Satire

လက်ရဲဇက်ရဲ - မာဂျေ

ဒီမိုကရေစီရဲ့ အင်္ဂါရပ်က မူးယစ်ဆေးနဲ့ လူဆိုးဂိုဏ်းပါမှ ပြည့်စုံသတဲ့။ ဘယ်သူပြောမှန်းတော့ မသိပါဘူး။ ဒါပေသိ အတော်မှန်တဲ့ စကားပဲ။ အခုတစ်လော ရုပ်ရှင်ဆန်ဆန် သတ်ဖြတ်မှုတွေ တိုးပွားလာတယ်။ သိန်းငါးဆယ်ကျော်တန် စိန်ထည် ပစ္စည်းတွေကို ချွတ်မယူပဲ ဆယ်ကျော်သက်မလေးကို သေနတ်နဲ့ ပစ်သတ်ပြီး မီးရှို့သွားတဲ့ အမှုတွေ။ လက်ပြန်ကြိုးတုတ် သေနတ်နဲ့ ပစ်သတ်ပြီး ကားပေါ်က ကန်ချထားခဲ့တဲ့ အမှုတွေ သာမက ဆယ်ကျော်သက်တွေရဲ့ ပြစ်မှုကျူးလွန်တဲ့ နှုန်းကလည်း မြင့်တက်လာနေတယ်။ ဆယ်ကျော်သက်တွေကလည်း မခေဘူး။ ထစ်ကနဲရှိရင် သတ်ပစ်မယ်ဆိုတာချည်းပဲ။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းအရ မနှစ်က ပထမ လေးလပတ်မှာ ဖြစ်ခဲ့တဲ့ အမှုကြီး အရေအတွက်နဲ့ ဒီနှစ် ပထမ လေးလပတ်မှာ

မာဂျေ၏ ၀ိညာဉ်ကား အစဉ်သန့်ရှင်းလျှက် - မာဂျေ

ဒီတစ်ပတ်ကတော့ မေတ္တာထားသူတွေရဲ့ ကျေးဇူးနဲ့ မာဂျေနာမည်ကြီးတဲ့ အပတ်ပေါ့။ အမယ်ဘယ်လောက်တောင် ချစ်သလဲဆိုရင် အိမ်လိပ်စာတွေ ရုံးလိပ်စာတွေပါ အပြည့်ထည့်ပေးထားသေးတယ်။ အမှန်က လုပ်ချင်တာ လုပ်လို့ရတဲ့ ခေတ်တုန်းက သစ်ခိုးခုတ်ပြီး အခု မှင်ကလေးနဲ့ နေရမှာ။ တစ်ချိန်လုံး ကိုယ်ဝါသနာပါတဲ့ စာပဲဖိရေးလိုက် လက်ဝှေ့ပွဲတွေ ဖိသွင်းလိုက် လုပ်နေမိတာက အမှား။

မော်ဒယ်တွေရှိသရွေ့ မာဂျေဟာ စပွန်ဆာကြီးပါပဲ - မာဂျေ

အစ်ကိုကြီးရေ သင်္ကြန်တစ်ခါ ပြီးပြန်လို့ နှစ်သစ်ရောက်လာချိန်မှာ ကျွန်တော်တို့ အသက်တွေလဲ တစ်နှစ်ကြီးလာပြန်ပေါ့လား ဆိုပြီး ပုသိမ်ပြန် ဟာလ၀ါ တစ်ဘူး၊ မျှင်ငါးပိထောင်း တစ်ဗူး လာပေးရင်း မောင်ကြွက်နီက သံဝေဂစကား ဆိုလာပါတယ်။

လုပ်ပွဲ - မာဂျေ

သင်္ကြန်နီးချိန်မှာ မာဂျေက ရိုးရာလက်ဝှေ့ပွဲတစ်ပွဲ စီစဉ်ပါတယ်။ သင်္ကြန်ဖိုက်ဆိုတဲ့ အမည်နဲ့ မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းနဲ့ အမေရိကန် မွေထိုင်း ချန်ပီယံဟောင်း ဆိုင်းရပ်စ် ၀ါရှင်တန်တို့ပွဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက် မျှော်စင်ကျွန်းပွဲတုန်းက ပထမ အချီမှာ ဆိုင်းရပ်စ်က အနားတောင်းခဲ့ရပေမဲ့ တတိယ အချီမှာတော့ ဆိုင်းရပ်စ်ရဲ့ Spin Kickကြောင့် ထွန်းထွန်းမင်း လေးမိနစ်လောက် သတိမေ့သွားပြီး အလဲထိုး ခံလိုက်ရပါတယ်။ မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့လဲ ဆိုင်းရပ်စ် လက်ထဲ ရောက်သွားတယ်။ ဒါကြောင့် ရက်ပေါင်း တစ်ရာကျော် အကြာမှာ ဒီပွဲကို ပြန်လည် စီစဉ်လိုက်တာ ဖြစ်တယ်။ လူတိုင်း လာကြည့်နိုင်အောင် လက်မှတ်ေ

