မော်ရင်ဟို၏ လူစားလဲမှု မေးခွန်း ထုတ်စရာ ဖြစ်လာ

ပြီးခဲ့သည့် တနင်္ဂနွေနေ့ မန်ယူနှင့် စတုတ်စီးတီးပွဲတွင် အသင်း ခေါင်းဆောင် ၀ိန်းရွန်နီကို ချန်လှပ် ကစားခဲ့သော မန်ယူသည် ပထမပိုင်းတွင် ဂိုးမရှိ ရလဒ်ကြောင့် ၆၇ မိနစ်တွင် မာတာနှင့် လင်ဂတ် တို့ကို ရွန်နီနှင့် မာရှယ်တို့နှင့် လူစားလဲခဲ့ရာ ၆၉ မိနစ်၌ မာရှယ် ဂိုးသွင်းပြခဲ့သဖြင့် လူစားလဲမှု မှန်ကန်သည်ဟု ထင်ခဲ့ရသော်လည်း ပွဲပြီးရလဒ်မှာ ၁-၁ ဖြစ်ခဲ့သည်။

 

ယခင် တစ်ပတ် ပွဲစဉ်(၅)တွင် ရွန်နီကို ချန်လှပ်ခဲ့ပြီး မာတာ၊ ရပ်ရှ်ဖို့ဒ်၊ မိုဗစ်ခ်ျတို့ဖြင့် တိုက်စစ် အစွမ်း ပြခဲ့သော်လည်း ယခု စတုတ်စီးတီးနှင့် ပွဲ၌ ပွဲပြီးခါနီး ၁၀ မိနစ် အလိုတွင် စတုတ်စီးတီး၏ မန်ယူ ဂိုးပေါက်အား ခြိမ်းခြောက်မှုများကို တွေ့ခဲ့ရသည်။

ဘောလုံး ပိုင်ဆိုင်မှုတွင် မန်ယူ အသင်းသည် ၇၀ ရာခိုင်နှုန်း နီးပါး ရှိခဲ့သော်လည်း ဂိုးများ ရယူရာတွင် အားနည်းမှုများ ရှိခဲ့သည်။ မန်ယူ အသင်း ဂိုးသွင်းမှုများမှာ ဂိုးဘားတန်း ကျော်သွားခြင်း၊ ဂိုးတိုင် ထိခြင်းများ ဖြစ်ခဲ့ရသည်။ ပြီးခဲ့သည့် ပွဲစဉ်တွင် ဂိုးစတင် သွင်းယူခဲ့သော ပေါ့ဘာ၏ ကန်သွင်းချက် တစ်ခုသည်လည်း ဂိုးတိုင်ထိ၍ လွဲချော်သွားခဲ့သည်။

ပြီးခဲ့သည့် လက်စတာနှင့် ပွဲတွင် ရွန်နီနေရာ၌ မာတာကို အစားထိုး အသုံးပြုခဲ့ပြီး ဂိုးပြတ် အနိုင်ရခဲ့သော်လည်း ယခုပွဲတွင် မာတာကို ထုတ်၍ ရွန်နီကို ပြန်သုံးခဲ့သည့် မော်ရင်ဟို၏ လူစား လဲမှုမှာ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ရသည်။ မန်ယူ၏ အိမ်ကွင်းတွင် စတုတ်စီးတီး အတွက် ပထမဆုံး အကြိမ် အဖြစ် အရှုံး ရလဒ် မကြုံတွေ့ရသော ပွဲတစ်ပွဲလည်း ဖြစ်ခဲ့သည်။

 

Category: 

Share