ကုန်သွယ်ရေး လျင်မြန်ရန် မူဆယ် ၁၀၅ မိုင်၌ X-Ray စက်သစ် ထပ်မံတပ်ဆင်

မြန်မာ-တရုတ် နယ်စပ်တွင်  ကုန်သွယ်မှုများ လျင်မြန်ချောမွေ့စေရေး အတွက် ဂျာမဏီ နိုင်ငံထုတ် X-Ray စက် အသစ် တစ်လုံးကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အပြီး  ထပ်မံ တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

“မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှာ နေ့စဉ် ပို့ကုန် သွင်းကုန် အနေနဲ့ ကုန်တင်ယာဉ် ကားအကြီး အစီး ၈၀၀ ကနေ ၁၀၀၀ ထိ ၀င်နေပါတယ်။ အခုလက်ရှိ စက်တစ်လုံးတည်းနဲ့ ကုန်ကားတွေကို စစ်ဆေးရာမှာ ကြန့်ကြာမှုတွေ ရှိနေပါတယ်။ အဲဒီလို ကုန်ကားတွေ တန်းစီ စောင့်ဆိုင်း နေရတာ တွေကြောင့် ကုန်သွယ်မှုကို အဟန့် အတား ဖြစ်နေသလို ယာဉ်ကြော ပိတ်ဆို့မှု တွေပါ ဖြစ်နေ ရပါတယ်။ ဒါကြောင့် အခုလက်ရှိ တပ်ဆင် ထားတဲ့ X-Ray စက်တစ်လုံး အပြင် နောက်ထပ် X-Ray စက် အသစ် တစ်လုံး ထပ်ပြီး တပ်ဆင် လိုက်ရင် စစ်ဆေးမှုတွေ မြန်ဆန် လာမယ့် အပြင် ကုန်သွယ်ရေး ကိုပါ လျင်မြန် ချောမွေ့နိုင်မှာ ဖြစ်တယ်”ဟု လုပ်ငန်းရှင် အချို့က ပြောသည်။

ယခုလက်ရှိ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ဂိတ်တွင် ကုန်သွယ်မှုများ များပြားနေသည့် အတွက် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရန် X-Ray စက် အသစ်တစ်လုံးကို ထပ်မံ တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

Category: 

Share