Satire

ဒုက္ခပေးခဲ့အရုပ် - မာဂျေ

အခုတလောမှာ အရုပ်တွေက သိပ်ပေါ်ပြူလာဖြစ်လွန်းသဗျာ။ အရုပ်ဆိုရာမှာ နေပြည်တော်က အ၀ယ်အများဆုံးဆိုတဲ့ လိင်ဆက်ဆံမှု အာသာဖြေအရုပ်ရယ်။ နှစ်နိုင်ငံချစ်ကြည်ရေးဆိုပြီး ဘယ်က သယ်လာမှန်း မသိတဲ့ အရုပ်ကြီးနှစ်ရုပ်ရယ်ကို ပြောတာပါ။

အမေ “ဟီ”အစ၊ ဘင်္ဂါလီ အလယ်၊ ၆၆ အဆုံး - မာဂျေ

ဒီတစ်လော လူတွေစိတ်ဝင်စားတဲ့ သတင်းတွေက ပေါများလွန်းတယ်။ ပထမဆုံးကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲပေါ့။ မြန်မာတွေ အမေဟီလို့ခေါ်တဲ့ ဟီလာရီကလင်တန် ရှုံးတော့ အိပ်မပျော် စားမ၀င်တဲ့ မြန်မာတွေနဲ့၊ အမေရိကန်ပြည်သူတွေက ဘယ်သို့ဘယ်ညာဆိုပြီး ဝေဖန်ထောက်ပြတဲ့ မြန်မာပညာကျော်တွေရဲ့ စာတွေကို ဖတ်လိုက်ရပါ့ဗျာ။ တကယ်တော့ အမေရိကန် မဘသ ဒေါ်နယ်ထရမ့်ကြီးက လူပါးကြီးဗျ။ ဘယ်ပါတီကိုမှ စိတ်မ၀င်စားဘဲ သူ့ဟာသူ ပေးချင်တဲ့သူကို ပေးမယ်ဆိုတဲ့ နှုတ်ဆိတ်နေတဲ့ တတိယအုပ်စုကို အမေရိကန်တွေ ဆင်းရဲနေပြီဆိုတဲ့ အမျိုးသားရေးနဲ့ လှည့်တိုက်ပြီး စည်းရုံးလိုက်တာပဲ။ ရွေးကောက်ပွဲပြီးတော့ တစ်ဖက်နဲ့တစ်ဖက် အပုပ်တွေ ချကြပေါ့။ နောက်ဆုံးမတော့ ဆိုရှယ်မီဒီယာကြီ

သံတုတ်အာမီ - မာဂျေ

ဒီမိုကရေစီနိုင်ငံဆိုရင် မာဖီးယားဂိုဏ်းလို့ ခေါ်မယ့် လူဆိုးဂိုဏ်းတွေ များလာမယ်၊ မူးယစ်ဆေး ကုန်သွယ်မှုတွေ များလာမယ်၊  ဟိုအသင်း ဒီအသင်းဆိုတဲ့ အသင်း အဖွဲ့တွေ များလာမယ်ဆိုပြီး ဒီမိုကရေစီ နိုင်ငံတော်ရဲ့ အင်္ဂါသုံးပါးကို ရေးခဲ့ဖူးပါတယ်။ အခုတော့ အဲဒီအပြင် သံတုတ်ကိုင် ဂိုဏ်းတစ်ဂိုဏ်းလည်း တိုးလာတာ တွေ့ရတယ်။ သူတို့က သူတို့ကိုယ်သူတို့ ဘာထင်နေသလဲတော့ မသိဘူး။ ထစ်ခနဲရှိရင် သံတုတ်တယမ်းယမ်းနဲ့ ဟိုလူ့ရိုက်လိုက်၊ ဒီလူ့ဆော်လိုက်နဲ့ သရမ်းနေလိုက်ကြတာ။ အဲဒီလို ဆော်ရ နှက်ရအောင် သူတို့က မှန်သလား ဆိုပြန်တော့လည်း မမှန်ဘူးဗျ။ သူတို့လည်း မှားသေး တစ်ဖက်သားကိုလည်း ရိုက်သေးနှက်သေးနဲ့ ဒီလူတွေက သူတို့မှာ အထူးတရား စီရင်ခွင့်အာဏာ

