ရတနာပုံအသင်း မနောမြေနှင့် သရေကျ၍ အမှတ်ပေး ဇယားထိပ်ဆုံးကို လက်လွတ်

ယခုနှစ် MNL ဘောလုံးရာသီ အတွင်း ရှုံးပွဲ လုံးဝမရှိသေးသော ရတနာပုံ အသင်းသည် မနောမြေ အသင်းနှင့် ယှဉ်ပြိုင် ကစားရာ တစ်ဂိုးစီ သရေရလဒ်သာ ရယူနိုင်ခဲ့သည့် အတွက် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာကို လက်လွတ် ခဲ့ရပြီး နေပြည်တော်အ သင်းကို လွှဲပြောင်း ပေးအပ်ခဲ့ရသည်။

ရတနာပုံ အသင်းတွင် ဂိုးသွင်းဘုရင် ဖွန်ဆီကာမှ ရတနာပုံ အသင်း အတွက် ပွဲကစားချိန် ၈၂ မိနစ်တွင် ယခုရာသီ ၁၁ ဂိုးမြောက် သွင်းယူခဲ့သော်လည်း ၁ဂိုးစီသရေ ရလဒ်ဖြင့်သာ ကျေနပ် ခဲ့ရသည်။

MNLမှ အသင်းကြီးများ ဖြစ်ကြသော ကမ္ဘောဇ၊ ရန်ကုန်တို့ နိုင်ပွဲဆက်ခဲ့ပြီး ဇေယျာရွှေမြေ အသင်းမှာ ဧရာဝတီကို နှစ်ဂိုး တစ်ဂိုးဖြင့် အရှုံးပေး ခဲ့ရသည်။ နာမည်ကြီး ဇေယျာရွှေမြေ အသင်းမှာ သုံးပွဲဆက် ရှုံးနိမ့်ခဲ့ရပြီး ယခုနှစ် ချန်ပီယံဆု လမ်းကြောင်းမှ ဝေးကွာနေသည့် အတွက် မုံရွာ ဒေသခံ ဘောလုံး ပရိသတ်များက အသင်းအပေါ် ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။

 

Category: 

Share