ကိုပါကြီး၏ အလောင်းအား ဖော်ပြီး ပြန်လည်စစ်ဆေးရန် ကျိုက်မရော ရဲစခန်းတွင် အမှုဖွင့် ခွင့်ရ

သုံးရောင်ခြယ် အဖွဲ့ဝင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ ကြွင်းကျန်ရစ်သော အလောင်းအား ဖော်ပြီး ပြန်လည်စစ်ဆေးရန် အတွက် ကျိုက်မရော ရဲစခန်းမှ အမှုဖွင့်ခွင့် ရရှိခဲ့ကြောင်း သေဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာမှ Tomorrow သတင်းဂျာနယ်သို့ အတည်ပြု ပြောကြားခဲ့သည်။

“သေမှုသေခင်း အမှတ် ၁၁/၂၀၁၄နှင့် အမှုဖွင့်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ သေမှုသေခင်း ပြန်ပြောင်းတဲ့ အတွက် ရဲစခန်းကနေ ပြီးတော့ အလောင်းဖော်ပြီး ပြန်လည်စစ်ဆေးဖို့ မှုခင်းဆရာဝန်နဲ့ ပြန်လည်စစ်ဆေးဖို့၊ အလောင်းပြန်သယ်ဖို့တွေ ပါပါတယ်”ဟု သေဆုံးသူ ကိုပါကြီး၏ ဇနီးမသန္တာက ပြောသည်။

ယင်းကဲ့သို့ ကိုပါကြီး၏ သေဆုံးမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှ ညနေ ၆နာရီခွဲ အချိန်ခန့်တွင်  သေမှုသေခင်းဖြင့် အမှုဖွင့်ခွင့် ပေးခဲ့ကြောင်း ကိုပါကြီး၏ ရုပ်အလောင်းအား မှုခင်းဆရာဝန်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရက်အပိုင်း အနည်းငယ်ဖြင့် စုံစမ်းစစ်ဆေးမှု မပြီးစီးနိုင်သေးသည့် အတွက်လည်း အလောင်းအား သယ်ယူခွင့်ရရန် ရက်ကို အတိအကျ မသိရှိရသေးကြောင်း၊ အလောင်းအား ပြန်လည် သယ်ဆောင်ရန်၊ ပြုပြင်ရန် ကိစ္စများကိုလည်း နိုင်ငံရေး အဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများနှင့် တိုင်ပင်ပြီးမှသာ သယ်ယူသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။    

ကိုလူသစ်၊ ကွန်းဇော်

 

Category: 

Share