Satire

ဝန်ကြီးချုပ်ဒုက္ခ - မာဂျေ

တိုင်းသူပြည်သား အရပ်သားစစ်စစ်တွေထဲက သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၀န်ကြီးချုပ်တွေ ဖြစ်လာကြတော့ ပြည်သူတွေက အရင်ကလို မကြောက်ကြတော့ဘူး။ ဒါဟာ မကောင်းဘူးလား ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းသလားမေးရင်တော့ မကောင်းဘူးလို့ ဖြေရမယ်ထင်ပါတယ်။ တခြားပြည်နယ်နဲ့ တိုင်းတွေတော့ မသိဘူးဗျာ။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုတော့ သူ့ခမျာ ၀န်ကြီးချုပ်ဖြစ်တာမှ တစ်လ မပြည့်သေးဘူး။ ဟိုကဝေဖန်လိုက်၊ ဒီက ထောက်လိုက်နဲ့ အတော်သနားစရာ ကောင်းနေတယ်။

လွှတ်တော်ဇာတ်လမ်းများ - မာဂျေ

ပြည်သူ့လွှတ်တော် အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေလည်း ခြိမ့်ခြိမ့်သဲ ကျင်းပနေပါပြီ (အခုတော့ ခဏနားထားတယ် ကြားတာပဲ)။ အခုလွှတ်တော် အမတ်မင်းတွေကလည်း အရင်လွှတ်တော် အမတ်တွေနဲ့မတူ အဆိုတွေတင်ကြ၊ ထောက်ခံကြ၊ ကန့်ကွက်ကြနဲ့ လွှတ်တော်တွေ အားလုံးဟာ စကတည်းက အသက်ဝင်နေပါတယ်။ ဒါပေသိပေါ့ဗျာ။ တချို့အမတ်တွေက လွှတ်တော်နဲ့ ကဗျာရွတ်ပွဲ နေရာမှားပြီး ကာရန်တွေ နဘေတွေနဲ့ လိုရင်းမရောက်ဘဲ အချိန်တွေ ဖြုန်းနေတာတွေလည်း တွေ့လာရပါသဗျ။ တချို့ကလည်း စိတ်တွေလောပြီး အခုအချိန် မပြောသင့် မဆိုသင့်သေးတဲ့ အဆိုတွေ အလောတကြီး သွင်းနေတာကိုလည်း တွေ့ရပါသဗျ။ တချို့ကျတော့လည်း အချက်အလက် အဟောင်းတွေနဲ့ ထပြီး အဆိုတွေ တင်နေချိန်မှာ ချေပတဲ့ဖက

အဆို - မာဂျေ

နိုင်ငံရေးဆိုတာ နိုင်ငံသူနိုင်ငံသားတွေနဲ့ ပတ်သက်တယ်။ အားလုံး စိတ်ဝင်စားရမယ်လို့ ရုံးက၀န်ထမ်းတွေကို မာဂျေ အမြဲပြောလေ့ရှိပါတယ်။ ခေတ်စနစ်က အရင်လို မဟုတ်တော့ဘူး။ ပြည်သူ့အာဏာက ပြည်သူ့လက်ထဲ ရောက်နေပြီ။ ဒါကြောင့် ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမတ်တွေက ပြည်သူတွေအတွက် အဆိုတွေ လွှတ်တော်မှာ တင်သွင်းကြမယ်။ ဆုံးဖြတ်ကြမယ်။ အကောင်အထည်တွေ ဖော်ကြမယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဒါတွေကို မင်းတို့ မျက်ခြေမပြတ်ဖို့ လိုတယ်လို့ ဆုံးမလမ်းညွှန်ထားသလို အဲဒီအပြင် လွှတ်တော်ချယ်နယ် ကြည့်ခိုင်းတာတို့ သတင်းစာ မှန်မှန်ဖတ်ခိုင်းတာတို့လဲ လုပ်ပါတယ်။ ဒါပေသိ အဲဒီလို တွေလုပ်လိုက်တဲ့ဒဏ်ကို ခပ်စပ်စပ်လေး မာဂျေခံလိုက်ရပါတယ်။

