Satire

မာဂျေသေပြီ - မာဂျေ

မာဂျေသာ တကယ်သေကြည့်ပါလား။ ၀မ်းသာမယ့်သူတွေက နည်းမှာမဟုတ်ဘူး။ မာဂျေရဲ့ ကလောင်နဲ့ အထိုးခံထားသူတွေ၊ မာဂျေရဲ့ တူမောရိုး ဂျာနယ်လေး အောင်မြင်တာကို ကြိတ်မနိုင်ခဲမရနဲ့ ညတောင် အိပ်မရသူတွေ အလွန်ပျော်ကြမှာပဲဗျ။ ဒါပေသိ မာဂျေက ၉၃ နှစ်အထိ အသက်ရှည်မယ်လို့ ရခိုင်ပြည်နယ်မှ ဆရာတော် တစ်ပါးက   လွန်ခဲ့တဲ့ နှစ် ၂၀လောက်က ဟောထားတာ။ အဲဒီ ဟောကိန်းကို လိပ်ကြီးလို ကိုယ့်ဘက်ကိုယ်ယက်ပြီးတွေးရင်း ပျော်နေလေတော့ တော်တော်နဲ့ သေဦးမယ်မထင်။ မာဂျေကို မုန်းသူတွေ  သာဝန်တို မစ်္ဆိယစိတ်တွေနဲ့ သေချင်သေသွားမယ်။ လောကကြီးမှာ ပျော်အောင်နေတဲ့ မာဂျေကတော့ နောက်ထပ် နှစ်လေးဆယ်ကျော်တော့ နေရဦးမှာဗျ။

ဟိုရှေ့က ဆူဆူညံ ဘာသံလဲမေး - မာဂျေ

ပြီးခဲ့တဲ့အပတ်ကတော့ လွှတ်တော်ထဲမှာ အတော်ပွဲဆူသွားတယ်။ လွှတ်တော်ချယ်နယ် ကြည့်နေတဲ့သူတွေတောင် ဟင်ကနဲ ဟာကနဲ ဖြစ်သွားတယ်။ ဒါတောင် ညွှန့်ပေါင်းအစိုးရတို့၊ လွှတ်တော်ထဲမှာ ပါတီအများကြီးတို့ မရောက်သေးဘူးနော်။ အာဏာရပါတီ တစ်ခုတည်းက အမတ်အများစုနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်နဲ့ အဲဒီအာဏာရပါတီက လူတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရ အချင်းချင်းတောင် ဖြစ်နေလိုက်ကြတာ။ ဒါဟာ မြန်မာ့စိတ်ရင်းအမှန် ဖြစ်ပါသည်ခင်ဗျလို့တောင် ပြောရလောက်တယ်။ နောင်လာမယ့် ရွေးကောက်ပွဲဆိုရင် ပါတီပေါင်းစုံက အမတ်တွေ လွှတ်တော်ထဲ ရောက်လာတော့မယ်။ မာဂျေထင်သလောက်ကတော့ အစိုးရဖွဲ့ဖို့လည်း ဘယ်ပါတီမှ မဲအပြတ်အသတ် မရနိုင်လို့ ညွန့်ပေါင်းအစိုးရပဲ ဖွဲ့ရလိမ့်မယ်။ အတော်ကြည့်ေ

ရွှေရေးထင်ထင်နှင့် စပွန်ဆာကြီးများ - ရွှေရေးထင်ထင်

အကျွန်ုပ်သည် ဤရက်ပိုင်း အတွင်း ကြီးစွာ စိတ်အနှောင့်အယှက် ဖြစ်နေလေရ၏။ မည်သို့သော အကြောင်းတရားကြောင့် မှန်းမသိ နာမည်ကြီးလာသော ရွှေရေးထင်ထင်သည် ပြည်သူအပေါင်းအား ရုပ်ရော အသံတို့နှင့်ပါ နှိပ်စက်နေသည်ကို ကျွန်ုပ် တော်တော် အမြင်ကပ်လာလေပြီ။ သူမသည် စာရေးခြင်းသာ ၀ါသနာပါသည်ဆိုငြား သူမ၏ ဓာတ်ပုံတိုင်းတွင် မော်ဒယ်အလား ထင်မှတ် မှားရအောင် ဟန်မူယာပေးလွန်းလှ၏။ ထို့ကြောင့် သူမအား သာသာကလေး ဖိနှိပ်၍ နာနာကလေး တွန်းချရန် အကြံအစည်ဖြင့် ကျွန်ုပ်သည် သူမထံ သွားရလေချေတော့မည်။

"ကျွန်တော် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးပါ"

ရင်ကိုမှန်သော အလုံးများ - မာဂျေ

ဒီတစ်ပတ် မာဂျေ့ ရင်ကို လာမှန်တဲ့ အလုံးနှစ်လုံးရှိပါတယ်။ ပထမ တစ်လုံးကတော့ ဆီးဂိမ်းမှာ မြန်မာအသင်း ပြိုင်နေတဲ့ ဘောလုံးပဲဖြစ်တယ်။

၂၀၁၅ အလုံးများ - ရွှေရေးထင်ထင်

တစ်နေ့သော် အကျွန်ုပ်သည် စာမူအသစ်လေးများ ရေးသားရန် အလို့ငှာ လတ်တလော ရေပန်းအစားဆုံး သတင်းလေးများအား လိုက်လံရှာဖွေနားစွင့် ကြည့်လိုက်၏။

