ရင်သား ကြီးထွားစေသည့်ဆေး ရောင်းချမည့် အလှမယ် ခြူးစစ်ဟန်

ထိုင်ဝမ်နိုင်ငံ၌ ကျင်းပသည့် Face of Beauty International 2016 ပြိုင်ပွဲ၌ Best in Talent Winner ဆု ရရှိခဲ့သည့် ခြူးစစ်ဟန်သည် အမျိုးသမီးများ အတွက် ဘေးထွက် ဆိုးကျိုး မရှိဘဲ ပုံမှန်ထက် ရင်သား ကြီးထွား လာစေမည့် Upper Beauty ဆေးကို ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ အလှမယ်နဲ့ မော်ဒယ်တွေ အတွက် တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ မိန်းကလေး တော်တော်များများရဲ့ ရင်ဘတ် အနေအထားက သူများ နိုင်ငံတွေ ထက်စာရင် မရှိသလောက် တွေ့ရတယ်။ စီးပွားရေး လုပ်ငန်း တစ်ခု အနေနဲ့ လုပ်တာလည်း ဖြစ်သလို လက်ရှိမှာလည်း ဒီဆေးကို ကိုယ်တိုင် သုံးစွဲနေပါတယ်”ဟု အလှမယ် ခြူးစစ်ဟန်က ပြောသည်။

အဆိုပါဆေးသည် ထိုင်းနိုင်ငံထုတ် Upper Beauty ဆေး အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် ယူ၍ တင်သွင်း ရောင်းချ သွားမည် ဖြစ်ကာ ဘေးထွက် ဆိုးကျိုး မရှိစေဘဲ ကိုယ်တိုင် ကြိုက် နှစ်သက်သောကြောင့် တင်သွင်း ရောင်းချရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အလှမယ် ခြူးစစ်ဟန်သည်  ၂၀၁၄ ခုနှစ် ထိုင်ဝမ်မြို့တွင် ကျင်းပသည့် Face of Beauty Internationl ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Face of Beauty International Award ဆုနှင့် Best National Costume Award ဆုများရရှိခဲ့သည့် အပြင် မြန်မာနိုင်ငံ Youth Ambassador of Earth Hour အဖြစ် WWF ကမ္ဘာ့ အဖွဲ့အစည်းကြီးက ဂုဏ်ပြု ချီးမြှင့် ခန့်အပ်ထားသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရပြီး လက်ရှိတွင် တစ်ကိုယ်တော် သီချင်းခွေ ထွက်ရှိရန် ကြိုးစားနေကြောင်း သိရသည်။

 

Category: 

Share