မာဂျေ ပေးမဲ့စွမ်းဆောင်ရည်ဆု - မာဂျေ

သတင်းစာမှာ သမ္မတကြီးက နိုင်ငံစွမ်းဆောင်ရည်ဆုတွေ ပေးတာကြည့်ပြီး မျက်စိ အတော်လည်းသွားတယ်။ တစ်ချို့ဌာနတွေမှာ ၀န်ကြီးတွေမရဘဲ ဒုဝန်ကြီးဆုရတယ်။ ဒုဝန်ကြီး ဒီလောက် တော်နေမှန်းသိရင် အစကတည်းက ၀န်ကြီးနေရာ မပေးသင့်ပေလား။ တစ်ချိန်လုံး ၀န်ကြီးလုပ်လာတဲ့သူခမျာ သက်တမ်းကုန်ကာနီး ဆုပေးချိန်ရောက်မှ အရှက်နှစ်ခြမ်း ဗြန်းဗြန်းမကွဲပေလား။ တစ်ချို့ဌာနကျတော့ ၀န်ကြီးရော၊ ၀န်ကလေးရော မရဘဲ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ ရကြတယ်။ ဒါဆိုရင်လဲ အစောကတည်းက တော်မှန်းသိနေရင် သူတို့ကိုပဲ ၀န်ကြီး ဝန်ကလေး မခန့်သင့်ပေလား။ မာဂျေ စဉ်းစားကြည့်တာပါ။ ဒါပေသိ မာဂျေက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ မဟုတ်ဘဲ သူတို့လို အတွင

ကယားတစ်ခေါက် - မာဂျေ

မာဂျေဟာ ကယားပြည်နယ် ဒေသအနှံ့ ရောက်ခဲ့ဖူးပါတယ်။ ဒါပေသိ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကဖြစ်လို့ သောကြာနေ့ ကယားခရီးစဉ်ဟာ မာဂျေ့အတွက် အရင်နဲ့မတူတဲ့ မြင်ကွင်းသစ်တွေ မြင်ခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူး။ သွားတဲ့အကြောင်းကတော့ ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်း ၁ရက်က မော်ချီးမြို့မှာ မြေတွေပြိုပြီး လူ့အသက်အိုးအိမ်တွေ ပျက်စီးခဲ့ရတယ်။ အဲဒီမိသားစုတွေအတွက် ကမ္ဘောဇ အနာဂတ် အလင်းတန်း ဖောင်ဒေးရှင်းက အိုးအိမ်တွေ ပြန်ဆောက်ပြီး ရွာသစ်ပြန်လည် တည်ဆောက်ဖို့ အလှူငွေကျပ်သိန်း  နှစ်ထောင့်သုံးရာကျော် ပေးအပ်တဲ့ပွဲကို သွားခဲ့တာဖြစ်ပါတယ်။

အလင်္ကာကျော်စွာ မာဂျေ - မာဂျေ

မာဂျေဟာ ဘွဲ့ထူးဂုဏ်ထူး ရာထူးတွေ အရမ်းမက်သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အပတ်ကလည်း အန်တီစုဆီကို တူမောရိုးဂျာနယ်က တစ်ဆင့် ၀န်ကြီးလျှောက်လွှာဆိုတာ ရေးပြီးဖော်ပြခဲ့ပါတယ်။ ဒါပေသိပေါ့ဗျာ လူတစ်ယောက်က သရော်စာဆိုတာ ဘာလဲဆိုတာ မသိတာလား၊ ကြုံတုန်းမသိချင် ယောင်ဆောင်ပြီး ချလိုက်ဦးမတဲ့ ဆိုတာလားတော့ မသိဘူး။ အန်တီစုဆီ လာမရှုပ်ပါနဲ့။ သချိုင်းက ကြံ့ဖွတ်ကိုသွားပြီးပဲ အကြံပေးလုပ်ပါဆိုပြီး ဖေ့စ်ဘွတ်ခ်မှာလာပြီး ဖဲ့ပေးထားသေးတယ်။ ဘာပဲပြောပြော ဒီတစ်ပတ်တော့ လက်ရှိအစိုးရ မဆင်းခင် မာဂျေ့ကိုလည်း ဘွဲ့လေးတစ်ဘွဲ့ ပေးခဲ့ဖို့ အဆိုပြုချင်ပါတယ် ခင်ဗျ။ ဘွဲ့ဆိုတာမှာ သမ္မတတို့ ၀န်ကြီး ၀န်လေးတို့ကို ချီးမြှင့်တဲ့ အဂ္ဂမဟာ သရေစည်သူဘ

