ယူ-၁၉ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ မြန်မာ စတုတ္ထနေရာသာရရှိ

ကမ္ဘောဇဘဏ်မှ ပံပိုးကူညီမှုနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြီးမှူးပြုလုပ်ခဲ့သော လေးနိုင်ငံ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် တတိယ နေရာလုပွဲတွင် ထိုင်းအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး လေးသင်းတွင် စတုတ္ထနေရာသာ ရရှိခဲ့သည်။

မြန်မာအသင်းက ပထမပိုင်း ၂၂ မိနစ်တွင် ဂိုးစတင်သွင်းယူခဲ့ သော်လည်း ၄၃ မိနစ်တွင် ထိုင်းက ချေပဂိုးသွင်းယူခဲ့သည်။ ဒုတိယ ပိုင်း ၆၁ မိနစ်တွင် ထိုင်းအသင်း ကစားသမားတစ်ဦး ကြမ်းတမ်းစွာ ကစားပုံကြောင့် တိုက်ရိုက် အနီကတ်ပြခံရပြီး မြန်မာမှ စအောင်ပြည့် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။ ပွဲချိန် မိနစ် ၉၀ တွင် ၁-၁ ဖြင့် သရေကျနေ၍ ပင်နယ်တီ အဆုံးအဖြတ် ကစားရာ မြန်မာက ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၅ ခုနှစ်တွင် နယူးဇီလန် ယူ- ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို ၀င်ရောက်ကစားနိုင်ခဲ့သည်။

 

Category: 

Share