ရွန်းနီကို ချန်လှပ်ခဲ့တာ ပေါ့ဘာအတွက် အဖြေလား

သုံးပွဲ ဆက်တိုက် အရှုံးပွဲများနှင့် ကြုံတွေခဲ့ရအပြီးတွင် မန်ယူ၏ ကစားဟန်နှင့် ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမား ပေါ့ဘာ အဆင်မပြေဆိုသည့် သတင်းများ ထွက်ပေါ်လာမှုနှင့် အတူ မန်နေဂျာ မော်ရင်ဟိုလည်း အဖြေရှာရမည့် ဖိအားအောက် ရောက်ခဲ့သည်။ ပြီးခဲ့သည့် လက်စတာနှင့် ပွဲတွင် မော်ရင်ဟိုက ၄င်းကြိုပြောထားသကဲ့သို့ပင် ရွန်းနီကို ပထမ ၁၁ ယောက်စာရင်းတွင် ချန်လှပ်ခဲ့ပြီး ၄င်းနေရာတွင် မာတာကို ကစားစေခဲ့သည်။

ရလဒ်အဖြစ် ပေါ့ဘာသည် မန်ယူအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး မာတာကလည်း တစ်ဂိုး သွင်းယူခဲ့သည်။ ပထမပိုင်းတွင် ချန်ပီယံ လက်စတာလို အသင်းမျိုးကို ၄-၀ ဖြင့် ဦးဆောင်ခဲ့မှုက ထိုပြောင်းလဲမှု မှန်သည် ဆိုသည်ကို သက်သေပြခဲ့သည်။ အသင်းနှင့် လက်တွဲညီညီ ပေါ့ဘာ၏ ကစားပြနိုင်မှုကိုလည်း တွေ့မြင်ခဲ့ရ၍ အသင်း ခေါင်းဆောင်ရွန်းနီ နေရာအတွက် စိုးရိမ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် မန်နေဂျာ မော်ရင်ဟိုက ၄င်း၏ အစီအစဉ်များတွင် ရွန်းနီသည် အဓိက အစိတ်အပိုင်း ဖြစ်နေဆဲ ဖြစ်ကြောင်း အလေးအနက်ထား ပြောခဲ့သည်။ “သူဟာ ကျွန်တော့်အတွက်၊ ကလပ်အသင်း အတွက်၊ နိုင်ငံအတွက် ကြီးကျယ်တဲ့ ဘောလုံးသမား ပါ။ ကျွန်တော် သူ့ကို အပြည့်အ၀ ယုံကြည် ထားဆဲပါ”ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောသည်။

 

Category: 

Share