Satire

ပွတ်သဘင် - မာဂျေ

အနောက်တိုင်း ဘောလ်ဒန့် အကဟာ အမျိုးသားနဲ့ အမျိုးသမီး ရင်ချင်းအပ်ပြီး ကရတဲ့အက ဖြစ်တယ်။ မြန်မာစာပေခေတ်ဦးမှာ အဲဒါကို အမြင်ကတ်ကတ်နဲ့ မြန်မာမှု ပြုလိုက်တာက ပွတ်သဘင်တဲ့။ အခုလည်း ပွတ်သဘင်ကို နေရာတိုင်းမှာ တွေ့နေရတယ်။ ရင်ချင်းအပ်ပြီး ကတဲ့ပွတ်သဘင်တော့ မဟုတ်ပေဘူး။ မိုဘိုင်းဖုန်း မျက်နှာပြင်ကို ပွတ်နေကြတဲ့ ပွတ်သဘင်ကို ပြောတာ။ လမ်းပေါ်မှာလည်း လမ်းလျှောက်ရင်း ပွတ်နေကြသလို ပန်းရံဆရာကလည်း လက်တစ်ဖက်က တိုက်နံရံဘေးမှာ အားရင်အားသလို ပွတ်နေကြတာပဲ။ ကားမောင်းရင်းလည်း ပွတ်နေကြလို့ မီးပွိုင့်စိမ်းတာ မမြင်ဘဲ ကားတန်းကြီးက ရပ်နေရတာတွေလည်း တွေ့နေရတယ်။ ဒီတော့ မလိုလားအပ်တဲ့ မတော်တဆမှုတွေ ပိုများလာတယ်။ လမ်းပေါ်မှာ သူ့ဖီလင်နဲ

မုန်းတယ် - မာဂျေ

မုန်းတယ်ဗျာ သိပ်မုန်းတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေဆီက မြေတွေသိမ်းပြီး လူမျိုးခြားတွေ လက်ထဲကို ထည့်နေတာတွေကို မုန်းတယ်။ မြန်မာနိုင်ငံက စီမံကိန်းလို့ အမည်တပ်ထားတဲ့ မြေတွေ အားလုံးလောက်နီးနီး သူများနိုင်ငံက ငတ်လို့ မြန်မာနိုင်ငံထဲ ထွက်ပြေးလာသူတွေ လက်ထဲမှာ ရောက်နေတာကို မုန်းတယ်။

နောက်တစ်ခါ မကယ်တင် ကြပါနဲ့တော့ - မာဂျေ

မာဂျေဟာ ပါလီမန် ဒီမိုကရေစီခေတ် အဆုံးမှာ မွေးပြီး ဆိုရှယ်လစ်ခေတ်မှာ လူဖြစ်ခဲ့တယ်။ စစ်အာဏာရှင် လက်ထက်မှာ အစိုးရ အလုပ်က ပြုတ်ပြီး ဂျာနယ်လစ် ဘ၀နဲ့ ခုထိ အသက်မွေး ၀မ်းကျောင်း ပြုနေသူ ဖြစ်တယ်။ ဆိုရှယ်လစ်ခေတ်မှာ လူဖြစ်ခဲ့ရတော့ တိုင်းပြည် ချောက်ထဲ ပြုတ်ကျခါနီးမှာ တပ်မတော်က အချိန်မီ ကယ်တင်ခဲ့ရတယ်ဆိုတဲ့ စာကို နှစ်ပေါင်းများစွာ သင်ခဲ့ရတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်ရဲ့ မကောင်းကွက်တွေကိုလည်း အများကြီး သင်ခဲ့ရတယ်။ သင်ခဲ့ရတဲ့ စာတွေအရ ပါလီမန် ဒီမိုကရေစီ စနစ်ဆိုတာ ကောင်းကွက် တစ်ခုမှ မရှိတဲ့ စနစ်လို့ ငယ်စဉ်က မှတ်သားခဲ့ရတယ်။ နို့ဒီလို မကောင်းပါဘူးဆိုတဲ့ စနစ်ကို အခုပြန်ကျင့်သုံး နေကြသလဲဆိုတာ ပထမဆုံး မေးချင် ပါတယ်

