Satire

ဒီမိုကရေစီ ဘီယာဆိုင် - (မာဂျေ)

“အစ်ကိုကြီးရ အစ်ကိုကြီးရ အစ်ကိုကြီး ...ဟာဒီလောက် ခေါ်နေတာ ပြန်လဲ မထူးပါလား၊ ခင်ဗျားကြီး နားပင်း သွားပြီလား” ...ဆိုတဲ့ မေးသံ နဲ့အတူ စောစော စီးစီး တပည့်ကျော် မောင်ကြွက်နီ ရောက်လာ ပါတယ်။

“နင့်အဘ နားပင်း ရမှာလား၊ အခုတလော လူတွေ ဘာပြောပြော မှားတာနဲ့ အင်တာနက် ပေါ်ကနေ ရော၊ သတင်းစာ မျက်နှာတွေပေါ်က တွယ်နေလို့ ငါလည်း စကား မမှားအောင် ၀စီပိတ် ကျင့်နေတာ”...လို့ ပြန်ဖြေလိုက်ရင်ပဲ။

မပေး….ပေး ပေး ပေး..ငါ့ကျောက်တုံးကြီးပြန်ပေး ဟေး (မာဂျေ)

အော် ခေတ်ကာလကြီးက တစ်ပတ်လည်ပြီး ရွဲကုန်သည်ခေတ်ကို ပြန်ရောက်သလားတောင် ထင်မိတယ်။ အကြောင်းကတော့ တိုင်းသိပြည်သိ ကျောက်စိမ်းတုံးကြီး ကိစ္စပေါ့ဗျာ။ အများသိတဲ့အတိုင်း ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲတွေပြန်ဖြစ်တဲ့ ကချင်ပြည်နယ်က ဖားကန့် ကျောက်စိမ်းဒေသမှာ ကျောက်စိမ်း လုပ်ငန်းရှင်တွေက ဆက်ကြေးနဲ့ ဘာကြေးညာကြေးတွေပဲ မှန်မှန်ပေး နေရပေမဲ့ ကျောက်စိမ်း မတူးနိုင်တာကြာပေါ့။

Pages