Satire

မီဒီယာကိုချည်း အပြစ် လာ…လာ ပြောမနေနဲ့ - မာဂျေ

ဖေ့စ်ဘွတ်စ်ထဲမှာ ဖတ်လိုက်ရတယ်။ အောက်တိုဘာ ၁၆ရက် ညနေမှာ SSA၀မ်ဟိန်း အဖွဲ့က ၀ိန်းတောင်မှာ ရှိတဲ့ ခလရ (၂၈၆)ကို ၀င်တိုက်တယ်။ တပ်ရင်းက ရှေ့တန်းထွက်နေလို့ နောက်ချန်တပ်ဖွဲ့နဲ့ ရဲမေတွေ ရွတ်ရွတ်ချွံချွံ ခုခံလို့ SSAတွေ အလောင်းနှစ်လောင်း ကျန်ပြီး ဆုတ်ခွာ ထွက်ပြေးရတယ်။ နောက်တခါ လာတိုက်တော့လည်း အလောင်းခြောက်လောင်း ကျန်ပြီး SSAတွေ ဆုတ်ခွာ ထွက်ပြေးရတယ်။ ရဲမေတချို့နဲ့ ကလေးတွေ ထိခိုက်ဒဏ်ရာရတယ်။ အသေအပျောက် မရှိဘူးတဲ့။ ဒါဟာ ၀မ်းသာစရာ သတင်းတစ်ခုပါ။

လူကျွံဘော - မာဂျေ

ဖေ့စ်ဘွတ်ဆိုတာ အမေရိကန် ဟားဗတ် တက္ကသိုလ်က မာခ့်ဇူကာဘာခ်ျ့နဲ့ သူငယ်ချင်းလေးဦး တီထွင်ခဲ့တဲ့ လူမှုရေး ကွန်ယက်ဖြစ်ပြီး ၂၀၀၄ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်မှာ စတင်ခဲ့တယ်။ စစချင်းမှာ ဟားဗတ်တက္ကသိုလ် ကျောင်းသားတွေ သုံးစွဲဖို့ပဲ ကန့်သတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘော်စတွန် ဒေသက တစ်ခြား တက္ကသိုလ်တွေ ဖြစ်တဲ့ အိုင်ဗီကောလိပ်နဲ့ စတန်းဖို့ တက္ကသိုလ်က ကျောင်းသားတွေပါ သုံးစွဲဖို့ ဖွင့်ပေးခဲ့တယ်။ ၂၀၀၆ခုနှစ်မှာတော့ မည်သူမဆို အသက်၁၃နှစ်ပြည့်ပြီးရင် မှတ်ပုံတင်ပြီး သုံးစွဲနိုင်ကြောင်း ကြေညာခဲ့တယ်။ ၂၀၁၅ခုနှစ် သြဂုတ်လမှာတော့ လစဉ်သုံးစွဲသူပေါင်း ၁၁၈၀သန်းအထိ ရောက်ရှိလာပြီ ဖြစ်တယ်။ ဖေ့ဘွတ် တီထွင်သူတွေရဲ့ ရည်ရွယ်ချက်က မိမိနဲ့ ခင်မင

တိုင်းတုန်ပြည်တုန် ကျောက်ဖရုံသီးဂုဏ် - မာဂျေ

မြန်မာနိုင်ငံဟာ ကုန်သွယ်မှု လိုငွေပြနေတယ်။ သွင်းကုန်က ဒလဟောများပြီး ပို့ကုန်က ဘာမှမယ်မယ်ရရ မရှိတဲ့ ဒဏ်တွေပေါ့။ ကားတွေများလာတော့ စက်သုံးဆီတွေ ပြည်ပကနေ သွင်းရတယ်။ တစ်နေ့ကို ကျပ်သန်းတစ်ထောင်ဖိုးလောက် စက်သုံးဆီတွေကို ကားထဲထည့်ပြီး နေ့စဉ်မီးရှို့နေတယ်။ ပဲဆီနဲ့နှမ်းဆီတွေ ဈေးအရမ်းတက်ပြီး ပြည်တွင်းစားဖို့ မလုံလောက်တော့ ပြည်ပက စားအုန်းဆီ အပါအ၀င် သစ်သီးသစ်ရွက်ဆီတွေ သွင်းရတယ်။ အဲဒီသွင်းကုန်ဖိုးကလည်း နေ့စဉ် ကျပ်သန်းထောင်ချီနေတယ်။ ဒီကြားထဲ တီဗီတို့ အောက်စက်တို့က အစ ရေဒီယိုအလယ် လက်ကိုင်ဖုန်းအဆုံး ကိုယ့်နိုင်ငံတွေထဲမှာ မလုပ်နိုင်တာတွေက လူတိုင်းလောက်နီးပါး။ မိသားစုတိုင်းလောက်နီးပါး။ သုံးစွဲလာနိုင်ကြတော့ ပြည