ကျပ်နဲ့ပြား၊ ချောင်နဲ့ထောင် - မာဂျေ

မြန်မာနိုင်ငံဟာ ဇဗ္မူဒီပါ လင်္ကျာတောင်ကျွန်းမှာရှိလို့ သြဘာနိမိတ်ထွန်းသတဲ့။ ဒါကြောင့်လဲ အတိတ်တွေ နိမိတ်တွေ၊ စနည်းတစ်ဘောင်တွေဟာ အနာဂတ်မှာ ဖြစ်ပျက်မဲ့ အရာတွေကို ကိုယ်စားပြုတယ်လို့ ပြောကြတယ်။ တကယ်လို့ တိုက်တန်းနစ် သင်္ဘော ပိုင်ရှင်သာ မြန်မာလူမျိုးဆိုရင် အဲဒီနာမည် ဘယ်မှည့်လိမ့်မလဲ။ နာမည်ကိုက တိုက်ရင်တန်းပြီး နစ်မယ်လို့ အဓိပ္ပာယ် ရနေတာကိုးဗျ။ မာဂျေတင် အယူသည်းသလားဆိုပြီး အင်တာနက်ပေါ် ရှာကြည့်တော့ ဘယ်ဟုတ်လိမ့်မလဲ။ တစ်ကမ္ဘာလုံး ရောင်းနေတဲ့ ကားတစ်စီးရဲ့ နာမည်ဆိုရင် တိုက်ပွဲတွင် အသတ်ခံရသည်ဆိုတဲ့ အနက်အဓိပ္ပာယ်ရဲ့ အတိုကောက်စာလုံး ဖြစ်နေတယ်ဆိုပြီး တစ်ကမ္ဘာလုံးက မာဂျေ့လိုလူတွေ ထောက်ပြထားတာလည်း ဖတ်မိတယ်။ ဒီလိုပဲ နာ

လက်ရဲဇက်ရဲ - မာဂျေ

ဒီမိုကရေစီရဲ့ အင်္ဂါရပ်က မူးယစ်ဆေးနဲ့ လူဆိုးဂိုဏ်းပါမှ ပြည့်စုံသတဲ့။ ဘယ်သူပြောမှန်းတော့ မသိပါဘူး။ ဒါပေသိ အတော်မှန်တဲ့ စကားပဲ။ အခုတစ်လော ရုပ်ရှင်ဆန်ဆန် သတ်ဖြတ်မှုတွေ တိုးပွားလာတယ်။ သိန်းငါးဆယ်ကျော်တန် စိန်ထည် ပစ္စည်းတွေကို ချွတ်မယူပဲ ဆယ်ကျော်သက်မလေးကို သေနတ်နဲ့ ပစ်သတ်ပြီး မီးရှို့သွားတဲ့ အမှုတွေ။ လက်ပြန်ကြိုးတုတ် သေနတ်နဲ့ ပစ်သတ်ပြီး ကားပေါ်က ကန်ချထားခဲ့တဲ့ အမှုတွေ သာမက ဆယ်ကျော်သက်တွေရဲ့ ပြစ်မှုကျူးလွန်တဲ့ နှုန်းကလည်း မြင့်တက်လာနေတယ်။ ဆယ်ကျော်သက်တွေကလည်း မခေဘူး။ ထစ်ကနဲရှိရင် သတ်ပစ်မယ်ဆိုတာချည်းပဲ။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းအရ မနှစ်က ပထမ လေးလပတ်မှာ ဖြစ်ခဲ့တဲ့ အမှုကြီး အရေအတွက်နဲ့ ဒီနှစ် ပထမ လေးလပတ်မှာ

မာဂျေ၏ ၀ိညာဉ်ကား အစဉ်သန့်ရှင်းလျှက် - မာဂျေ

ဒီတစ်ပတ်ကတော့ မေတ္တာထားသူတွေရဲ့ ကျေးဇူးနဲ့ မာဂျေနာမည်ကြီးတဲ့ အပတ်ပေါ့။ အမယ်ဘယ်လောက်တောင် ချစ်သလဲဆိုရင် အိမ်လိပ်စာတွေ ရုံးလိပ်စာတွေပါ အပြည့်ထည့်ပေးထားသေးတယ်။ အမှန်က လုပ်ချင်တာ လုပ်လို့ရတဲ့ ခေတ်တုန်းက သစ်ခိုးခုတ်ပြီး အခု မှင်ကလေးနဲ့ နေရမှာ။ တစ်ချိန်လုံး ကိုယ်ဝါသနာပါတဲ့ စာပဲဖိရေးလိုက် လက်ဝှေ့ပွဲတွေ ဖိသွင်းလိုက် လုပ်နေမိတာက အမှား။

မော်ဒယ်တွေရှိသရွေ့ မာဂျေဟာ စပွန်ဆာကြီးပါပဲ - မာဂျေ

အစ်ကိုကြီးရေ သင်္ကြန်တစ်ခါ ပြီးပြန်လို့ နှစ်သစ်ရောက်လာချိန်မှာ ကျွန်တော်တို့ အသက်တွေလဲ တစ်နှစ်ကြီးလာပြန်ပေါ့လား ဆိုပြီး ပုသိမ်ပြန် ဟာလ၀ါ တစ်ဘူး၊ မျှင်ငါးပိထောင်း တစ်ဗူး လာပေးရင်း မောင်ကြွက်နီက သံဝေဂစကား ဆိုလာပါတယ်။

Pages