မြန်မာ့ လက်ရွေးစင် အသင်း ဥရောပ ခြေစမ်း ပွဲစဉ် စတင်

၂၀၁၆ ခုနှစ် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အသင်းသည် ဥရောပတိုက်တွင် ခြေစမ်းပွဲများ ကစားရန် အတွက် ခရီးစဉ် စတင်ရန် ရန်ကုန်မြို့မှ စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ထွက်ခွာသွားပြီဖြစ်သည်။

လက်ရွေးစင် အသင်းသည် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဆိုက်ပရပ်စ်နိုင်ငံများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ် ထားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်တွင် လက်ရွေးစင် အသင်းများ ခရီး သွားလာရေးနှင့် နေထိုင်စရိတ် အတွက် ကျပ်သန်း ၁၂၀၀ အသုံးပြုခဲ့ပြီး ယခု ခရီးစဉ်တွင်လည်း ကုန်ကျစရိတ် ကျပ်သိန်း ၅၀၀၀ ၀န်းကျင်ရှိမည်ဟု သိရသည်။

 

Category: 

Share