Articles

အကြမ်းဖက်အန္တရာယ်နှင့် နိုင်ငံတော်လုံခြုံရေး - လက်စောင်းထက်

အရှေ့အလယ်ပိုင်းဒေသတွင် အခြေမဟန်တော့သော အစ္စလာမ်မစ်အစွန်းရောက်များသည် သူတို့၏နောက်ထပ် ခြေကုပ်နေရာအဖြစ် အရှေ့တောင်အာရှကို မျက်စိကျလာကြသည်။ အထူးသဖြင့် အစ္စလာမ်မစ်နိုင်ငံများနှင့် ထိစပ်နေသော ထိုင်းတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အစွန်းရောက်များ ခြေကုပ်ယူနိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ ဘူးသီးတောင်မောင်တောဒေသတွင်လည်း အစွန်းရောက်တို့သည် နှစ်ပေါင်းများစွာ စိမ့်ဝင်နေခဲ့ကြသည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားချိန်တွင် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများသည် အစုလိုက်အပြုံလိုက် ၀င်ရောက်လာခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်မှစပြီး ရခိုင်တွင် အစ္စလာမ်မစ်အစွန်းရောက် မူဂျာမေဒင် သောင်းကျန

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၁၇) - ဇော်သက်ထွေး

ရာဇ၀တ်အကျဉ်းသားတွေနဲ့ ထောင်ရဲ့သဘောသဘာဝက နာမည်တစ်လုံးရသွားရင် အလိုလို နေရာပေးလေ့ ရှိတယ်။ နဂိုနာမည်ပျောက်ပြီး ထောင်ကပေးတဲ့နာမည်တွင်သွားရင်လည်း ထောင်ထဲမှာ အနေအစားအတွက် ပူပင်စရာမလိုတော့ဘူး။ အင်းစိန်ထောင်ရဲ့သမိုင်းမှာ ဂန္ထ၀င်လူမိုက်သွေးမပါပေမယ့် နာမည်ကြောင့် အနေအစားချောင်တဲ့ လူဆိုးတွေရှိခဲ့တယ်။ ဥပမာ ယက္ခကြီးတို့၊ ဂျော်နီဖိုးခွေးတို့၊ ဥတိုတင်ချစ် (ခ) တိမ်တမန်တို့လို လူမျိုးတွေပေါ့။

အမုန်းခံခွင့်ပေးပါ - ဦးမျိုးကြီး

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်ကျော်ကာလလောက်တုန်းက လုပ်ငန်းခွင်ထဲဝင်မယ့် သတင်းထောက် အယောက်နှစ်ဆယ်ကျော် သုံးဆယ်နီးပါးလောက်ကို ဦးမျိုးကြီးအင်တာဗျူး လုပ်ခဲ့ဖူးပါတယ်။ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး လာရောက်လျှောက်ထားကြသူတွေဖြစ်ကာ သူတို့အားလုံးနီးပါးရဲ့ တူညီတဲ့အချက်တစ်ခုကတော့ သတင်းတွေအားလုံးထဲမှာ နိုင်ငံရေးအထူးသဖြင့် ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သတင်းရယူချင်သူတွေ၊ သတင်းအစီအစဉ် တင်ဆက်ချင်သူတွေ၊ သတင်းတွေဖန်တီးပြီး ပြည်သူတွေ သိရှိအောင် တင်ပြလိုသူတွေ၊ အင်တာဗျူးလုပ်လိုသူတွေ ဖြစ်နေကြတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက သူတို့အားလုံးနီးပါးကို ဦးမျိုးကြီးမေးခွန်းတစ်ခု မေးဖြစ်ခဲ့ပါတယ်

မီဒီယာလောကကို မျိုးတုံးအောင် သတ်နေသော ၆၆(ဃ) -လက်စောင်းထက်

ဗဟန်းရဲစခန်းမှ မေးခွန်းအချို့မေးရန် ကျန်ရှိနေသည်ဟုဆိုကာ ခေါ်ယူလိုက်သော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို စခန်းရောက်သောအခါ မေးခွန်းမမေးတော့ဘဲ “ဖမ်းမိန့်ကျလာပြီ” ဟုဆိုကာ တစ်ခါတည်း ဖမ်းထားလိုက်သည်။ ၂၀၁၀ မှ အစပြုသော နိုင်ငံရေးပြောင်းလဲမှုများအတွက် ကမ္ဘာက ချီးကျူးထောပနာပြုခဲ့ရသော မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့လုပ်ရပ်မှာ ယခင်အစဉ်အလာအတိုင်းပင် ဖြစ်လာခဲ့သည်။ အမှန်တကယ် ဖမ်းဆီးချင်ပါက ဂျာနယ်တိုက်ရုံးခန်းသို့ ဖုန်းဆက်ပြီး “လူကြီးလူကောင်းပီပီ စခန်းမှာ လာရောက်အဖမ်းခံပါ” ဟု ပြောလိုက်လျှင်လည်း ထွက်ပြေးမည့် သူများ မဟုတ်သည့်အတွက် ရှင်းလင်းပြတ်သားသော တာဝန်ထမ်းဆောင်

