Satire

ယာဉ်ထိန်းတစ်ထောင်နဲ့ အရူးတစ်ကောင် - မာဂျေ

ဒီမိုကရေစီခေတ်မှာ ရေစရာတွေက များမှများ။ ဒါပေမယ့် ကျွဲပါးဆောင်းတီးဆိုသလို ရေးသာရေး ရတယ် ဘယ်သူကမှ အရေးတယူ လုပ်ပြီး ပြဿနာတွေ ဖြေရှင်းပေး တာမျိုးက ရှိမှမရှိတာ။ ဒီအစိုးရ နဲ့ အရင်စစ်အစိုးရ ကွာတာဒီတစ်ခုပဲ ရှိတယ်။ အရင်အစိုးရက အရေးကို မခံတာ။ ဒီအစိုးရ ရေးချင် သလောက်ရေး ဂရုကိုမစိုက်တာ။ ဒါပေသိ ရေးခွင့်ရတုန်း ရေးထားဖို့ မာဂျေတို့တာဝန် မဟုတ်ပေ လားဗျာ။ ဒီဘ၀မှာ မသေခင် ဘာပုဂ္ဂလိက စာစောင်မှ မထုတ်ရဆိုတဲ့ခေတ် ပြန်မရောက်လာပေဘူးလို့ မပြောနိုင်ဘူးဗျ။ လောကကြီးမှာ ဘာမှမမြဲဘူး။ အမြဲတမ်း ပြောင်းလဲနေတာ။ မြန်မာနိုင်ငံက အဲဒီ အထဲမှာမှ အပြောင်းအလဲ အများဆုံး။

လမ်းပြကြယ်ရဲ့ ဗျာဒိတ်စကား - မာဂျေ

မြန်မာနိုင်ငံတော် ဒီမိုကရေစီ အစိုးရရဲ့ ဒုတိယဥသျှောင်ဖြစ်တဲ့ ဒုတိယသမ္မတကြီးက လူတစ်ဦး တစ်နေ့ ကျပ်နှစ်ထောင်ဆိုရင် ရပ်တည်ဖို့ လုံလောက်တယ်လို့ ဒလမြို့နယ်က သမ၀ါယမ အသင်းသားတွေကို ပြောလိုက်တယ်တဲ့။ အရမ်းကောင်းပြီး တိုင်းပြည်အတွက် အလွန် တန်ဖိုးရှိတဲ့ သတင်းဖြစ်လို့ မီဒီယာတွေကလည်း အလုအယက် ဖော်ပြကြတာပေါ့ဗျ။ ဆိုရှယ် မီဒီယာတွေပေါ်မှာလည်း မျက်စိ နောက်လောက်အောင်ကို ဖတ်နေရတယ်။ ထင်ရှား ကျော်ကြားသူများ ပြောစကား ဆိုတော့လည်း အဲဒီလို အရေးတယူ ပြုရပေတာ မဟုတ်လားဗျာ။ စီးပွားရေးသမားတွေကလည်း အဲဒီသတင်းပါတဲ့ ဂျာနယ်တွေကို ၀ယ်ပြီး သူတို့ ရုံးတွေက ကြော်ငြာသင်ပုန်းမှာ ကပ်ထားကြတယ်ဆိုပဲ။ အထူးသဖြင့် အထည်ချုပ် စက်ရုံပိုင်ရှင်တွေက

သနားစရာအကောင်းဆုံး - မာဂျေ

"မောင်ကြွက်နီရေ ငါတို့နိုင်ငံမှာ ဘယ်သူက သနားစရာ အကောင်းဆုံးလဲကွ။ မင်းသိရဲ့လား" ....ဆိုပြီးမေးလိုက်တော့ မောင်ကြွက်နီက သူ့မုတ်ဆိတ်ကိုဆွဲရင်း "နေစရာမရှိလို့ ဟိုနားဝင်ကျူး ကျော်ပြန်တော့လည်း စည်ပင်က ဆွဲဖျက်၊ ဒီနားပြေးပြန်တော့လည်း ရိုက်ထုတ်ခံရတဲ့ မြေမဲ့ယာမဲ့တွေက ဒီခေတ်မှာ သနားစရာ အကောင်းဆုံးပေါ့ဗျ။ ဒါလေးများ တစ်နိုင်ငံလုံး၊ သန်းငါးဆယ်စလုံးက သိနေတာကို၊ စောစောစီးစီး ဘာဖြစ်လာရတာလဲ"...တဲ့။

