သမီးဖြစ်သူ၏ ၀တ်လစ်စလစ် ဓာတ်ပုံများကြောင့် ဖခင်ဖြစ်သူမှာ စိတ်ကျဝေဒနာ ခံစားရပြီး ကြိုးဆွဲချ သတ်သေ

ရိုမေနီးယားနိုင်ငံတွင် သမီးဖြစ်သူမှ အဖော်အချွတ် ပလေးဘွိုင်း မဂ္ဂဇင်း၌ မိမွေးတိုင်း ဖမွေးတိုင်းပုံများ ရိုက်ကူးခဲ့၍ ဖခင်ဖြစ်သူမှ ကာလရှည်ကြာ စိတ်ကျရောဂါ ခံစားခဲ့ရပြီး၊ နောက်ဆုံးတွင် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့ကြောင်း သိရသည်။

အဆိုပါ ပလေးဘွိုင်း မဂ္ဂဇင်း မော်ဒယ်လ်မှာ လော်ရီဒါနာဆိုသူ ဖြစ်ပြီး၊ အသက် ၁၈ နှစ်အရွယ် ကတည်းက စကာ ဓာတ်ပုံရိုက်ကူးခံခဲ့ခြင်း ဖြစ်ကာ အတန်ငယ် နာမည်ရပြီး ဖြစ်သူလည်း ဖြစ်သည်။

ဖခင်ဖြစ်သူမှာ သိလျင်သိခြင်း စိတ်ဆိုးဒေါသ ထွက်ခဲ့ပြီး၊ မိသားစုနှင့် ထိတွေ့ဆက်ဆံမှု မရှိတော့ဟုလည်း သိရသည်။ နောက်ဆုံးတွင် အိမ်၏ ထပ်ခိုးပေါ်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ခဲ့ရပြီး၊ လော်ရီဒါနာ အတွက် တစ်သက်တာ အတုန်အလှုပ်ဆုံး မြင်ကွင်း တစ်ခုဟု အသက် ၂၅နှစ် အရွယ်ရှိနေပြီ ဖြစ်သော သူမက ပြောကြားခဲ့သည်။                                                                               

Ref; Mirror

Category: 

Share