ဝန်ကြီးလျှောက်လွှာ - မာဂျေ

ရွေးကောက်ပွဲ  အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို ရွေးကောက်ခံထားရတဲ့ အမတ်ထဲကရော ပြင်ပကလူပေါင်း ၆၉ယောက်က သူတို့ဟာ ဘယ်ကဏ္ဍတွေမှာ တစ်ဖက်ကမ်းခတ်တတ်တဲ့ အတွက် အဲဒီသက်ဆိုင်တဲ့ ဌာနတွေမှာ ၀န်ကြီးနေရာပေးဖို့ စာရေးတောင်းဆိုကြသတဲ့။ အဲဒီလူတွေကို ရာထူးခန့်မခန့် မသိသေးပေမဲ့ အကယ်၍ ခန့်ခဲ့ရင် ရောတိရောရာ ကိုယ်လဲပါလိုပါငြား မာဂျေလည်း အယောက် ၇၀မြောက် လျှောက်လွှာတင်သူအဖြစ် ၀န်ကြီးတစ်နေရာ ၀င်လျှောက်လိုက်ပါရစေ အန်တီစုခင်ဗျား။

ဖိုးတခေတ်နဲ့ လိပ်ကျွန်း - မာဂျေ

အခုအပတ်အတွက် ပြည်သူတွေကြားမှာ အပြောအများဆုံး သတင်းနှစ်ခုရှိပါတယ်။ ဖားကန့်ကိစ္စတွေ၊ တိုက်ပွဲသတင်းတွေ၊ အစိုးရသတင်းတွေကို ကျော်ဖြတ်ပြီး လူတိုင်းစိတ်ဝင်စားနေတာက ကရင်ပြည်နယ်ထဲက ရွာတစ်ရွာမှာ စူပါပါဝါတွေ ရထားတယ်ဆိုတဲ့ ဖိုးတခေတ်အကြောင်းနဲ့ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်စီရင်ခံထားရတဲ့ ရခိုင်တိုင်းရင်းသား ဆယ်ကျော်သက်လေး နှစ်ဦးအကြောင်းပါပဲ။

ကြာသပတေးသားနဲ့ စနေသားထဲက သမ္မတ ရွေးရအောင် - မာဂျေ

၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ သမ္မတလောင်း ဘယ်သူဖြစ်မယ်ဆိုတာ ပြည်သူတွေထဲမှာ ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်ပါတယ်။ အနာဂတ်ဆိုတာ ဘယ်သူမှ ကြိုမသိလေတော့ ဒီအချိန်မှာ ဗေဒင်ဆရာတွေကို အားကိုးရတော့တာပေါ့။ ဗေဒင်ဆရာတွေကလည်း ဘယ်သူမှ မမေးလည်း သူတို့ရဲ့ အလုပ်အရ တွက်ချက်နေကြတာပါပဲ။ ဒါပေမဲ့ မီဒီယာ အားကောင်းလာတဲ့ ခေတ်မှာတော့ သူတို့အတွက်အချက်တွေကို ပြည်သူတွေ သိခွင့်ရတာပေါ့။ လောလောဆယ် မန္တလေးမှာ သက်ကြီးအနုပညာရှင်တွေနဲ့ အင်တာဗျူးလုပ်ပြီး ပြန်လာတဲ့ ကိုဇာဂနာဆီက သတင်းတစ်ခု ရပါတယ်။ သူကပြောတယ်။ မန္တလေးက ဗေဒင်ဆရာ တစ်ယောက်က သမ္မတလောင်းဟာ ကြာသပတေးသားနဲ့ စနေသားထဲက ဖြစ်ရမယ်လို့ ဟောသတဲ့။ ဒါနဲ့ မာဂျေလည်း သမ္မတလောင်း ရေပန်းစားတဲ့ သူ

မျက်နှာကြီးရာ ဟင်းဖတ်ပါ - မာဂျေ

ဒီမိုကရေစီ အစိုးရသက်တမ်း တစ်ခုပြီးသွားပါပြီ။ တူမောရိုး ဂျာနယ် အတွက် ပြီးခဲ့တဲ့ အစိုးရ (အခုထက်ထိတော့ သူတို့ပါပဲ) လက်ထက်မှာ သမ္မတကစပြီး ၀န်ကြီး ၀န်ကလေးတွေကို တွေ့ဆုံမေးမြန်းခွင့် တောင်းခဲ့ပေမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရယ် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းရယ်၊ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရယ်၊ ပို့ဆောင်ရေးဝန်ကြီး ဦးဉဏ်ထွန်းအောင်ရယ်နဲ့ပဲ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကိုလည်း မေးခွန်းတွေပို့ပြီး အင်တာဗျူးလုပ်ခွင့် တောင်းခဲ့ပေမယ့် အလုပ်မအားလို့ မတွေ့နိုင်သေးပါဘူးဆိုတဲ့ စာနဲ့တင် ကျေနပ်လိုက်ရတယ်။ ကျန်းမာရေးဝန်ကြီး နှစ်ဆက်လုံးကတော့ တွေ့ဆုံမေးမြန်းခွင့် စာတင်တာကို အဖ

Pages