မာဂျေနဲ့ ဂျပန်မှာ အောင်ပွဲခံခဲ့တဲ့ မြန်မာ့လက်ဝှေ့ - မာဂျေ

မြန်မာ့ရိုးရာ လက်ဝှေ့ကို နိုင်ငံခြားကို အိတ်စ်ပို့လုပ်ဖို့ဆိုတာ ၁၉၅၆ ကတည်းက ဆရာ ကျားဘညိမ်းတို့ မျှော်မှန်းခဲ့တာ ဖြစ်ပါတယ်။

 

ခုံဖိနပ် ဂျီဒီပီ - မာဂျေ

ဂျီဒီပီဆိုတာ ကာလတစ်ခုအတွင်း ပြည်တွင်းက ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှု စုစုပေါင်း တန်ဖိုးကို ခေါ်တာပါ။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုင်းတာရာမှာ စံတွေအများကြီး ရှိပေမယ့် အများစုကတော့ ဂျီဒီပီနဲ့ တွက်ကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆-၁၇ ဂျီဒီပီ တိုးတက်နှုန်းက ၇.၈ ရာခိုင်နှုန်းလို့ အစိုးရရဲ့ စီးပွားရေး အကြံပေး ပါမောက္ခ ရှောင်တာနဲက ပြောတာလည်း ကြားလိုက်တယ်။ ခက်တာက လောလောဆယ်မှာ တိုင်းပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်နေတယ်။ သူဌေးကြီးတွေက သူတို့ရဲ့ ဥစ္စာဓနတွေကို ပြည်ပကို ရွှေ့နေကြတယ်။ တစ်ယောက်က ပြောတယ်။ ရန်ကုန်မြို့လယ်မှာ အခန်း ၃၀ပါတဲ့ ဟိုတယ် တစ်လုံးကို တစ်လဒေါ်လာ

ဖေ့စ်ဘွတ်ခ်ကို အရှုံးပေးခဲ့ရသော လေနတ်သားကြီးများ - မာဂျေ

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိက အပြန်ခရီးမှာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းတွေက ပြန်မရောက်ခင် ကတည်းက ဆိုရှယ်မီဒီယာတွေ ပေါ်တက်နေတယ်။ ကိုရီးယား ရောက်တော့လည်း လေယာဉ်ပေါ်က မဆင်းဘဲ လေယာဉ်ပေါ်မှာပဲ နားနေရတယ်ဆိုတဲ့ သတင်းကလည်း တက်လာတာပဲ။ ဒီတော့ ကိုယ့်ဂျာနယ် ထွက်ရက်နဲ့လည်း တိုက်နေတော့ မီဒီယာသမားပီပီ နိုင်ငံ့ခေါင်းဆောင် သတင်းကို စုံစမ်းဖို့ဖြစ်လာတယ်။

ငလျင်ကြီး နောက်ထပ် ခြောက်ခါလှုပ်ဦးမယ် - မာဂျေ

သြဂုတ်လ ၂၄ ရက်က ချောက်နဲ့ ၁၂ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ၆.၅ မက်ဂနီကျူရှိတဲ့ ငလျင်လှုပ်သွားတယ်။ ပခုက္ကူနဲ့ ပုဂံမှာ အထိအခိုက် အပျက်အစီးများတယ်။ လူအသေအပျောက် ရှိပေမယ့် အတိအကျ မသိရသေးဘူး။ အခုထိတော့ လေးယောက် ဆုံးပါးသွားတယ်လို့ ကြေညာတာ ကြားတယ်။ မာဂျေကတော့ ငလျင်ဒဏ်သင့်တဲ့ ပုံတွေကို ဆိုရှယ်မီဒီယာ ဖွဘုတ်ကြီးပေါ်မှာ ကြည့်ရင်း ဘုရားတမိတယ်။ ၁၉၇၅ခုနှစ် ပုဂံငလျင်ကြီးအပြီး ၄၁နှစ်အကြာမှာ ပုဂံဘုရားတွေကို ဖျက်ဆီးလိုက်တဲ့ အဆိုးဝါးဆုံး ငလျင်ဆိုတာလည်း တွေ့လိုက်ရတယ်။ ဒါကြောင့် ဒီငလျင်နဲ့ ပတ်သက်ပြီး ဖွဘုတ်ပညာရှိတွေရဲ့ အယူအဆ ဘယ်လိုရှိမလဲ လိုက်ကြည့်မိတော့ ဒီငလျင်ဟာ ကောင်းသောလှုပ်ခြင်း ဖြစ်တယ်။ ၂၁ ရာစု ပင်လုံညီလာ

