အချစ်သစ် ရှိနေပြီဆိုတဲ့ အဆိုတော် အောင်လ

အဆိုတော်အောင်လ၏ အိမ်ထောင်ရေး တရားဝင် ကွာရှင်းပြတ်စဲကြောင်း ကြေညာပြီး နောက်ပိုင်း လက်ရှိအချစ်ရေးနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ အချစ်သစ်တွေ့နေပြီဖြစ်ပြီး နောက်နှစ်လအကြာတွင် မည်သူဖြစ်ကြောင်း ပရိသတ်များကို အတိအလင်း ထုတ်ဖော်ပြောကြားသွားမည်ဟု ၄င်းကပြောသည်။

“လတ်တလောမှာ Relationship ရှိပါတယ်။ လောလောဆယ်မှာ စီးရီးခွေကို အာရုံစိုက်နေတာမို့လို့ ပရိသတ်တွေကို အသိပေးသင့်တဲ့အချိန်ကျရင် အသိပေးသွားမှာပါ။ အခုလောလောဆယ်တော့ ဘယ်သူလဲဆိုတာ မပြောသေးပေမယ့် နောက်တစ်လနှစ်လလောက် ကြာရင် အားလုံးကို အသိပေးသွားမှာပါ။ လောလောဆယ် ခေါင်းထဲမှာ သီချင်းကလွဲလို့ ဘာမှဖြေစရာ သိပ်မရှိသေးလို့ ခဏတော့ စောင့်ပေးစေချင်တယ်။ နောက်ပိုင်းကျရင်တော့ ကျွန်တော့်ရဲ့ ဘ၀အကြောင်းကို အသိပေးသွားမှာပါ”ဟု အဆိုတော် အောင်လက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က အဆို တော်အောင်လနှင့် ဇနီးဖြစ်သူ မိုးငယ်တို့သည် ကွာရှင်း ပြတ်စဲခဲ့ပြီဖြစ်ကြောင်း အောင်လ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်၌ ရေးသားခဲ့မှုကြောင့် ပရိသတ်များ၏ ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့ပြီး၊ ယင်းသို့ကွာရှင်းရသည်မှာ မိသားစုဘ၀တည်ဆောက်ရန် အဆင်မပြေမှုတို့ဖြစ် ကြောင်း အများသိစေရန် အတိအလင်းထုတ်ဖော်ပြော ဆိုခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
အဆိုတော် အောင်လသည် တောင်းပန်ပါတယ်၊ အချိန်လွန်ငှက် အစရှိသော တေးသီချင်းများဖြင့် ပရိသတ် အခိုင်အမာရရှိထားသူဖြစ်ပြီး လက်ရှိတွင် တတိယ အယ်လ်ဘမ် ဖြစ်သည့် “အသုံးတော်ခံ” စီးရီးခွေအသစ်ကို ဇန်န၀ါရီလထဲတွင် ထွက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။  

ဇင်မင်း

Category: 

Share