ဧရာဝတီဖောင်ဒေးရှင်း၏ လူမှုရေး တာဝန်သိတတ်မှု

ဧရာဝတီ ဖောင်ဒေးရှင်း မိသားစုဝင်တွေ ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူး မြို့နယ်၊ ငှက်အော်စမ်း ကျေးရွာ မှာရှိတဲ့ ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းကို သွားရောက် ခဲ့ကြပါတယ်။ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ သားဖြစ်သူ ရဲမာန်ဇော် (၁၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် သင်တန်းကျောင်း မှာရှိတဲ့ ကလေး သူငယ်တွေ အတွက် ထောက်ပံ့ လှူဒါန်းမှုတွေ ပြုလုပ် ခဲ့ပါတယ်။

 

ငှက်အော်စမ်း လူငယ် သင်တန်းကျောင်း မှာရှိတဲ့ ကလေးငယ် ၄၀၀ခန့် အပါအဝင် ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေ၊ အလုပ်သမားတွေ အားလုံးကို နေ့လည်စာ အဖြစ် စင်ကာပူ ဒံပေါက်နဲ့ အချိုရည်၊ ရေခဲမုန့်တို့ ကျွေးမွေး ခဲ့ပါတယ်။ ဒါ့အပြင် သင်တန်းကျောင်း အတွက် ၃၂လက်မ LED တီဗီ နှစ်လုံး၊ ကလေး တစ်ဦးချင်းစီ အတွက် ရေခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခွက်၊ မျက်နှာသုတ် ပုဝါ၊ အင်္ကျီ၊ ဘောင်းဘီတို့ လှူဒါန်းခဲ့ပြီး ကလေးတွေ ဗဟုသုတ တိုးပွားစေဖို့ သင်တန်းကျောင်း မှာရှိတဲ့ စာကြည့်တိုက် အတွက် ကဏ္ဍ ပေါင်းစုံ စာအုပ် (၂၁၀)ကို ပေးအပ် လှူဒါန်း ခဲ့ပါတယ်။

သင်တန်းကျောင်း မှာရှိတဲ့ ပြစ်မှုကျူး လွန်ခဲ့ဖူးသူ ကလေးငယ်တွေနဲ့ လေလွင့် ကလေးငယ် တွေကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးခဲ့ပြီး ဘဝရဲ့ အားမာန်တွေ မလျော့ဖို့၊ စာရိတ္တ မဏ္ဍိုင် ခိုင်မာဖို့၊ အနာဂတ် ဘဝ သာယာစေဖို့ ကြိုးစား ကြပါလို့ တိုက်တွန်း ခဲ့ပါတယ်။ သင်တန်းကျောင်း မှာရှိတဲ့ ကလေးငယ်တွေ ဘောလုံး ကစားနိုင်စေဖို့ ဘောလုံး အလုံး (၅၀)ကို ပေးအပ် လှူဒါန်း ခဲ့သလို ဘောလုံး သင်တန်း တွေကိုလည်း အလျင်းသင့် သလို ပို့ချ ပေးနိုင်ဖို့လည်း စီစဉ်ပေး သွားမှာ ဖြစ်ပါတယ်။ ဇင်လင်းထွန်း (ဓနုဖြူ)၊ ကိုသက် (တောင်ငူ)တို့ ဦးစီးတဲ့ လက်ဝှေ့ အားကစား လိုက်စားနေသူ ကလေးငယ်များ ကိုလည်း လိုအပ် နေတဲ့ လေ့ကျင့်ရေး ပစ္စည်းတွေ ထောက်ပံ့ ပေးသွား ဦးမှာပါ။

သင်တန်းကျောင်းမှာ ရှိတဲ့ ကလေး ငယ်တွေဟာ တစ်ရက်ကို ၄၃၂ကျပ် ပြား ၂၀ နှုန်းနဲ့ စားသောက် နေရပါတယ်။ အခုလို ချို့တဲ့စွာ စားသောက် နေထိုင် နေရတဲ့ ကလေးတွေ နေ့စဉ် အာဟာရ ပြည့်ဝစွာ စားသောက် နိုင်ဖို့ အတွက် တစ်နှစ်စာ ကျပ်သိန်း (၃၀၀) ကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းက ထောက်ပံ့ လှူဒါန်း ပေးသွားမှာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ စာသင်ကျောင်းဆောင်တွေ ပျက်ဆီးမှု အချို့ ရှိနေတဲ့ အတွက်လည်း ပြုပြင် ပေးသွားမှာ ဖြစ်သလို သင်တန်းကျောင်း မှာရှိတဲ့ ဝန်ထမ်းတွေ၊ အလုပ် သမားတွေ ကိုလည်း လိုအပ်တဲ့ နေရာမှာ အသုံးပြု နိုင်ဖို့အတွက် တစ်ဦးကို ကျပ် (၃၀၀၀၀)စီ ထောက်ပံ့ ပေးခဲ့ပါတယ်။

 

Category: 

Share