"မှားတယ်၊ မဟုတ်သေးဘူး။ အဲဒီအထဲမှာ တကယ့် မြေမဲ့ယာမဲ့တွေနဲ့ရောပြီး စီးပွားဖြစ်လုပ်စားတဲ့ သူတွေက ပါနေသေးတယ်။ တခြားတစ်ခု စဉ်းစားဦး"

သမ္မတကြီးပေးတဲ့ဆု - မာဂျေ

“အစ်ကိုကြီး ပိုးပုဆိုးကြီးကို မီးပူတိုက်နေတာ ဘယ်မင်္ဂလာဆောင် သွားမလို့လဲဗျ”…..ဆိုပြီး တပည့်မောင်ကြွက်နီ ရောက်ချလာပါတယ်။

“မင်းမို့လို့ ဒီလိုသိမ်သိမ်ဖျင်းဖျင်း တွေးတတ်ပလေကွာ၊ မင်္ဂလာဆောင်သွားမလို့ မဟုတ်ဘူး ကိုယ့်လူ၊ နေပြည်တော်မှာ သမ္မတကြီးပေးတဲ့ဆု သွားယူမလို့”

“အလို ကျားသားမိုးကြိုး၊ စာပေနဲ့ ပတ်သက်ရင် ရပ်ကွက်ကပေးတဲ့ ဆုတောင်မရဘူးပဲနဲ့၊ ဘယ်စာပေဟောပြောပွဲကိုမှ လိုက်ဟောဖို့ အဖိတ်မခံရဖူးပဲနဲ့ ခင်ဗျားကြီးကို သမ္မတကြီးက ဘာဆုတွေ ပေးမလို့တဲ့လဲ၊ ဒီလူနဲ့ဒီလူ ကြည့်လည်း ဖြန်းပါဗျာ”

စကြ၀တေးမင်းပင်စင် - မာဂျေ

“အစ်ကိုကြီးရေ သိန်းနှစ်ရာဆိုရင် အထုပ်ဘယ်လောက်ကြီး သလဲဗျာ”လို့ မောင်ကြွက်နီက မေးလာလို့ “အဲဒါကတော့ ပိုက်ဆံက ဘယ်လောက်တန် အရွက်လည်း ဆိုတဲ့အပေါ် တည်သကွ၊ တစ်သောင်းအုပ် ဆိုရင်ဖြင့် အုပ်နှစ်ဆယ်ပဲ ရှိပေမဲ့ တစ်ထောင်တန် ဆိုရင်ဖြင့် အုပ်၂၀၀ပေါ့ကွာ။ ဘာလဲ မင်းက ဘဏ်ရှေ့သွားပြီး ဓားပြတိုက် မလို့လား” မေးမိတော့ သူက ”သြော် ဂျာနယ်တစ်စောင်မှာ သွားလေသူကြီးရဲ့ အငြိမ်းစား လစာက တစ်လကို ပုံး ၂၀၀ လို့ ရေးတာ ဖတ်လိုက်ရလို့ပါ”တဲ့။

မသာသင်္ကြန် - မာဂျေ

“ဘာလိုလိုနဲ့ တစ်နှစ်တစ်ခါ ကျင်းပမြဲ မသာသင်္ကြန်တောင် နီးလာပါပေါ့လား အစ်ကိုကြီးရေ” လို့ တပည့် မောင်ကြွက်နီက ပြောလာပါတယ်။

မင်းကလည်း စောစောစီးစီး မင်္ဂလာမရှိနဲ့ နင့်အဘ မသာသင်္ကြန် ရမှာလား မဟာသင်္ကြန်ပါကွ..လို့ ပြောလိုက်ပေမယ့် တပည့်ကျော်က ခေါင်းကိုရမ်းပြီး အဲဒါက ဟိုးလောင်းလောင်း အဂိုးတုန်းက ပြောတာ။ အခုတော့ သင်္ကြန်ဆိုရင် မသာပေါ် နည်းမျိုးစုံနဲ့ ပေါ်နေကြလို့ မသာသင်္ကြန်လို့ ပြောတာ” ဆိုပဲ။