ဝေ့လည်ကြောင်ပတ် - မာဂျေ

အစိုးရ အဖွဲ့ဝင်တွေရော၊ လွှတ်တော် အမတ်တွေရော၊ နိုင်ငံရေးပါတီက လူတွေရော စကားပြောတာ သိပ်ညံ့တယ်လို့ဆိုရင် မင်းကရော ဘယ်လောက် တတ်လို့လဲဆိုပြီး ပြန်ဘုတောမှာ အသေအချာပေါ့။ ဒါပေသိ စကားကြီး ဆယ်ခွန်းကို ဘယ်လိုပြောရသလဲဆိုတဲ့ သင်တန်းလေး တစ်ခုတော့ မာဂျေက ဖွင့်ချင်သဗျာ။ မာဂျေ့ သူငယ်ချင်း စီးပွားရေးသမား တစ်ယောက်ဆို စကားပြော အလွန်တော်တာ။ ကမ္ဘာလိပ်ကို လိပ်မဟုတ်ဘဲ ဂျပိုးသာ ဖြစ်ကြောင်း၊ ဆင်ကြီး တစ်ကောင်လုံး တွေ့ပေမဲ့ ဆင်နင်း မခံရဘဲ ဆင်ခြေရာကို ဘယ်လိုရှာရကြောင်း အကိုးအကားနဲ့ပြောရင် နားထောင်နေတဲ့ ကောင်မလေးတွေဆို ပါးစပ် အဟောင်းသားနဲ့။ မာဂျေတို့က ငယ်ပေါင်း သူငယ်ချင်းတွေဆိုတော့ သူဘယ်လို ဖြီးနေတယ် ရွှီးနေတယ်ဆိုတာ သိပေမဲ

ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား - မာဂျေ

နှုတ်တစ်ရာ စာတစ်လုံးတဲ့။ စာထက် အက္ခရာ တင်ပြီးရင် ဖျောက်ဖျက်ပစ်လို့ မရတဲ့ အတွက် စာတစ်ပုဒ် ရေးရင် အတော်စဉ်းစားရတယ်လို့ ဆရာ့ ဆရာကြီးတွေ မိန့်ကြားခဲ့ဘူးတယ်။ အဲဒီ ဆရာကြီးတွေ အတော်ညံ့မှန်း အခုမှ သိရတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဘာမှမသင်ကြားဘဲ အလိုလို တော်နေတဲ့သူတွေ အများကြီးဆိုတာ အခုတစ်လော စာတွေဖတ်ရင် တွေ့လာရလို့ပါ။ နိုင်ငံတော် သမ္မတကို ဟိုလိုလုပ်ပါလား၊ ဒီလို လုပ်ပါလားလို့ အကြံပေး ဆောင်းပါးတွေ ရေးနေသူတွေ၊ လွှတ်တော်က ဟိုလိုလုပ်ပါလား၊  နိုင်ငံရေး ပါတီတွေက ဒီလို လုပ်ပါလားလို့ အခါတော် ပေးနေတဲ့ ပညာရှိတွေ၊ တပ်မတော်ကို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတဲ့ စာသွားသင်နေသူတွေကို စာမျက်နှာတွေထက်မှာ မတွေ့

တာဝန်ရောင်းရန်ရှိသည် - မာဂျေ

ဘာလုပ်လုပ် အဆင်မပြေတဲ့ လောကကြီးပါလို့ ငြီးတဲ့သူတွေက များလာတယ်။ အိမ်ခြံတွေ ဈေးကျလို့ သူဌေးတွေ ခေါင်းကုတ် နေကြတယ်။ သားငါးတွေဈေးကြီးလို့ အိမ်ရှင်မတွေ စိတ်ညစ်နေကြတယ်။ ကျောင်းသားတွေကို ရိုက်လို့ ပြည်သူတွေ စိတ်တိုနေကြတယ်။ ဒီမိုကရေစီ တောင်းလိုက်တာ ဘိုးစဉ်ဘောင်ဆက် နေခဲ့တဲ့ မြေတွေ ကျူးကျော်ဆိုပြီး ဖယ်လိုက်ရတာပဲ အဖတ်တင်တယ်လို့ ပြောသူက ပြောကြတယ်။ ဘာလုပ်စားရမှန်းတောင် မသိပါဘူးလို့ ငြီးငြူကလည်း အများသား။

