မျိုးဆက်သစ် ရိုးရာ လက်ဝှေ့ ကစားသမား ဖော်ထုတ်ရေး မျိုးဆက်သစ် ပွဲစဉ် အမှတ် ၁၆ ပြုလုပ် ကျင်းပခဲ့ရာ ပရိသတ် အားပေးမှု အမြောက်အမြား အခိုင်အမာ ရရှိခဲ့

မြန်မာမီဒီယာဂရု(ပ်)မှ တာဝန်ယူ စီစဉ်သည့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ကစားသမား ဖော်ထုတ်ရေး မျိုးဆက်သစ် ပွဲစဉ် အမှတ် ၁၆ ကို စက်တင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာ ပရိသတ် အားပေးမှု အမြောက်အမြား အခိုင်အမာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲကို ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ၀င်ကြေး အခမဲ့ဖြင့် အားကစား ၀န်ကြီးဌာန မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်နှင့် မြန်မာ မီဒီယာဂရု(ပ်)တို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထိုမျိုးဆက်သစ် ရိုးရာ လက်ဝှေ့ ပွဲစဉ်သို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အားပေးခဲ့ပြီး ဆုများ ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ပွဲစဉ်များ၏ တွဲဆိုင်းများထဲတွင် အထူး အမျိုးသမီး ပွဲစဉ် ထည့်သွင်းထားပြီး အမျိုးသမီး လက်ရည်စစ် အထူးပွဲ၌ အဖြူရောင် သွေးသစ်မှ ထက်ထက်မင်း(ခ)နန်းခင်စိုးနှင့် ရွှေစင်မင်း (မြွေဟောက်မင်း)တို့ ယှဉ်ပြိုင်ခဲ့ရာ ပထမ အချီတွင် ရွှေဇင်မင်း(မြွေဟောက်မင်း)မှ အလဲထိုး အနိုင် ရရှိခဲ့သည့် အပြင် ရာဇာ(ထွန်းသွင်)နှင့် ဂလင်း(သြစတြေးလျ)(သတ္တိ)တို့ ယှဉ်ပြိုင်ခဲ့ရာ သတ္တိကလပ်မှ ရိုးရာ လက်ဝှေ့ အားကစားနည်းကို လေ့ကျင့် သင်ကြားနေသော နိုင်ငံခြားသား တစ်ဦး ဖြစ်သည့် ဂလင်း(သြစတြေးလျ)မှ တတိယ အချီတွင် အလဲထိုး အနိုင် ရရှိခဲ့ကြောင်း သိရသည်။

ယင်း ပွဲစဉ်၌ စုစုပေါင်း တွဲဆိုင်း ၈ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ လေးချီ စိန်ခေါ်ပွဲတွင် ကျန်ကျောင်း (ဗမာသွေး) နှင့် အလင်းရောင်(T&T)တို့ တစ်ပွဲသာ သရေကျပြီး ကျန်ပွဲ အားလုံး အလဲထိုးဖြင့် အရှုံး အနိုင် ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဇင်မင်း

Category: 

Share