ကိုယ့်ပေါင်ပဲ ကိုယ်လှန်ထောင်းရတော့မယ် - မာဂျေ

သူများကိုပဲ အပြစ်လိုက် မြင်တတ်တဲ့ မာဂျေဟာ Tomorrow ဂျာနယ်ထုတ်မှ ၀ဋ်ဆိုတာ ဘ၀ မကူးဘူးဆိုတဲ့ စကားမှန်မှန်း သိရတော့တယ်။ ဘယ့်နှယ်ဗျာ ကိုယ့်ဂျာနယ်က တစ်ပတ်မှ အမှား မလွတ်ဘူး။ တောင်းပန်ရလွန်းလို့ Tomorrow ဂျာနယ်အစား ဖတ်ဖတ်မော ဂျာနယ်ဆိုပြီး ပြောင်းရမလားတောင် စဉ်းစားမိတော့တယ်။ ဒီတော့ သူများထောင်းရင် ပိုနာမှာစိုးလို့ ရသေ့ကြီး ဦးဖျောက်ဆိတ်လို ကိုယ့်ပေါင်ကိုယ်ပဲ ဖွဖွလေး ပြန်ထောင်းရမလို ဖြစ်နေတယ်။ ကြည့်ပါဦးဗျာ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ ၁၉၄၇ ခုနှစ်တဲ့။ နက္ခတ်ပညာရှင် ဆရာဇေယျာကိုကပဲ မှားတွက်ထား သလားတော့ မသိဘူး။ ကောက်စာထုတ်တဲ့ အယ်ဒီတာမင်းများကလည်း အဲဒီအတိုင်း လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်ဆိုပြီး ထုတ်ထားတယ်။

ဟက်ပီးနယူးရီးယားဟု ၀မ်းခေါင်းသံကြီးများဖြင့် အော်ပြီးသည့်နောက် - မာဂျေ

အားကောင်းတဲ့ ယဉ်ကျေးမှုတွေက အားနည်းတဲ့ ယဉ်ကျေးမှုတွေကို တွန်းတိုက်ဝါးမျိုတာကတော့ ဒီဇင်ဘာလထဲမှာ အမြင်ရဆုံးပါပဲဗျာ။ ကိုယ့်နိုင်ငံ ဓလေ့ မဟုတ်တဲ့ ပွဲတွေကလဲ များမှများ။ အဲဒီအထဲမှာမှ သင်္ကြန်လို ကဲချင် သလိုကဲတဲ့ ညကတော့ ဒီဇင်ဘာ ၃၁ ရက်ညပေါ့။ ညနေစောင်း ကတဲက အရက်ဆိုင်တွေမှာ အရက်တွေ လက်မလည်အောင် ရောင်းနေရတယ်။ လာဝယ်တဲ့ အထဲမှာ နို့နံ့မစင်တဲ့ ၁၄နှစ် ၁၅နှစ် အရွယ်တွေက ပါသေး။ ဆိုင်ရှင်တွေကလည်း ရောင်းရဖို့သာ အဓိကဆိုတော့ အသက်ပြည့် မပြည့်လဲ ဘယ်သူမှ ဂရုစိုက်မနေကြပါဘူး။ အလိုက်တသိနဲ့ အသက်မေးပြန်ရင်လဲ အဆဲခံရမှာ အတူတူဆိုတော့ ဆိုင်ရှင်တွေလည်း ငွေရပြီးရော ဇာတ်ခင်း နေကြရတယ် ထင်ပါရဲ့။ စဉ်းစားကြည့်တော့ မြန်မာတွေ အရက်သောက်ပွ

မြူနီစီပယ် ရွေးကောက်ပွဲကြီး ပြီးပါပြီ - မာဂျေ

စည်ပင်လူကြီး ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ ပြီးလဲပြီးပါမှ။ မဲဆွယ်ကာလမှာ ပြည်သူတွေ နေ့မအိပ်ရ ညမအိပ်ရနဲ့။ အသံချဲ့စက်ကြီးတွေ ကားပေါ်တင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ မဲဆွယ် တရားတွေ ဟောလိုက်ကြတာ။ ၀ါကျွတ်ကာလမို့ ဘာသာရေးပွဲ လမ်းတွေနဲ့ ရပ်ကွက်ထဲမှာ အသံချဲ့စက်သံ မပြတ်ရတဲ့ ကြားထဲမှာ မြူနီစီပယ်လူကြီး ရွေးကောက်ပွဲက တစ်မှောင့်ဗျ။ ဒီကြားထဲ့ ကိုယ်စာလှယ်လောင်းရဲ့ နာမည်ကို သီချင်းထဲထည့်ဆိုတာလည်း ကြားရတယ်။ မာဂျေကတော့ လူရွတ်ဆိုတော့ ရက်ကွက်ထဲ မဲဆွယ်တဲ့ကား ၀င်လာရင် ကန်တော့ပါသေးရဲ (….အဲလေ) အိမ်မှာလူမမာရှိလို့ အသံချဲ့စက် မဖွင့်ပါနဲ့ဆိုပြီး သွားပြောရတယ်။

