Articles

ကျွန်တော်နဲ့ ထောင်နီးနားချင်းတစ်ဦး (သို့မဟုတ်) စောက်ရူးခြောက်ခါ ပြောတဲ့သူ - ဇာဂနာ

အရင်ကတော့ ကျွန်တော်နဲ့ ထောင်နီးနားချင်းများဆိုပြီး တူမောရိုးဂျာနယ်မှာ အခန်းဆက် ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။ စာအုပ်လည်း ထုတ်ခဲ့ဖူးပါတယ်။ ဒီတုန်းက ထည့်မရေးခဲ့ရတဲ့ သူ တစ်ယောက်ရှိပါတယ်။ တမင်သက်သက် ချန်ထားခဲ့တာလို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်နဲ့ အသက်အရွယ်လည်း မတူတော့ ကျွန်တော့် ရေးဟန်အတိုင်း ပြောင်ပြောင်နောက်နောက် ရေးရင်ဖြင့် မသင့်တော်ပေဘူးလို့ ယူဆတဲ့အတွက် သူ့ကို ချန်လှပ်ထားခဲ့တာပါ။ သူကတော့ ဒီကနေ့ နာမည်ကျော် ဦးဝင်းထိန်ပါပဲ။

ရွှေဈေးငွေဈေး ကျားကစားတော့ - မဟာလွန်

ဈေးတွေတက်နေပြီ

ရွှေဈေး ကိုးသိန်းကျော်၊ ဒေါ်လာ ၁၂၈၅ ကျပ် ဖြစ်သွားပါပြီ။ မြန်မာသွင်းကုန်တွေက ဒေါ်လာနဲ့ ၀ယ်သွင်းရတော့ ဈေးပြင်ရောင်းဖို့ ဖြစ်လာတာပေါ့။ အလှကုန်လုပ်ငန်းတွေဆို အရင်နှစ်လက အများဆုံး ၁၂၃၇ ကျပ် ထားတွက်ပြီး ပစ္စည်းဈေးနှုန်း သတ်မှတ်ထားတာပါ။ သွင်းကုန်ဈေးကြီးကုန်တော့ ကိုယ်တွေဈေးကြီး ၀ယ်စားနေရတာပေါ့။ လောင်စာဆီကလည်း ဒေါ်လာနဲ့ ၀ယ်ရပါတယ်။ သူလည်းဈေးတက်မှာပါ။ လောင်စာဆီ ဈေးတက်ရင် သယ်ယူပို့ဆောင်ရေးစရိတ် တက်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်တက်ရင် ကုန်စည်စရိတ်တွေ အကုန်တက်ပါတယ်။

ဈေးတက်ရင်ဘာဖြစ်မလဲ

မြန်မာနိုင်ငံမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ - ဇော်သက်ထွေး

မြန်မာနိုင်ငံရဲ့ နယ်စပ်ဝင်ပေါက်ဂိတ်တွေ လေဆိပ်တွေမှာ “မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို အားလုံး တွေ့ဖူးကြမှာပါ။ အဓိပ်္ပာယ်ကတော့ မြန်မာနိုင်ငံကို လာလည်တဲ့ ဘယ်နိုင်ငံခြားသားကိုမဆို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်ဆိုတဲ့ သဘောပါပဲ။ ဒီလိုပဲ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံသားတွေဟာ အမြဲတမ်း လှိုက်လှဲဖော်ရွေတတ်သူတွေ၊ အမြဲတမ်း ပြုံးနေသူတွေ၊ သူတစ်ပါးကို ပေးကမ်းလှူဒါန်းတတ်သူတွေ၊ ကူညီတတ်သူတွေအဖြစ် တင်စားလေ့ရှိပါတယ်။ တစ်ချိန်က အာဏာရှင် အစိုးရကြောင့် တိုင်းပြည်ရဲ့ ကောင်းခြင်းဂုဏ်အင်္ဂါတွေ ပျောက်ဆုံးခဲ့ရပေမယ့် နှစ်ပေါင်း ၃၀နီးပါး ရုန်းကန်ကြိုးပမ်းမှုတွေရဲ့ ရလဒ်အဖြစ် ပြည်သူတွေ ရွေးချယ်တဲ့ အ