အမတ်ရူးမာဂျေ - မာဂျေ

၂၀၁၅မှာ ရွေးကောက်ပွဲ လုပ်မှာဖြစ်သလို ဒီနှစ်မှာ တူမောရိုးကလည်း တစ်နှစ်သား ပြည့်တယ်။ တူမောရိုးရဲ့ တစ်နှစ်ပြည့်ပွဲကို     ခမ်းခမ်းနားနား လုပ်အပြီး ဂျာနယ်တစ်စောင်မှာ မာဂျေ့ကို အမတ်လုပ်ဖို့ ပါတီတစ်ခုက ကမ်းလှမ်းတယ်ဆိုတာ မဟုတ်ပါဘူးဆိုတဲ့ သတင်းကြီး ပါလာတယ်။ ဟာဟာဟလို့တောင် ရယ်လိုက်ချင်သေးတယ်။ မြန်မာနိုင်ငံ ဈေးကွက်ဖော်ဆောင် မြှင့်တင်ရေး ပညာရှင်များ အစည်းအဝေးမှာ သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် နောက်နေတာကို သတင်းပေး အင်ဖော်မာက အဟုတ်ထင်သွားရှာပုံပဲ။

ပြည်သူနဲ့ ကိုင်ပေါက်နေသူများ - မာဂျေ

ဘူးတောင်းနစ်ပြီး ဇောင်ချမ်း (အိုးခြမ်းပဲ့) ပေါ်မယ်တဲ့။ သူယုတ်မာနားမှာ ပညာရှင်တွေက ချဉ်းကပ် ခစားရမတဲ့။ ဒါတွေက ကောသလမင်းကြီး မက်ခဲ့တဲ့ အိပ်မက်တွေပေါ့။ ဒီအိပ်မက်တွေက မာဂျေတို့ လက်ထက်မှလာပြီး မှန်နေတာတော့ အတော်ဆိုးသဗျား။ တစ်ချိန်က အစိုးရနဲ့ပေါင်းစား ရုံမက ပြိုင်ဖက်တွေကိုပါ ဒုက္ခပေးခဲ့တဲ့သူတွေကလည်း တစ်ဆိတ်ရှိ ပြည်သူနဲ့ တွေ့သွားမယ်၊ ပြည်သူကို သစ္စာဖောက်ရင်ဆိုတဲ့ စကားတွေ တွင်တွင်သုံးလာတာ ကိုလည်း နားအတော် ခါးမိသဗျား။ အဲဒီလူတွေကို အရင်ပြောချင်တာက ကိုယ်လာတဲ့ နောက်ကြောင်းလည်း ကိုယ်ပြန်ကြည့်ကြပါဦး ဆိုတာပါပဲ။ အာဏာရှင်ရဲ့ အဆွယ်အပွားတွေနဲ့ ဘယ်သူတွေ ဘယ်လို ပေါင်းစားလာသလဲဆိုတာ ပြည်သူတွေက သိပြီးသားပါ။ ဒါကိုပဲ

ကတ်သုံးပါး ဘေးသင့်နေတဲ့ မြန်မာပြည်သူတွေ - မာဂျေ

မြန်မာ့ဆက်သွယ်ရေးက သတင်းစာ ရှင်းလင်းပွဲလုပ်တော့ လာတက်တဲ့ မီဒီယာသမားတွေက အခန်းနဲ့တောင် မဆန့်ဘူး။ ပြောရရင် နှစ်သစ်မှာ မြန်မာနိုင်ငံသားတွေရဲ့ အခွန်ငွေတွေနဲ့ တည်ထောင်ထားတဲ့ မြန်မာ့ဆက်သွယ်ရေးက ပြည်သူတွေ အတွက် ဘာများထူးထူးခြားခြားတွေ လုပ်ပေးမှာလဲဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်နဲ့ လာကြတာ ဖြစ်တယ်။ အဲဒီမှာ ရှင်းတာ လင်းတာတွေ ပေးချင်တဲ့ အချက်အလက်တွေက အရမ်းများလေတော့ ပွဲလည်းပြီးရော မီဒီယာသမားတွေ ဘာရေးရမှန်းမသိ ဖြစ်ကုန်တယ်။ ဝေထားတဲ့ ပန်းဖလက်ခေါ်တဲ့ လက်ကမ်း စာစောင်မှာလဲ ဘယ်လို အစီအစဉ် ပက်ကေ့ခ်ျယူရင် ဘာတွေဘယ်လို ဈေးသက်သာမယ် ဆိုပေမဲ့ မာဂျေကပဲ ဥာဏ်ရည် နိမ့်တာလားတော့ မသိဘူး။ ဖတ်ပြီး ဘာမှရှင်းရှင်းလင်းလင်း မသ

Pages