ညှော်တိုက်သူများ - မာဂျေ

ကိုယ့်မှာ အနာစိမ်းပေါက် နေရင်၊ အနာတစ်ခုခုရှိနေရင်၊ ဒါမှမဟုတ် သွားကိုက်၊ သွာဖုံးရောင်နေရင် အညှော်ခံလို့ မရဘူး။ ဘေးအိမ်က ညှော်တိုက်ရင် အဲဒီခေတ်က ပိတ်ခြင်ထောင်ချပြီး အထဲ ၀င်နေချင်ဝင်၊ အဲလိုမှ မဟုတ်ရင်တော့ ညှော်နဲ့ဝေးရာကို ပြေးပေတော့။ ဒါက လွန်ခဲ့တဲ့ ခေတ်ဟောင်းက မီးဖိုထဲက အညှော်ကို ပြောတာ။

ရှယ်လိုက်ပြီဗျာ - မာဂျေ

ညဘက် ဥရောပဖလား ဘောလုံးပွဲကိုက်ပြီး အိပ်နေတဲ့ သမက်မာဂျေကို ယောက္ခမက အခေါ်တော်ရှိတယ်။ ရုံးမသွားခင် သူနဲ့တွေ့ပါဆိုတော့ စောစောစီးစီး ခေါင်းတောင် ကိုက်ချင်သွားတယ်။ မနက် ရုံးသွားကာနီး သူပေးတဲ့ အလုပ်တွေက တစ်မျိုးဗျ။ တစ်ခါကလည်း သံချေး အထပ်ထပ် တက်နေတဲ့ လွှကြီး ယူလာပြီး ဒီလွှကိုပြန်သွေးပေးတဲ့။ ရုံးရောက်လို့ တပည့်တွေကိုပြတော့ ဆရာရယ် လွှတစ်ချောင်း အသစ်သာ ၀ယ်ပေးလိုက်ပါ။ လွှကို ပြန်သွေးပေးရမှာက ပေရှည်တယ်။ တံစဉ်းဝယ်ပြီး ပြန်သွေးပေးရမှာတဲ့။ ခက်တာက အသစ် လိုချင်လို့လည်း မဟုတ်။ သုံးစရာရှိလို့လည်း မဟုတ်။ သူ့မျက်စိထဲမှာ ပစ်ထားတာ ကြာပြီဖြစ်တဲ့လွှကို ပြန်သချင်တာလေ။ အသစ် ၀ယ်သွားရင်လည်း မင်းက ဘယ်လောက် ချမ်းသာလို့လဲဆိုပြီး

အတုတကာ့ အတုထဲက ပရဟိတ အတု - မာဂျေ

အတုတွေထဲမှာ တစ်သက်လုံး ကျင်လည်နေရလို့လား မသိဘူး။ အတုကို အစစ်ထင်နေကြတာ မာဂျေတို့ မြန်မာတွေပေါ့။ အတုတွေကလည်း များမှများ အရက်တု၊ ဆေးဝါးအတု၊ ရေမွှေးအတု၊ ဆန်အတု၊ ကြက်ဥအတု၊ မလိုင်အတု (အိမ်သာသုံး တစ်ရှူးတွေ ထည့်ထားတဲ့ နွားနို့နဲ့ လက်ဖက်ရည်) ဆရာဝန်အတု (အရပ်အခေါ်တော့ ရမ်းကု)နဲ့ နောက်ဆုံးမှာ မိန်းမအတု၊ ယောက်ျားအတုဆိုပြီး မကြားဖူးတာတွေ ကြားနေရတယ်။ အခုခေတ် အွန်လိုင်းက ရောင်းဝယ်တာတွေ ပေါ်လာတော့ အတုတွေက ပိုပေါလာသေးတယ်။ အိမ်လာပို့ရင် ပစ္စည်းယူပြီး ငွေရှင်းရလေတော့ အတုရောင်းသူတွေ လက်ခမောင်းခတ်တဲ့ ကာလပေါ့။ ဈေးတွေထဲမှာသာ ဆေးဝါးအတုတွေ၊ မှတ်ပုံတင်မထားတဲ့ ဆေးတွေ၊ အရက်အတုတွေ လိုက်ဖမ်းနေပေမယ့် အွန်လိုင်းပေါ်မှာ မှတ်ပံ

Pages