တစ်ရွာလုံးနဲ့မတဲ့တာ တားတားမမှားဘူး။ တစ်ရွာလုံး မှားတာ - မာဂျေ

မိဘကျီသူများ ခင်ဂျား...အခုတစ်လော မီဒီယာဆိုတဲ့ စတုတ္တမဏ္ဍပ် ရွာသားတွေက တားတားလေးကို ၀ိုင်းချနေလိုက်ကြတာ၊ ရစရာကို မရှိဘူး၊ တားတားလေးကို မိဘကျီသူများက ပစ်မထားကြပါနဲ့။ တားတားက အစိုးရ မကောင်းကြောင်း၊ လွှတ်တော်ထဲက တားတားနဲ့ မတည့်တဲ့ အမတ်တွေ မကောင်းကြောင်း၊ စစ်တပ် မကောင်းကြောင်း၊ တားတားနဲ့ မတည့်တဲ့ အနုပညာသမားတွေ မကောင်းကြောင်း၊ အာဏာရပါတီ မကောင်းကြောင်း၊ ဂျာနယ်လစ်တွေ မကောင်းကြောင်း၊ ပြိုင်ဘက် ဂျာနယ်ကြီးတွေ မကောင်းကြောင်း၊ ဟိုကောင်စီဒီ ကောင်စီ မကောင်းကြောင်း  တားတားနဲ့ မတည့်တဲ့ ခရိုနီတွေ မကောင်းကြောင်း၊ နိုင်ကျဉ်းတွေ မကောင်းကြောင်း၊ ၈၈မျိုးဆက်တွေ မကောင်းကြောင်းလောက်ပဲ ရေးမိတာပါ။

၂၀၁၅ ရွေးကောက်ပွဲနှင့် ခရိုနီလေးမျိုး မီဒီယာ နှစ်မျိုး - မာဂျေ

ရွေးကောက်ပွဲကြီး နီးလို့လာပါပြီ။ ပါတီအသီးသီးကလည်း မဲတွေ ဆွယ်နေကြပါပြီ။ မဲဆွယ်ဖို့နဲ့ အမတ်လောင်းတွေကို ထောက်ပံ့ဖို့လည်း ငွေလိုလာပါပြီ။ ဒီတော့ ဘယ်အချိန်နှိုက်နှိုက် ငွေထွက်တဲ့ ခရိုနီ သူဌေးကြီးတွေဆီ အပူကပ်တဲ့သူက ကပ်၊ သူဌေးမင်းများက အလိုက်တသိ ငွေထုတ်ပေးတာကို ယူတဲ့သူက ယူနဲ့ ရွေးကောက်ပွဲ ယိမ်းကြီးက မြိုင်မြိုင်ကြီး ထွက်လာပါပြီ။ တစ်အိမ်ထဲ တစ်မိသားစု ထဲမှာတင် ဟိုပါတီကို မဲပေးမယ်။ ဒီပါတီကို မဲပေးမယ်နဲ့ ငြင်းကြခုံကြ။ ရွာဦးဆရာတော်က ဟိုပါတီကို မဲပေးစေချင်၊ ကျောင်းဒကာက အဲဒီ့ ပါတီကို မကြိုက်နဲ့ နောက်ဆုံး ဆရာတော်ကို ကျောင်းပေါ်က နှင်ချတာတွေအထိ အရင် ပါလီမန် ဒီမိုကရေစီခေတ်မှာ ကြုံခဲ့ဖူးပါပြီ။ ရွေးကောက်ပွဲ နီး

အမတ်လောင်း ပပ၀တီနဲ့ ဥမ္မာဒန္တီ - မာဂျေ

ရွေးကောက်ပွဲကြီးလည်း နီးလာပြီ။ တရားဝင် မဲဆွယ်ခွင့် ကာလလည်း စပြီဆိုတော့ ပါတီတွေ အလိုက်ရော အမတ်လောင်းတွေရော အပြိုင်အဆိုင် မဲဆွယ် လာကြပြီး။ နိုင်ငံရေး သင်္ကြန်ယိမ်းက စထွက်ပြီးပေါ့ဗျာ။ ဒီ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာတော့ ထူးထူးခြားခြား ချောချောလှလှ အမျိုးသမီး အမတ်လောင်းတွေရဲ့ ပုံတွေက အင်တာနက်မှာ ပြန့်နှံ့နေသလို တစ်ချို့ မြို့တွေဆိုရင် ချောတဲ့ လှတဲ့ အမတ်လောင်းကိုပဲ မဲပေးကြမယ်ဆိုတာတွေ ဖြစ်ကုန်တယ်။ တော်သေးတာပေါ့ဗျာ။ မာဂျေတို့က အမတ်လောင်း မရူးပေမိလို့။ ကိုယ်နဲ့ပြိုင်မယ့် မဲဆန္ဒနယ်မှာ တကယ်လို့သာ ချောချောလှလှ အမျိုးသမီး အမတ်လောင်းနဲ့ ထိပ်တိုက်တိုးရင် ရုပ်ရေရူပကာ တစ်ခုတည်းနဲ့တင် မာဂျေတို့ ခွက်ခွက်လန်ရှုံးမ

