ပရီးမီးယားလိဂ် ကလပ်များ၏ ငွေသုံးစွဲမှု အကျိုးမဲ့ ဖြစ်နေသလား

ပရီးမီးယားလိဂ် ကလပ်များ၏ ငွေကြေးသုံးစွဲမှုသည် ကျိုးကြောင်း ဆီလျော်မှုမရှိ ဖြစ်လာနေသည်ဟု မကြာသေးခင်က မန်စီးတီးအသင်း၏ ထိပ်တန်းကစားသမားများ အနေအထားကို ဥပမာပေး၍ လေ့လာသူများက ဝေဖန် ရေးသားလာကြသည်။

မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် လူစာရင်း တင်ရာတွင် နာမည်ကြီး အလယ်တန်းလူ ယာယာတိုရေး ပါဝင်လာခြင်းမရှိသည့် နောက် ထိုသို့ ဝေဖန်မှုများ ပေါ် လာခြင်းဖြစ်သည်။

တစ်နှစ်လျှင် ပြည်တွင်းပြိုင်ပွဲ တစ်ပွဲ(သို့)နှစ်ပွဲ ကစားရန် ထိပ်တန်းဘောလုံးသမား တစ်ဦးလျှင် တစ်နှစ် ပေါင် ၁၂ သန်း လုပ်ခ လစာပေးပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများ ခေါ်ယူကြရာ ကံကောင်း မှသာလျှင် ပွဲတိုင်း ပါဝင် ကစားခွင့်ရမည့် သဘော ဖြစ်နေသည်ဟု ဝေဖန်မှုတွင် ဖော်ပြခဲ့သည်။

ယာယာတိုရေးကိစ္စမျိုးတွင် ဘောလုံးသမား၏ အမှားမဟုတ်ဘဲ ပရီးမီးယားလိဂ် ကလပ်တို့၏ ငွေကို လွန်ကဲစွာ သုံးစွဲခြင်းကြောင့်ဟု ဖော်ပြခဲ့ကြသည်။

ဝယ်ယူမှု၊ သိမ်းထားမှု၊ အသုံးပြုမှုတို့တွင်လည်း အသင်းများ၏ ငွေကြေးသုံးစွဲမှု ကိန်းဂဏန်းများမှာ လည်း ရှုပ်ထွေးပြီး ကိုက်ညီမှုမရှိဟု ဆိုသည်။ ဥပမာ လွန်ခဲ့သော ၆ နှစ်က ဘာစီလိုနာမှ ပေါင် ၂၄ သန်းဖြင့် ၀ယ်ယူထားသော တိုရေး၏ တန်ဖိုးနှင့် ပတ်သက်ပြီး အငြင်းပွားမှု ရှိလာခဲ့၍ ဖြစ်သည်။ ပထမ ၁၁ ယောက် ပွဲထွက်ခွင့် မရမှု၊ ၄င်း၏ အသက်၊ တစ်ပတ်လစာ စသည်တို့ကို တွက်ချက် ကြည့်လျှင် မညီညွတ်မှုများကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့အတူ တစ်ပတ်ပေါင် ၁၃၀၀၀၀ ပေးနေရသော ဂိုးသမား ဂျိုးဟတ်ကို အခကြေးငွေ တစ်ဝက် စိုက်ပေးရပြီး တိုရီနီသို့ အငှားချထားမှု၊ လွန်ခဲ့သော ငါးနှစ်က ပေါင် ၂၄ သန်းဖြင့် ခေါ်ယူလာပြီး ကစားအား ကောင်းနေသေးသည့် နာဆရီကို ဆီဗီလာသို့ အငှားချထားမှုတို့ကို ထောက်ပြကြသည်။ နာဆရီကို ၂၀၁၉ ထိ စာချုပ်ထားပြီး တစ်ပတ်ပေါင် ၁၅၀၀၀၀ ပေးနေရသည်။ ဆီဗီလာအသင်းက မည်မျှပေးမည် ဆိုသည်မှာလည်း ရှင်းလင်းမှုမရှိဟု ဆိုသည်။

ချဲလ်ဆီးဆိုလျှင် အငှားချထားသော ကစားသမား ၃၈ ယောက် ရှိသည်ဟု ဆိုသည်။ မန်ယူတွင်လည်း တစ်ပတ်ပေါင် ၁၉၀၀၀၀ ပေးထားပြီး ထည့်မသုံးဘဲ ထားသည့် ရှဝိန်းစတိုင်ဂါ ရှိနေသည်။ အသက်၊ ကြံ့ခိုင်မှု ပြဿနာ စသည်တို့ဖြင့် ရှုပ်ထွေးနေသော အကြောင်းပြချက်များနှင့် ဖြစ်သည်။ လီဗာပူးလ်တွင် ၂၀၁၄ က ၅ နှစ် စာချုပ်ပေါင် ၂၂ သန်းဖြင့်  ခေါ် ယူထားသော မာကိုဗစ်ကို မနှစ်က ဖီနာဘီချီသို့ အငှားချထားခဲ့သည်။ ထိုသို့ ငွေသုံးစွဲမှုနှင့် အမှန်တကယ် အသုံးချမှု၌ မကိုက်ညီမှု များသည် ပရီးမီးယားလိဂ်တွင် အဓိပ္ပာယ်မရှိ ဖြစ်လာနေသည်ဟု ဆိုနေကြသည်။

 

Category: 

Share