KBZ နဲ့ Tomorrow, ဘကြီးဖြိုးနဲ့ ဦးနေ၀င်း, ဂန့်ဂေါမှသည် ကံမအထိ

တနင်္ဂနွေနေ့နံနက် စောစောတွင် လွိုင်ကော်မှ ဖုန်းဝင်လာသည်။ အဓိက အကြောင်းအရာမှာ တစ်နိုင်ငံလုံး ရေဘေးသင့်နေသည့် ကိစ္စ။ အဓိက ဘာပစ္စည်းတွေလိုနိုင်သလဲဟု မေးသည်။ နာဂစ် အတွေ့အကြုံအရ ဆန်၊ဆီ၊ရေသန့်ဆေးပြား၊ ခြင်ဆေးခွေနှင့် ဓာတ်ဆားဟု ဖြေလိုက်သည်။

နာရီဝက်ခန့်ကြာသောအခါ ဖုန်းပြန်ဝင်လာသည်။ Tomorrowဂျာနယ်ကို ဦးဆောင်သူများသည် မကွေးတိုင်းသားများ ဖြစ်နေသည့်အတွက် မကွေးတိုင်း ရေဘေးကူညီမှုကို ပြုလုပ်ပေးရန် အကူအညီတောင်းသည်။ အကယ်၍ သွားမည်ဆိုလျှင် ကမ္ဘောဇဘဏ်မှ အလှူငွေ သိန်းတစ်ထောင် မတည်မည်ဟုဆိုသည်။ ကျွန်တော်တို့ကလည်း တစ်နိုင်ငံလုံး ဒုက္ခပင်လယ်ဝေနေချိန်တွင် မည်သည့် နှလုံးသားနှင့် ငြင်းဆိုရမည်နည်း။ မဆိုင်းမတွ ခေါင်းညိမ့်ပြီးသည့်နောက် မိနစ်ကိုးဆယ်အတွင်း ဂျာနယ်တိုက်မှ သိန်း၁၅၀ယူကာ အဖွဲ့သားအားလုံး ကယ်ဆယ်ရေး ပစ္စည်းများ ၀ယ်ယူစုဆောင်းရေးအတွက် စတင်လိုက်သည်။ ထိုသို့ဖြင့် KBZနှင့် Tomorrow မကွေးတိုင်းရေဘေး ကယ်ဆယ်ရေးအဖွဲ့သည် ပြည်မြို့မှတဆင့် တိုင်းချစ်ပြည်ချစ် စိတ်ဓတ်အလံကိုလွှင့်ကာ ညမှောင်ထဲတွင် ဖြတ်သန်းလာခဲ့ကြတော့သည်။

 

Category: 

Share