တိုက်စစ် မုန်တိုင်း ထန်ခဲ့သည့် မန်ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၅ တွင် ထူးခြားမှု တစ်ခု အဖြစ် ရာသီ အစကတည်းက ခြေ အတက်အကျ ပုံမှန် မရှိခဲ့သော မန်ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့သည် ယခု တစ်ပတ် ပွဲစဉ်များတွင် ပြိုင်ဘက် အသင်းများကို မနားတမ်း တိုက်စစ် ဆင်ပြီး ဂိုးအရေအတွက် များစွာဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြသည်။

ပေါ့ဘာ ဂိုးစသွင်းပြီ

မန်ယူမန်နေဂျာ မော်ရင်ဟိုသည် ပထမ ၁၁ တစ်ယောက်တွင် ရွန်းနီကို ချန်လှပ်ပြီး ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ မာတာတို့ အတွဲညီစေခဲ့သည်။ ကမ်္ဘာ့ဈေးအကြီးဆုံး ပေါ့ဘာသည် အသင်းနှင့် အံဝင်မှုမရှိ ဖြစ်နေသည် ဆိုသည့်သတင်းများကို ယခုပွဲတွင် ၄င်း၏ ဂိုး အပါအ၀င် ၄-၁ ဖြင့် လက်စတာကို အနိုင်ယူပြခဲ့မှုက ပျက်ပြယ် သွားစေခဲ့သည်။

အလက်ဆီဆန်းချက်နှင့် အာဆင်နယ်

ယခင် အာဆင်နယ် အသင်းကို ပြန်တွေ့ မြင်နေရသကဲ့သို့ပင် အာဆင်နယ်သည် အမြန်နှုန်း၊ ကျွမ်းကျင် မှုများနှင့် ချဲလ်ဆီး အသင်းကို ပထမပိုင်း ၂၅ မိနစ် မပြည့်ခင်မှာပင် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ပွဲအပြီးတွင် ၃-၀ ဖြင့် အနိုင်ယူခဲ့သည်။ အာဆင်နယ် တိုက်စစ်တွင် မရှိမဖြစ်ဟု ဆိုနိုင်လောက်သည့် အလက်ဆီ ဆန်းချက်စ်သည် အသင်းအတွက် ပွဲ ၁၀၀ တွင် ၄၇ ဂိုးမြောက်ဂိုးကိုလည်း သွင်းယူခဲ့သည်။

လီဗာပူးလ် ပြန်လာပြီ

ဖလား ငါးခု ဆွတ်ခူးခဲ့စဉ် အချိန်ကာလက တွေ့ရသည့် လီဗာပူးလ် ကစားကွက်မျိုး(သို့) ဆွာရက်၊ စတာ လင်၊ စတားရစ်တို့ တွဲကစားချိန်က ထိုးဖောက် တိုက်စစ်ဆင်မှုမျိုးကို ယခုပွဲတွင် မီလ်နာ၊ ဖာမီနီ၊ လာလယ်နာ၊ မာနီတို့ဖြင့် လီဗာပူးလ် ကစားပြခဲ့ပြီး ဟားလ်စီးတီးအသင်းကို ၅-၁ ဖြင့် အနိုင်ယူခဲ့သည်။

 

Category: 

Share