ဒိုင်လူကြီး ထိုးကြိတ်ခံရခဲ့သည့် ရခိုင်-ဟံသာဝတီ ဘောလုံးပွဲ ပြဿနာ

ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပဒုမ္မာကွင်း၌ ကျင်းပသည့် ရခိုင် ယူနိုက်တက် အသင်းနှင့် ဟံသာဝတီ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သော  မြန်မာ နေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံး ပွဲစဉ်တွင် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်သည့် ပြဿနာ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပွဲစဉ်အပြီး ဒိုင်လူကြီးက ဟံသာဝတီ အသင်းကို ပန်နယ်တီ ကန်ခွင့်ပေးခဲ့သောကြောင့် ရခိုင် အသင်း မန်နေဂျာနှင့် ကစားသမားများက ဒိုင်လူကြီးကို ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု သိရသည်။ ယင်းပွဲနှင့် ပတ်သက်၍ ဘောလုံးပွဲ ကြည့်သူ တစ်ဦးက “အားကစားသမားတွေ အခုလို ကွင်းအတွင်းမှာ ကိုယ်ထိလက်ရောက် လုပ်တာမျိုး ခဏခဏ မဖြစ်သင့်ပါဘူး”ဟု သုံးသပ်ခဲ့သည်။

 

Category: 

Share