မွေးကတည်းက သင်းလိုက်ကြပါတော့ကွယ် - မာဂျေ

အင်္ဂါနေ့ မနက်မှာ သတင်းစာတွေကို ဖတ်မိတော့ မဟာပုရိသတွေ အတွက် သတင်းဆိုး တစ်ပုဒ် တွေ့လိုက်တယ် ဒါကတော့ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဌာန်းဆိုတာ တွေ့လိုက်ရလို့ပါ။ ဒီသတင်းကို ဖတ်လိုက်ရတဲ့ အမျိုးသားတွေ တော်တော် ထိတ်လန့်သွားကြပုံရတယ်။ မာဂျေ့ဆီကို ဖုန်းဆက်ပြီး ကိုမာဂျေမှတစ်ပါး ကယ်မယ့်သူ မရှိတော့ဘူးဆိုပြီး ချွန်တွန်းလုပ်တဲ့ ဖုန်းတွေက တောက်လျှောက် ၀င်လာတယ်။ ညစာစားဖို့တို့ အရက်တိုက်ဖို့ဆိုရင် တစ်ခါမှ သတိမရတဲ့ သူတွေက အခုမှ ကိုမာဂျေရေ ကြည့်လုပ်ပါဦး ဆိုတာတွေ ဖြစ်လာတယ်။

လေဘေး - မာဂျေ

ဆယ်စုနှစ်တစ်ခု အတွင်း မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး နာဂစ် မုန်တိုင်းရော တစ်နိုင်ငံလုံး ရေကြီးမှုရောတော့ ပြည်သူတွေ နဖူးတွေ့ ဒူးတွေ့ကြုံပြီးကြပြီ။ ဆုတ်ကပ်ကြီးထဲမှာ ဘာတွေများ ထပ်လာဦးမလဲဆိုတာ ဆရာ ဦးထွန်းလွင်ကို မမေးပဲ ပြောရရင်တော့ လေဘေး  အကြီးအကျယ် ကျရောက်ဖို့ ရှိနေပါတယ်။ အခုကို လေဘေးကစနေပြီး နိုဝင်ဘာ ၆ရက်နဲ့ ၇ရက်မှာ အကြီးအကျယ် တိုက်ခတ်မှာ ဖြစ်တယ်။ နိုဝင်ဘာ ၈ရက်မှာတော့ လေမုန်တိုင်းက အားပျော့ပျက်ပြယ်သွားမှာ ဖြစ်တယ်။

အကွက်ရွှေ့သူများ - မာဂျေ

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ ရောက်မယ် မကြံသေးဘူး။ အကွက်ရွှေ့တဲ့သူတွေက သိပ်များဗျာ။ တချို့က အစိုးရနဲ့ပေါင်းပြီး အကွက်ရွှေ့တယ်။ တချို့က လွှတ်တော်နဲ့ ပေါင်းပြီး အကွက်ရွှေ့တယ်။ တချို့လူလည်ပတ်ကားတွေက အာဏာရမယ်ထင်တဲ့ ပါတီနဲ့ ပေါင်းပြီး အကွက်ရွှေ့တယ်။ တချို့ကတော့ ပြည်ပ အဖွဲ့အစည်းတွေဆီက ပိုက်ဆံယူပြီး အကွက်ရွှေ့တယ်။ ဒီအထဲမှာ မီဒီယာသမား တချို့ကလည်း မီဒီယာကျင့်ဝတ် ဖောက်ဖျက်ပြီး ပျော်ပျော်ကြီး နိုင်ငံရေးအကွက် ၀င်ရွှေ့နေကြသေးတယ်။ ပိုက်ဆံရှိတဲ့ မီဒီယာ တစ်ခုကလည်း အမတ်မွေးဖို့ အကြံနဲ့ ဟိုလူ့ကို ရွေးကောက်ပွဲ ၀င်ပါလား၊ ဒီလူ့ကို ရွေးကောက်ပွဲ ၀င်ပါလား၊ နောက်ကနေ ငွေရေး ကြေးရေး ထောက်ပံ့ပေးမယ်ဆိုပြီး အမတ်လ

Pages