Miss Globe Myanmar 2014ဆု ဂျူးစံသာ ရရှိခဲ့

Miss Globe Myanmar 2014 ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များမှ Miss Globe Myanmar 2014 ဆု အား အသက် (၁၇)နှစ် အရွယ် ခါးနံပါတ် (၉) မော်ဒယ် ဂျူးစံသာက ရရှိခဲ့ကြောင်း သိရသည်။

Miss Globe Myanmar 2014 ဆုရရှိခဲ့သူ ဂျူးစံသာက “ဒီလိုမျိုး ဆုရတော့ အတိုင်းမသိ ၀မ်းသာ မိတယ်။ အခုဆိုရင် နိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရ တော့မယ် ဆိုတော့ အင်အားတွေလဲ ဖြစ်ပါတယ်။ အခုဆိုရင် အရင်ကထက် ပိုပြီးတော့ ကြိုးစား ရတော့မယ်။ Miss တစ်ယောက် အတွက် အရေးကြီး တာက ခန္ဓာကိုယ် လှပရမယ်၊ ပြင်ပ အရည်အချင်းတွေ ရှိရမယ်၊ ပြိုင်ပွဲကလဲ နီးနေပြီ ဆိုတော့ ကိုယ့်အနေနဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့တော့ လိုမယ်။ နိုင်ငံတကာက မယ်တွေနဲ့ တွေ့တဲ့ အချိန်မှာ ကိုယ့်နိုင်ငံက ယဉ်ကျေးမှုတွေ၊ ကိုယ့်နိုင်ငံရဲ့ အပြုအမူတွေကို တခြား နိုင်ငံက မယ်တွေနဲ့ တွေ့တဲ့ အချိန်မှာ ပြောပြချင်တယ်”ဟု ပြောသည်။

ယင်းပြိုင်ပွဲအား မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီး ကရ၀ိတ် ဥယျာဉ်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကာ ပြိုင်ပွဲဝင် မော်ဒယ် ၁၉ ယောက် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီး မော်ဒယ်တွေ အတွက် Miss Titleများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့တွေရဲ့ ရွေးချယ်မှု အရ ပေးအပ်ခဲ့ကြောင်း နှင့် Miss Globe Myanmar 2014 ကို နောက်ဆုံး စကာတင် ၅ ဦးထဲမှ ရွေးချယ် ခဲ့ကြောင်း သိရသည်။

Miss Globe Myanmar 2014 တွင် ဒိုင်အဖြစ် တာဝန်ယူခဲ့ သူများမှာ Han Zaw Latt, Yi Wai Yan (Art), Min Khant Kyaw, Pawe Venture (Co-Owner), Ohnmar Kyaw Htun (Director), Aung Thura (CEO Thura Swiss), Alexတို့က တာဝန်ယူ ခဲ့ကြောင်း သိရသည်။

 

Category: 

Share