ဦးမျိုးကြီးစိတ်မကောင်းပါ - ဦးမျိုးကြီး

တစ်နေ့က ဦးမျိုးကြီးနေထိုင်ရာ အရပ်ထဲမှာ စကားဝိုင်းတစ်ခု လုပ်သွားခဲ့ပါတယ်။ ယနေ့ခေတ် လူငယ်ဖျော်ဖြေရေး၊ ပညာပေးနှင့် စကားဝိုင်းဆွေးနွေးပွဲလို့ အမည်ပေးထားတဲ့ ဒီစကားဝိုင်းကို AGORA-YANKIN က စီစဉ်ခဲ့တာဖြစ်ပြီး ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမျိုးကြီး စာရေးချင်စိတ်ပျောက်ခြင်း - ဦးမျိုးကြီး

အမှန်အတိုင်းဝန်ခံရရင် ဒီရက်ပိုင်းအတွင်း ဦးမျိုးကြီး စာရေးချင်စိတ်ပျောက်နေတယ်ဗျာ။ အထူးသဖြင့် ဖေ့စ်လွတ်ခ်ပေါ်တက်လာတဲ့ သတင်းတွေ၊ သတင်းစာ၊ ဂျာနယ်စာစောင်တွေထက်မှာပါရှိနေတဲ့သတင်းတွေကို မြင်တွေ့ဖတ်ရှုပြီးသကာလ စိတ်ထားတော်တစ်စိတ် ညှိုးနွမ်းတော်မူလွန်းတာကြောင့် ကွန်ပျူတာရှေ့ထိုင်ဖို့ နေနေသာသာ ဘာဆိုဘာမျှကို လုပ်ချင်ကိုင်ချင်စိတ်မရှိအောင် ဖြစ်နေရတာပါ။

လက်တစ်စုံ မျက်ဝန်းတစ်စုံမှသည် ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) သို့ အမှတ်တရ - အနီမှိုင်း (ကေတု)

ကျွန်တော်ရန်ကုန်ရောက်ပြီး မရောက်တာကြာပြီဖြစ်တဲ့ တက္ကသိုလ်မြေကို ခဏသွားခဲ့ပြီး ကျွန်တော် လှည်းတန်းက အ၀ိုင်းကြီးနားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ဖြစ်ခဲ့တယ်။ အဲဒီမှာ အမှတ်မထင် ၅(ည)နဲ့ ထောင်ထဲမှာ အတူနေခဲ့တဲ့စာတွေကဗျာတွေရေးဖို့ အင်္ဂလိပ်စာသင်ပေးခဲ့တဲ့ ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်)နဲ့ဆုံလို့ အားရ၀မ်းသာ နှုတ်ဆက်ပြီး ဆရာကြီးနဲ့လက်ဖက်ရည်ဆိုင်မှာ စကားပြောဖြစ်ခဲ့တယ်။ ထောင်ထဲမှာနေတုန်းကအကြောင်းတွေ သက်ဇော်(ဇော်သက်ထွေး)တို့အကြောင်း၊  ညီညီလှိုင် (တော်ကီလှိုင်) အကြောင်း၊ ကျီးကန်း(မင်းလွင်)အကြောင်း၊ အခုဆရာကြီးက ကျူရှင်ပြနေတယ်။ အဲဒီမှာ ဆရာကြီးသင်နေတဲ့ တပည့်တွေထဲမှာ အင်မတန်လှပတဲ့ လက်လေးတစ်စုံပိုင်ရှင် တပည့်ကောင်မလေ

အသိဥာဏ်ဆင်းရဲ၍ တိုင်းပြည်ဆင်းရဲခြင်း ပုံပြင် - လက်စောင်းထက်

မြန်မာလူမျိုးများသည် အကြောင်းတစ်ခုခုကြောင့် တိုင်းပြည်နှင့် လူမျိုးအကြောင်း ဂုဏ်ယူစရာများ ပြောကြားလေ့ရှိရာတွင် အတိတ်မှ အကြောင်းအရာများကိုသာ တသသ ပြန်အောက်မေ့ ပြောရလေ့ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရည်အသွေး အမြင့်မားဆုံးကျွန်းသစ်များ ထွက်ရှိသည့်အကြောင်း၊ အရည်အသွေး အကောင်းဆုံး တန်ဖိုးကြီးမားသည့် ကျောက်စိမ်းများ၊ ပတ္တမြားများ၊ နီလာများ ထွက်ရှိသည့်အကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံမှ အရည်အသွေးကောင်းသော ဆန်တန်ချိန် အမြောက်အမြား ထွက်ရှိသည့်အကြောင်း၊ မြန်မာနိုင်ငံ၏နယ်မြေပိုင်ဆိုင်မှုမှာ ကျယ်ပြန့်ကြီးမား၍ သစ်တောများ ၇၀ ရာခိုင်နှုန်းခန့် ဖုံးလွှမ်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စည်ပင်သာယာရေးစနစ်နှင့်ြ

Pages