လာဘ်ပေးတာသိရင် အရေးယူမယ် ဟုတ်စ - မာဂျေ

လာဘ်ပေးတာသိရင် အရေးယူမယ် ဟုတ်စ လာဘ်ပေးတယ်ဆိုတာ သူများ မယားကြာခိုတာနဲ့ အတူတူပဲ။ လူမသိအောင် လုပ်တဲ့ကိစ္စ။ အဲဒါကို တိတိကျကျ သိရင်လာပြောပါ။ အရေးယူမယ်ဆိုပြီး ၀န်ကြီး တစ်ပါးက ဂျာနယ်ထဲကနေ ပြောတယ်။ တိတိကျကျ သိရအောင်က လာဘ်ပေးပြီးရင် ငွေလက်ခံ ရရှိကြောင်း လက်မှတ်ထိုးခိုင်းလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ ပေးရတဲ့ သူကလည်း အပြင်မှာသာ ပြောတာ၊ တရားရုံးမှာ သက်သေ ဘယ်ထွက်ပါ့မလဲ။ ပြီးတော့ ပေးလိုက်ပြီ ဆိုတာနဲ့ ပြန်ရတဲ့ အခွင့်အရေးက ပေးရတာထက် ဆယ်ဆလောက် မြတ်နေတာလေ။ ဘယ်သူက ကိုယ့်စီးပွား အပျက်ခံပြီး တရားဝင် ပြောမှာလဲ။ ဒါပေသိ လူဆိုတာ အပေါင်းနဲ့ အသင်းနဲ့ဗျ။ ဒီတော့ အရင်း နှီးဆုံး လူကိုပြော၊ အဲဒီလူက တစ်ဆင့်သူနဲ့ ရင်းနှီးတဲ့ သူကိ

ကန်တော့ပစ္စည်းပြန်တမ်း - မာဂျေ

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပန်းဆိုးတန်းလမ်းမှာ ယာဉ်ထိန်းရဲက မာဂျေရဲ့ ကားကိုဖမ်းတယ်။  ဖမ်းမှာပေါ့ အရှိန်နဲ့ မောင်းလာတုန်း မီးပွိုင့်က ရုတ်တရက် ၀ါရာကနေ ချက်ချင်း နီသွားတာကိုး။ အဲဒီပွိုင့်က ကားရှင်းလို့ အရှိန်နဲ့ မောင်းလာရင် ချက်ချင်းဝါ ချက်ချင်းနီ တယ်ဆိုတာ အဲဒီခေတ်က နာမည်ကြီး။ ဘာပဲပြောပြော ကားရှေ့ကနေ မျက်နှာကို သနပ်ခါးတွေ လိမ်းထားတဲ့ ယာဉ်ထိန်း တစ်ယောက်က တားပါလေရော။ ဘယ်အကြောင်းနဲ့ဖြစ်စေ ကိုယ်မှား နေပြီဆိုတာက သေချာ နေလေတော့ (ကားသမား မှားအောင်လည်း အမှန်က သူတို့ပဲ ပွိုင့်ကိုကိုင်ပြီး လုပ်နေတာပါ) မငြင်းတော့ပါဘူး။ နှစ်ထောင် ထုတ်ပေး လိုက်တယ်။ဒီတော့  ယာဉ်ထိန်းက မကိုက်လို့ပါ၊ တိုးပေးပါဦး၊ ငါးထောင်လောက်

လေယာဉ်ပျောက် ရှာချင်သလား - မာဂျေ

မြန်မာနိုင်ငံက ဒီနှစ်အတွက် (အရှေ့တောင်အာရှ နိုင်ငံများအသင်း) အာဆီယံရဲ့ ဥက္ကဌ ဖြစ်တယ်။ ဒီတော့ ၂၀၁၄ခုနှစ် အတွင်းမှာ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အရေးအရာတွေကို ဦးဆောင် ဖြေရှင်းပေးဖို့ တာဝန် ရှိလာတယ်။ လောလောဆယ်တော့ အံ့မခန်းဖွယ် ပျောက်ဆုံးမှုလို့ အမည်တပ်ထားတဲ့ မလေးရှား လေကြာင်းက ဘိုးအင်း ၇၇၇ လေယာဉ်ကြီး ကွာလာလမ်ပူကနေ ဘေဂျင်း အသွား လမ်းမှာ ပျောက်သွားတယ်။ အဲဒီလေယာဉ် သွားလမ်းတစ်လျှောက်က စင်ကာပူ၊ ဗီယက်နမ်နဲ့ မလေးရှား ရေတပ်၊ လေတပ်တွေ ပေါင်းပြီး ရှာနေတာ တစ်ပတ်ရှိပြီ။ ဘာသတင်းမှ မရဘူး။ ဒီလေယာဉ်လမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ လူနေ အထူထပ်ဆုံး ဒေသတွေကို ဖြတ်ပြီး ပျံသန်းတာ ဖြစ်ပါလျက်၊ အသွားအလာ ထူထပ်တဲ့ နေရာမှာ ပျံသ

Pages