မကြီးစန်းနှင့် အတွဲခုတ်နေသည်မှာ မဟုတ်မှန်ကြောင်း ထက်အောင်ရှိုင်းပြော

မကြီးစန်း(ခင်စန်းဝင်း)နှင့် ပထမဆုံးအကြိမ် ဇာတ်ကား ရိုက်ကူးခဲ့သည့် သရုပ်ဆောင် ထက်အောင်ရှိုင်းက မကြီးစန်းနှင့် အတွဲခုတ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

“ကျွန်တော် ဒီဇာတ်ကား မရိုက်ခင်ကတည်းက ဒီလိုမျိုး ကောလာဟလတွေ ရှိလာမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဒါကလည်း အနုပညာမျက်လုံးနဲ့ ကြည့်မယ်ဆိုလည်း ကြည့်လို့ရတယ်လို့  ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း စိတ်ထဲမှာ ဘာမှမရှိပါဘူး” ဟု ၄င်းက ပြောသည်။

“မကြီးစန်းနှင့်သူ၏ချစ်သူများ” ဇာတ်ကားကြောင့် သရုပ်ဆောင် ထက်အောင်ရှိုင်းသည် ပရိသတ်အားပေးမှု အတိုင်းအတာ တစ်ခုအထိ ရရှိခဲ့သလို ဝေဖန်မှုများလည်း ရှိခဲ့သည့် ဇာတ်ကား တစ်ကားဖြစ်ခဲ့ပြီး အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ဦးမြတ်ခိုင်မှ ရိုက်ကူးခဲ့ခြင်းဖြစ်ရာ မိတ်ကပ်ခင်စန်းဝင်းနှင့် မော်ဒယ်ထက်အောင်ရှိုင်း အပါအ၀င် သရုပ်ဆောင် လူမင်း၊ ဆုပန်ထွာ၊ အေးမြတ်သူ၊ ဇွဲပြည့် အစရှိသော သရုပ်ဆောင်ပေါင်း များစွာ ပါဝင်အားဖြည့် ရိုက်ကူးပေးထားကြောင်း သိရသည်။

လက်ရှိတွင် သရုပ်ဆောင် ထက်အောင်ရှိုင်းသည် Lesso Myanmar Company ထုတ်ကုန် ကြော်ငြာတစ်ခု ရိုက်ကူးနေပြီး အနုပညာလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်း

Category: 

Share