အူရီဒူးမြန်မာ နေရှင်နယ်လိဂ် ၂၀၁၆ အောင်မြင်စွာ ပြီးဆုံး

အူရီဒူး မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ပွဲစဉ်များကို ရန်ကုန် မြို့အပါအ၀င် မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မုံရွာမြို့တို့တွင် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ကျင်းပခဲ့ပြီး ယခုအခါ ပြီးဆုံးသွား ပြီဖြစ်သည်။

သြဂုတ်လ ၂၁ ရက်နေ့ OMNL ၂၀၁၆ နောက်ဆုံးပွဲစဉ်များ အပြီးတွင်တော့ OMNL ၂၀၁၆ ပြိုင်ပွဲ၏ ချန်ပီယံအဖြစ် ရတနာပုံ အသင်းမှာ ရမှတ် ၅၄ မှတ်ဖြင့် ဆွတ်ခူးနိုင်ခဲ့ပြီး၊ ရန်ကုန် ယူနိုက်တက် (တစ်ပွဲလျှော့) ၃၉ မှတ်၊ မကွေး ၃၉ မှတ်၊ ဧရာဝတီ ယူနိုက်တက် ၃၇ မှတ်နှင့် ရှမ်းယူနိုက်တက် ၃၆ မှတ်တို့ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိပြီး ဆောက်သမ်းမြန်မာ၊ ဟော်ရီဇွန်စသည့် အသင်းများသည် OMNL (2) ပထမတန်း အမှတ်ပေး ပြိုင်ပွဲသို့ တန်းဆင်းသွားခဲ့ရပြီ ဖြစ်သည်။

အူရီဒူးမြန်မာ နေရှင်နယ်လိဂ် အဝေးကွင်းပွဲစဉ် အချို့အတွက် လက်မှတ်ရောင်းချရာတွင် မြန်မာ့ ဘောလုံးချစ် ပရိတ်သတ်များကို Ooredooက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သကဲ့သို့ ပွဲစဉ်များတွင် ခန့်မှန်းရလဒ် ပြိုင်ပွဲများ၊ လက်ဆောင်ဝေခြင်း တို့ကို အခါအားလျော်စွာ ထည့်သွင်း ကျင်းပပေးခဲ့ခြင်းအားဖြင့် မြန်မာဘောလုံးချစ် ပရိသတ်များ အတွက် ကျေးဇူးတုံ့ပြန်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုများနှင့်အတူ အူရီဒူးမြန်မာ နေရှင်နယ်လိဂ် ၂၀၁၆ ၏ ပွဲစဉ်များမှာ ပရိသတ် စိတ်ဝင်စား အားပေးမှုများ ရရှိခဲ့ပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

 

Category: 

Share