးကြီးသည်။

လွဲမှားနေတဲ့ ပညာရေးစနစ် အလင်းရောင်မတွေ့သေး - ဇော်သက်ထွေး

အလုပ်ကိစ္စတစ်ခုနဲ့ မြို့ထဲကိုသွားတော့ နာမည်ကြီး အထက်တန်းကျောင်းတစ်ကျောင်းရှေ့က ဖြတ်သွားရပါတယ်။ ဒီကျောင်းက ဆိုရှယ်လစ်ခေတ်ကတည်းက မြန်မာနိုင်ငံရဲ့ အတော်ဆုံး၊ အောင်ချက်အကောင်းဆုံး ကျောင်းငါးကျောင်းထဲက တစ်ကျောင်းအပါအ၀င် ဖြစ်ပါတယ်။

အစိုးရအနေဖြင့် မျက်မှန်စိမ်းကို ဖြုတ်ရမည့် အချိန်ရောက်ပြီ - လက်စောင်းထက်

စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာမှ ပိတ်ဆို့ထားသော်လည်း အောက်ခြေမှစ၍ လူတန်းစားအားလုံး စားဝတ်နေရေး အဆင်ပြေခဲ့ကြသည်။ အဓိကမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပြည်တွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ထိုစီးပွားရေး အဆင်ပြေမှုသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ဆက်လက်တည်မြဲခဲ့သည်။ သို့သော် ယခုအစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သည်ကရပ်တန့်၊ လေးလံထိုင်းမှိုင်းသည်က လေးလံထိုင်းမှိုင်းဖြစ်ကုန်သည်။ ထို့အပြင် မည်သည့်လုပ်ငန်းလုပ်လုပ်၊ မည်သည့်စီမံကိန်းလုပ်လုပ် ဖျက်လိုဖျက်ဆီးလုပ်လိုသော အင်အားစုအဖွဲ့အစည်းများက တစ်နေ့တခြား များလာသည်။ ထိုအဖွဲ့အစည်းများက ပြည်ပမှ အဖွဲ့အစည်းတချို့၏ ထောက်ပံ့ငွေများဖြင့် ပြည်တွင်းတွင

စပယ်ယာအလိုမရှိတော့ပြီ သို့သော် … - ချောစု

“ဆင်းမယ့် မှတ်တိုင်ကြိုပြော။ အိပ်ငိုက်မနေနဲ့။ ကျော်သွားရင် မတတ်နိုင်ဘူး။ တန်းတွေ ကွင်းတွေကိုင်ထား။ ကားကျော်မယ်။ ကဲသွက်သွက်လေးဆင်း” ဟုဆိုသော စပယ်ယာ၏ အဆူအငေါက်သံခံရင်း ကားပေါ်ကဆင်းနေစဉ် ခြေထောက်နှစ်ဘက်ပင် စုံမရပ်နိုင်သေးမီ မောင်းဆရာဟေ့ဆို ကာမောင်းထွက်သွားလေသည်။

အနာဂတ်စွမ်းအင်လိုအပ်ချက်အတွက် ကျောက်မီးသွေးစက်ရုံတွေ လက်ခံမလား၊ အမှောင်ထဲမှာ နေမလား - ကိုကိုမောင်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်းများနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လူ့အသိုင်းအ၀ိုင်းကြား တရွေ့ရွေ့ ပျောက်ဆုံးလာနေသော လူသားဆန်မှု - နော်ရာမောင်

“မလုပ်ပါနဲ့ရှင် ... ကျွန်မကိုပဲ သတ်လိုက်ပါတော့...”
“သတ်စရာ မလိုဘူးလေ..အဘွားကို သနားလို့ ..နင်ခံ”
ဒီအသံတွေကတော့ နေအိမ်ထဲတွင် တစ်ဦးတည်းရှိနေသော အဘွားအိုထံမှ လက်ကောက်များကို လုယူရန်အတွက် အဘွားလည်ပင်းအား ဘောလ်ပင်ဖြင့် ထောက်၍ အနုကြမ်းစီး လုယက်သူဟုဆိုသူ အမျိုးသမီးအား ဖမ်းမိခဲ့သည်ကို ရိုက်ယူထားသော ဗီဒီယိုဖိုင်မှ အသံများပင်ဖြစ်သည်။

၆၂ သမိုင်းတစ်ကျော့ ပြန်မလာရေးနှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းများ ကုစားရန် အချိန်တန်ပြီ - လက်စောင်းထက်

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ အဘက်ဘက်က ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဟု သမာသမတ်ကျကျ ဆန်းစစ်လေ့လာသူတိုင်းက ပြောဆိုလာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြွေးကြော်ပြီး တက်လာသည့် အစိုးရနှင့် ဒီမိုကရေစီအုတ်မြစ်ခိုင်မာမှ အုပ်ချုပ်ရေးနှင့် တရားဥပဒေပြုရေးကဏ္ဍမှ ဖြည်းဖြည်းချင်း ဆုတ်ခွာပေးမည့် တပ်မတော်တို့ကြားတွင် အမြဲလိုလို ပွတ်တိုက်မှုများရှိနေသည်။ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်လုံခြုံရေး ၀န်ကြီးဌာနတို့ကို ကိုင်တွယ်ထားသော တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တွင်လည်းကောင်း လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နေ ရသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် မည

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၂) - ဇော်သက်ထွေး

မှိုဘယ်နေရာမှာ ပွင့်သလဲ

စစ်ခွေးတိုက်မှာ တာဝန်အရှိဆုံးဖြစ်တဲ့ တပ်ကြီးကြပ်ဗိုလ်ကံက အကျဉ်းထောင်ဥပဒေဘောင်ကျော်လွန်ပြီး ကျော်သူ့ကို သေလုမြောပါး နှိပ်စက်လိုက်ပေမယ့် ထောင်အာဏာပိုင်တွေက မသိကျိုးကျွံပြုနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျော်သူ့ကို လုံးဝမကြည်ဖြူတော့လို့ပါပဲ။ ဒီအချက်ကလည်း ဆေးရုံကြီးစိန်ဝင်းအတွက် ကျော်သူ့ကိုသတ်ဖို့ အဓိကလှုံ့ဆော်မှုတွေထဲပါ ပါဝင်ခဲ့ပါတယ်။ ကျော်သူ့ကို ရှင်းပေးရင် ထောင်က သူ့ကို “အထာ” ထားလိမ့်မယ်လို့ ယုံကြည်ထားတယ်။

Pages