မဟုတ်မမှန် သတင်းများ အားလုံးကို တောင်းပန်ပြင်ဆင်ပေးခြင်းမပြုလုပ်ပါက တရားဥပဒေအရ အရေးယူမည်ဟု မိုးယုစံဘက်မှ ပြန်လည်တုံ့ပြန်

လတ်တလော ရေပန်းစားလျက်ရှိသော မောင်စွမ်းသူမိုးနှင့် သရုပ်ဆောင်မိုးယုစံတို့၏ မင်္ဂလာပွဲနှင့် ပတ်သက်၍ သတင်းဓာတ်ပုံများသည် အွန်လိုင်းစာမျက်နှာပေါ်၌ လူစိတ်ဝင်စားမှု များပြားနေချိန်တွင် မဟုတ်မမှန် သတင်းများ ထွက်ပေါ် လာခဲ့မှုတို့ကြောင့် မိုးယုစံဘက်မှ ယင်းသတင်းများအားလုံးအတွက် တောင်းပန် ပြင်ဆင်ပေးခြင်း မပြုလုပ်ပါက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ဖြစ်စဉ်မှာ လူမှုကွန်ရက် ပေါ်ရှိ Mya Thu Zaw အကောင့် ပိုင်ရှင်မှ “ကိုယ့်အလှည့်ကျ စိန်နဲ့ မွှမ်းတဲ့ ဘောပင်နဲ့ အတိတ်ကောင်း နိမိတ်ကောင်းယူ လက်မှတ်ထိုးပြီး သူများ မိသားစုကျ ဘာကြောင့် အလွယ်တကူ ပြိုကွဲစေခဲ့သလဲ” ဟူသည့ှ်Status ရေးသားခဲ့သည်။ ယင်းနောက်တွင် အဆိုပါ ရေးသားမှုမှာ သရုပ်ဆောင်မိုးယုစံကို ထင်ယောင် ထင်မှားဖြစ်စေခဲ့ခြင်းကြောင့် တောင်းပန် အပ်ပါကြောင်း အဆိုပါ အကောင့်ပိုင်ရှင်မှ ပြန်လည်ရေးသားခဲ့သည်။

“မဟုတ်မှန် သတင်းတင်သူများနှင့် မီဒီယာများအားလုံးကို တင်ထားတာကို ဖျက်ပြီး ပုံနှင့်တကွ တောင်းပန်စာပါ ပူးတွဲပြီး ပြန်လည်တင်စေချင်ပါတယ်။ သတင်းအမှားအား မဖျက်ဘဲ ပုံနှင့်တကွ မတောင်းပန်ဘဲ ဆက်လက်ရှိနေမည် ဆိုပါက တရားစွဲဆိုပါမယ်။ မမေသူဇော် ဘက်ကလည်း တောင်းပန်ထားတဲ့ အတွက် ကျေအေးပေးလိုက်ပါတယ်။ နောက်နောင် မမေသူဇော်ဘက်မှ ထိုအမှားမျိုး ဆက်လုပ်သွားမယ်ဆိုပါက တရား ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်ဆိုတာ အသိပေးအပ်ပါတယ်” ဟု မိုးယုစံဘက်မှ ပြန်လည် ရှင်းလင်းခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သတ်၍  Apannpyay.com မှလည်း==မိုးယုစံကို သူများအိမ်ထောင် ပြိုကွဲအောင် လုပ်တဲ့ စနိုက်ကြော်မလို့ ပြောလိုက်တာလား” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ယင်းအ ပြင် Myanmarload.com, bahuthuta.com အပါအ၀င် မဟုတ်မမှန် သတင်း တင်ထားသည့် Page၊ သတင်းမီဒီယာ၊ ၀က်ဘ်ဆိုက်တွင် ရေးသားမှုများရှိနေပြီး ပြန်လည်တောင်းပန်ခြင်းမရှိပါက တရားစွဲ ဆိုသွားမည်ဟု မိုးယုစံက ပြောသည်။

 မောင်စွမ်းသူမိုးနှင့် သရုပ်ဆောင် မိုးယုစံတို့၏ စုလျားရစ်ပတ် ထိမ်းမြား မင်္ဂလာပွဲကို  ရန်ကုန်မြို့၌ မင်္ဂလာပွဲ လေးပွဲဖြင့် ပြုလုပ်ဆင်နွဲပြီး ဟန်းနီးမွန်း ခရီးစဉ်ကို ဥရောပနိုင်ငံသို့ သွားရောက် ရန် စီစဉ်ထားကြောင်းသိရသည်။

ဇင်မင်း

Category: 

Share