ရှုံးပွဲများနှင့် တွေ့နေသော မန်ယူ ကစားဟန်နှင့် ပေါ့ဘာ အဆင်မပြေ ဖြစ်နေသလား

မန်ယူအသင်း၏ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် ဟော်လန် ကလပ် ဖီယင်နုနှင့် ပွဲတွင် မိမိ၏ ကစားဖော် အသင်းသားများအား အော်ဟစ် နေခဲ့သော ကမ္ဘာ့ ဈေးအကြီးဆုံး ဘောလုံးသမား ပေါ့ဘာ၏ အဖြစ်အပျက်ကို မီဒီယာများက ဝေဖန် ဖော်ပြခဲ့သည်။

လီဗာပူးလ် ရှေ့တန်း လူဟောင်းနှင့် ယခု ဖီယင်နုတွင် ကစားနေသည့် ဒါကုခ်ျက မန်နေဂျာ မော်ရင်ဟို၏ ကိုင်တွယ်မှုတွင် မန်ယူ၏ ကစားကွက်၌ ပေါ့ဘာ အဆင်မပြေ ဖြစ်နေသည်ဟု ထင်ကြောင်းပြောသည်။

“ပထမပိုင်းမှာ ကျွန်တော် ကြားရတာ အားလုံးကတော့ သူ့ကစားဖော်တွေကို အော်ဟစ် နေတာပါပဲ”ဟု ၄င်းက ပြောသည်။

မန်ယူ နည်းပြ မော်ရင်ဟိုကမူ ”ကမ္ဘာ့ စံချိန် ချိုးထားတဲ့ ဘောလုံးသမား ဆိုတော့ မေးခွန်း ဖြစ်လာတတ်တာ အမြဲပါပဲ။ ဒါပေမဲ့ ပေါ့ဘာအနေနဲ့ အဲဒီအချက်ကို မေ့ထားစေချင်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲ ၀က်ဖို့ဒ် အသင်းကို ၃-၁ ဂိုးဖြင့် မန်ယူအသင်း ထပ်မံ ရှုံးနိမ့်သည့် ပွဲစဉ်တွင်လည်း အလယ်တန်းနှင့် နောက်တန်းတို့၏ ခံစစ် ကစားဟန်တွင် အမှားများ ရှိနေခဲ့သည့် အတွက် ပေါ့ဘာ၊ မော်ရင်ဟိုတို့နှင့် ပတ်သက်၍ မေးခွန်းများ ထပ်မံ ထွက်လာမည်ဟု လေ့လာသူများက ထင်မြင်ချက် ပေးကြသည်။

 

Category: 

Share