လွှတ်တော် ဒိုင်ယာရီ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး (ပထမနေ့) - နေဘုန်းလတ်

၂၉ စက်တင်ဘာလ ၂၀၁၆ခုနှစ် (ကြာသပတေးနေ့)မှာ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရဲ့ တတိယအကြိမ် ပုံမှန်အစည်းအဝေး၊ ပထမနေ့ကို စတင်ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးဟာ ဇွန် ၁၆ ရက်နေ့မှာ ပြီးဆုံးခဲ့တာဖြစ်လို့ အခု စက်တင်ဘာ ၂၉ ဆိုတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဟာ သုံးလခွဲနီးပါး အတိအကျပြောရရင် ရက်ပေါင်း ၁၀၄ရက် ရပ်နားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရ မူးယစ်ဆေးဝါးသမား ဘ၀ (၂) - ဦးမျိုးကြီး

အခုဆိုရင် အတည်မပြုနိုင်တဲ့ သတင်းတွေအရ အခြေခံပညာ အထက်တန်းကျောင်း တချို့ရဲ့ ၀န်းကျင်တွေမှာတောင် ဆေးပြား ရောင်းချမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မူးယစ်ဖြန့်ချိသူတွေ ပစ်မှတ်ထားတာက ငွေကြေးတတ်နိုင်တဲ့ ဆက်ကျော်သက်ရွယ် လူငယ်တွေပဲ ဖြစ်ပါတယ်။ ကိုယ်က တစ်ချက်လေး လျစ်လျူရှုလိုက်မိလို့ အသိနောက်ကျပြီး ကိုယ့်သားသမီး မူးယစ်ဆေးကို စွဲလန်းတဲ့ အဆင့်ရောက် သွားပြီဆိုရင်တော့ ရင်နာစရာ ဇာတ်လမ်းတွေကိုဆက် တိုက်ဆိုသလို ကြုံတွေ့ရဖို့ သေချာသလောက်ရှိပြီး မိသားစုအတွင်းက အေးချမ်းမှုတွေ သာယာမှုတွေအားလုံးကို မူးယစ်ဆေးက ယူဆောင်သွားမှာ ဖြစ်ပါတယ်။ မိသားစု တစ်ခုအတွင်းမှာ မူးယစ်ဆေး စွဲနေတဲ့ သူတစ်ယောက်ရှိပြီဆိုရင် ဖွတ်တက်တာထက်ဆိုးတဲ့ အန

မြန်မာ့ရိုးရာလက်ဝှေ့ကို မောင်ပိုင်စီးမယ့် ခရိုနီဂိုဏ်းသားတွေရန်က ကာကွယ်ကြ - ဇင်လင်းထွန်း (ဓနုဖြူ)

ဆရာမာဂျေရေ ကျွန်တော်တို့ လောလောဆယ် တွေ့ကြုံနေရတာက ကောင်းဘွိုင်ကား တွေထဲကလို ရွာထဲကို မြင်းစီးဝင်လာပြီး သေနတ်တွေ၊ ဟိုပစ်၊ ဒီပစ်ပုံစံမျိုးနဲ့ လူတစ်ယောက် (သို့မဟုတ်) တစ်ခုကြောင့် ရိုးရာလက်ဝှေ့လောကရဲ့ ဂေဟဖြစ်စဉ် ကမောက်ကမ ဖြစ်တော့မယ့် အနေအထားပေါ့ဗျာ။

“မလှုပ်,မလုပ်,မရှုပ်,မပြုတ်” တဲ့ မဆလခေတ်ကို ပြန်ရောက်လာခြင်း - ဇော်သက်ထွေး

ပြည်သူတွေ ရွေးချယ်တဲ့ အစိုးရသစ်တက်လာတာ ခြောက်လတင်းတင်း ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒီခြောက်လတာ အတွင်းမှာ နိုင်ငံတော် အာဏာကို နှစ်ပေါင်းများစွာ ရယူနေတဲ့ ရေသောက်မြစ်ကို ပြည်သူအားနဲ့ ဖြတ်တောက်နိုင်ခဲ့ပြီး နိုင်ငံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

