မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့၏ ဖိအားအောက်ရောက် နိုင်ငံလက်ရွေးစင် ၂ ဦး

ယခုနှစ် ပရီမီးယားလိဂ် ထိပ်တန်း မြို့ခံပြိုင်ဘက်ကလပ် ၂ သင်း၏ နည်းပြသစ် ၂ ဦးဖြစ်သည့် မန်ယူမှ မော်ရင်ဟိုနှင့် မန်စီးတီးမှ ဂွါဒီယိုလာတို့၏ ဖိအားအောက် တွင်ရောက်နေသည့် ဂျာမနီ လက်ရွေးစင် ရှဝိန်းစတိုင်ဂါနှင့် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်တို့သည် ပြောင်းရွေ့ရာသီချိန် မကုန်ဆုံးမီ ၄င်းတို့၏ ကစားသမားဘ၀ အတွက် ဆုံးဖြတ်ကြရတော့မည် ဖြစ်သည်။

စတိုင်ဂါကို မော်ရင်ဟိုက ယခုနှစ်ဘောလုံးရာသီတွင် မန်ယူ အသင်းတွင် ၄င်းအတွက် နေရာ မရှိကြောင်း သတိပေး ပြောကြားပြီး ဖြစ်သည်။ “ကျွန်တော့်မှာ အလယ်တန်း နှစ်နေရာအတွက် ကစားသမားငါးဦး ရှိနေပါတယ်။ သူ့အတွက် အခွင့်အရေးရဖို့ ခက်ခဲ ပါလိမ့်မယ်။ ဒါက သူ့ကစားသမား ဘ၀ပဲလေ။ သူ့အစား ကျွန်တော် မဖြေကြားချင်ပါဘူး။ သူ့ရဲ့ မန်ယူနဲ့ စာချုပ်က နှစ်နှစ်ကျန်ပါသေးတယ်”ဟု မော်ရင်ဟိုကပြောသည်။

တစ်ပတ်လျှင် လုပ်အားခ ပေါင် ၁၉၀၀၀၀ ရနေသည့် စတိုင်ဂါက သူ့အနေနှင့် အခြားဥရောပ ကလပ်အသင်းကို ပြောင်းရွှေ့မည် မဟုတ်ဟု ကြေညာထားသည်။

မန်စီးတီး၏ ပထမ ၁၁ ယောက်တွင် မပါဝင်ဘဲရှိနေသည့် အင်္ဂလန် ဂိုးသမား ဂျိုးဟတ်အား တိုရီနိုနှင့် ဆန်းဒါးလန်းကလပ် အသင်းများက ကမ်းလှမ်းမည်ဟု သိရသည်။ ဘာစီလိုနာ ဂိုးသမား ဘရာဗိုကို ဂွါဒီယိုလာက ပေါင် ၁၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းသည် ဂျိုးဟတ်အတွက် အသင်းပြောင်း ရွှေ့ရန် မဖြစ်မနေ လိုအပ်လာခဲ့ ပြီဖြစ်သည်။ ဂျိုးဟတ်အတွက် အင်္ဂလန်နည်းပြ ဆန်အလာဒိုက်စ် ကလည်း မန်စီးတီးနှင့် စကားပြောဆိုခဲ့ရသည့် အခြေအနေရှိခဲ့သည်။ ၄င်းကို ကမ်းလှမ်းသည့် ပရီမီးယားလိဂ် ကလပ်မှာလည်း ဆန်းဒါးလန်း အသင်းတစ်သင်းသာရှိသည်။

 

Category: 

Share