သေပြီဟု သတင်းထုတ် ကြည့်မိသည့်အခါ - မာဂျေ

မိန်းမဆေးကုဖို့ ဘန်ကောက်ကိုလိုက်ရင်း ကိုယ့်အပေါင်းအသင်းတွေ ကိုယ့်စာဖတ် ပရိသတ်တွေက မာဂျေ့အပေါ်မှာ ဘယ်လောက် မေတ္တာထားသလဲသိအောင် လုပ်ကြည့်မယ်လို့ စဉ်းစားမိပါတယ်။ ဒါနဲ့ ဆရာ ဇော်သက်ထွေးနဲ့ တိုင်ပင်ပြီး မာဂျေတစ်ယောက် ဘန်ကောက်မှာ ဧရာဝဏ် နတ်မင်းကြီး ပူဇော်ရင်း ရုတ်တရက် လဲကျသွားတာ အသက်ပါမလာတော့ဘူး။ ရုပ်ကလပ်ကိုတော့ မြန်မာပြည် ပြန်သယ်မယ်ဆိုတဲ့သတင်း လွှင့်ခိုင်းလိုက်ပါတယ်။ ပြီးတော့မှ ကိုယ့်အပေါ် မေတ္တာထားတဲ့ သူတွေရဲ့ ပူဆွေးမှုကို ဖေ့စ်ဘွတ်ပေါ်ကနေ စနည်း နာမယ်ပေါ့ဗျာ။

ဘန်ကောက်တွင် လူလိမ်များနှင့် တည့်တည့်တိုးခြင်း - မာဂျေ

တူမောရိုးဂျာနယ် ထုတ်စတုန်းကပေါ့။ မိတ်ဆွေ ကျောက်မျက်ကုန်သည် တစ်ယောက်က ဘန်ကောက်ကနေ သတင်းတစ်ခု လှမ်းပေးဘူးတယ်။ မြန်မာ ကျောက်မျက်ပြပွဲကို လာကြည့်တဲ့ အထဲက ဒူဘိုင်းကပါဆိုတဲ့ စုံတွဲက ဒေါ်လာငွေတွေ လိမ်သွားတဲ့ အကြောင်း။ အဲဒီသတင်းနဲ့ အတူ သူတို့ရိုက်ယူထားတဲ့ပုံပါ ပို့လိုက်လို့ တူမောရိုး ဂျာနယ်မှာ ဖော်ပြခဲ့ဘူးတယ်။ အဲဒီမတိုင်ခင် ခြောက်လလောက်ကလဲ ဘန်ကောက်က ကုန်တိုက်ကြီး တစ်ခုမှာ ဒူဘိုင်းက စုံတွဲပါဆိုပြီး မြန်မာ နိုင်ငံက ဒေါ်လာငွေဆိုရင် အစွန်းအထင်း မပါမှ လက်ခံတယ်ဆိုတာ ဟုတ်လား၊ နမူနာ ပြစမ်းပါ ဆိုပြီး ဒေါ်လာ တစ်ထောင်လောက် လက်လှည့်ပညာနဲ့ လိမ်သွားဖူးတယ်။ အဲဒီတုန်းကလည်း မာဂျေက ဘန်ကောက် ရောက်နေချိန်လဲဖြစ် အလိမ်ခံရတ

ဘိုးဘိုးကြီးတွေလည်း မနေနိုင်တဲ့ မြူနီစီပယ် ရွေးကောက်ပွဲ - မာဂျေ

မာဂျေက လက်ဝှေ့ပွဲ သွင်းရင် မိုးလေ၀သ သာယာဖို့၊ ကွင်းထဲရုံထဲကို လူများများလာဖို့၊ လက်ဝှေ့သမားတွေ ကျိုးတာ၊ ကန်းတာ၊ ပဲ့တာ မဖြစ်စေဖို့ဆိုပြီး ရန်ကုန် ဘိုးဘိုးကြီး၊ သင်္ဃန်းကျွန်း ဘိုးဘိုးကြီး၊ ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင် ဘိုးဘိုးကြီးတို့ကို ပွဲတင်ပြီး ပူဇော်ပသ ဆုတောင်း ရပါသဗျ။

စင်ကာပူက မြန်မာတွေကို အားနာပါဦး - မာဂျေ

မြန်မာဘောလုံး အသင်းတွေထဲမှာ ပြည်တွင်းပြည်ပ အကြိုက်ဆုံး အသင်းကတော့ ယူ-၁၉ အသင်းပဲ ဖြစ်တယ်။ ကစားပုံ တည်ငြိမ်တယ်။ ယုံကြည်မှုရှိတယ်။ ဘောလုံးကို ကိုင်ပြီး ကစားရဲတယ်။ ပရီးမီးယားလိဂ်လိုပဲ နောက်ဆုံး အချိန်အထိ အဆုံးအဖြတ် အဖြေထွက်အောင် ကန်နိုင်တယ်။ အဓိက ပြောချင်တာက နိုင်လိုစိတ်ရှိတယ်။ ကစားတာ ပရော်ဖက်ရှင်နယ် ပီသတယ်ပေါ့ဗျာ။ ဒီလောက်တောင် ရေးပြနေတော့ ဘယ်အသင်းက မကောင်းလို့လဲဆိုတာ မေးစရာ ဖြစ်လာပြီ။ အဖြေကတော့ အားလုံး သိပြီးသားပဲဗျာ။ နိုင်ငံ လက်ရွေးစင် အသင်းကြီးပေါ့။

Pages