တရားစီရင်ရေး၏ လုပ်ပိုင်ခွင့်အာဏာကို လူ့အခွင့်အရေး ကော်မရှင်က ကျော်လွန်လုပ်ဆောင်နေပြီလား - ဒီရေမြင့်သစ်

ပြဿနာတစ်ခု ဖြစ်ပြီဆိုလျှင် အားနည်းချက်က ဖုံးကွယ်၍ မရနိုင်သလို ပေါ်လာတတ်သည်။ ပြဿနာ မဖြစ်သရွေ့ အားနည်းချက်များကလည်း ပေါ်မလာတတ်။ သို့သော် အားနည်းချက်များကတော့ ရှိနေဆဲ ဖြစ်သည်။ မပေါ်သေးတာသာရှိသည်။

မြန်မာနိုင်ငံမှာက ပြဿနာ တစ်ခုပေါ်လာသည်နှင့် တစ်ပြိုင်နက် အားနည်းချက်များက ပေါ်လာလေ့ရှိသည်မှာ ထုံးစံလိုဖြစ်နေသည်။ ဒါသည်ပင် ပြုပြင်ပြောင်းလဲမှု မရှိသေးခြင်းကို ဖော်ပြနေသည်။

ပြုပြင်ပြောင်းလဲမှု မရှိသေးသည့် အထဲတွင် Mindsetများလည်း ပါသည်။ စနစ်က ပြောင်းနေပြီဖြစ်သော်လည်း Mindsetများက ပြောင်းလဲခြင်း မရှိသေး။ စနစ်က ရှေ့ရောက်ပြီး Mindsetများက နောက်တွင် ကျန်နေဆဲဖြစ်သည်။

ကိုယ်တွေ့ကြုံခဲ့ရ မူးယစ်ဆေးသမား ဘ၀ (၁) - ဦးမျိုးကြီး

ဒီကနေ့ စာရေးသူတို့ရဲ့ ရွှေနိုင်ငံတော်ကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အရာတွေထဲမှာ မူးယစ်ဆေးဝါးဟာ ထိပ်ဆုံးတစ်နေရာက ပါဝင်နေတယ်ဆိုရင် လေကုန်ခံ ဖင်ပိတ်ငြင်းနေမယ့် ပုဂ္ဂိုလ် အနည်းအကျဉ်းလောက်ပဲရှိမှာ သေချာပါတယ်။ သတင်းစာ၊ ဂျာနယ်တွေရဲ့ စာမျက်နှာတွေမှာ ကြည့်လိုက်ရင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ လူသတ်မှု၊ လုယက် ခိုးဆိုးတိုက်ခိုက်မှု အစရှိတဲ့ သသတင်းတွေကို နေ့စဉ်နဲ့အမျှဆိုသလို မြင်တွေ့နေရပြီး အခုဆို သတင်းစာကိုင်ရင် သွေးညှီနံ့ ရတယ်လို့တောင် ကာတွန်းဆရာတွေက သရော်နေခဲ့ပါပြီ။ အမေရင်းဖြစ်သူကို ဂျီတီစီကျောင်းသားက ဓားနဲ့ထိုးသတဲ့၊ ဖခင်အရင်းကို သားက လည်ပင်း ဓားနဲ့ခုတ်သတ်သတဲ့၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုး

KIO ဒုတိယ ဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ဂွန်မော် (သို့မဟုတ်) ငြိမ်းချမ်းရေးကို လက်နက်ဖြင့် မဖြေရှင်းလိုသူ - သန်းဝင်းလှိုင်

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ယခုအခါ ၆၈ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရသည့် အချိန်မှစ၍ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေသည်မှာ ဆယ်စုနှစ် ခြောက်ခုကျော်ခဲ့ပြီဖြစ်သည်။

Pages