နာမည်ကြီး ဟာသ သရုပ်ဆောင် ဂျင်ကာရေး၏ ချစ်သူ မိန်းကလေး မိမိကိုယ်ကို အဆုံးစီရင်

ဟောလီးဝုဒ် နာမည်ကြီး ဟာသသရုပ်ဆောင် ဂျင်ကာရေး၏ ရည်းစားဖြစ်သူ ကက်သရီရိုနာဝှိုက်သည် စက်တင်ဘာ ၂၈ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့တွင် မိမိကိုယ်ကို အဆုံး စီရင်သွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ အပျော်ရွှင်တတ်ဆုံး လူသားအဖြစ်လည်း သတ်မှတ်ခြင်း ခံရသော ဂျင်ကာရေး၏ ရည်းစား မိမိကိုယ်ကို အဆုံးစီရင်ခဲ့ ဟူ၍ သတင်းများတွင် ရေးသား ဖော်ပြခဲ့ကြပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုမှာ ဂျင်ကာရေးကြောင့် ဖြစ်သည်ဟု ပရိသတ်များကလည်း ဝေဖန်လျက်ရှိသည်။

ဂျင်ကာရေးနှင့် ၀ှိုက်တို့သည် ၂၀၁၂ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး ၄င်းတို့နှစ်ဦး၏ အချစ်ရေးသည် ပြတ်လိုက် တွဲလိုက်ဖြင့် ရှိနေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ၀ှိုက်၏ အလောင်းနံဘေးတွင်လည်း ဆေးပြားတစ်ချို့ကို စစ်ဆေး တွေ့ရှိခဲ့ပြီး မူးယစ်ဆေး လွန်ကဲမှုကြောင့်လည်း ဖြစ်သည်ဟု သိရသည်။

ဝှိုက်သည် ဂျင်ကာရေးကို ရည်ရွယ်၍ သေတမ်းစာ တစ်စောင် ရေးသားခဲ့သည်ဟု သိရပြီး သူမ၏ နောက်ဆုံး တွစ်တာ စတေးတပ်စ်တွင်လည်း ဂျင်ကာရေးနှင့် သက်ဆိုင်သော ရေးသားမှု တချို့ ရှိခဲ့သည်ဟု သိရသည်။

Ref; First to Know

Category: 

Share