မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းအပေါ် အနုပညာရှင်တချို့၏ ထောက်ပြဝေဖန်ချက်များ

ယခုရက်ပိုင်းအတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းများ ခပ်စိပ်စိပ်ဖြစ်လာသည်။ အားကောင်းလာသော လူမှုကွန်ရက်များကြောင့် မုဒိမ်းမှုသတင်းများမှာ မကြားချင်မှအဆုံးဖြစ်လာသည်။ အဆိုးဆုံးက သက်ငယ်မုဒိမ်းမှုဖြစ်သည်။ လူအများကလည်းဝေဖန်လာကြသည်။ အများစုထောက်ပြကြသည်မှာ ဥပဒေပင်ဖြစ်သည်။ တချို့က သေဒဏ်ပေးစေချင်ကြသည်။ တစ်ချို့က ကြိုးမိန့်ပေးစေချင်ကြသည်။ အများစုမှာ ဥပဒေ၏ အားနည်းချက်ကြောင့်ဟုဆိုကြသည်။ ထိုကဲ့သို့ နယ်ပယ်အသီးသီ ဝေဖန်မှုများထဲမှ အနုပညာရှင်တချို့၏ ထောက်ပြဝေဖန်ချက်များကို ဖော်ပြလိုက်ပါသည်။

 ဒါရိုက်တာသိန်းဟန်(ဖီးနစ်)
သက်ငယ်မုဒိမ်းမှာ ပြစ်မှုလွန်ကျူးတာမျိုးဖြစ်နေရင် သတ်ပစ်လိုက်တာပဲ ကောင်းပါတယ်။ ဒါမျိုးလူတွေက လော ကမှာရှိကို မရှိသင့်ဘူး။ အမှန်တကယ်လုပ်ရပ်က ကြီးမားတဲ့ပြစ်မှုမျိုးဆိုရင် သေဒဏ်ပေးကို ပေးသင့်တယ်။ လက်ရှိ အရေးယူမှုအားနည်းလို့သာ တဖြည်းဖြည်း ပြစ်မှုကျူးလွန်သူတွေ များပြားလာတာ တွေ့ ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေမလုပ်ချင်ပေမယ့် လက်ရှိ ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်မျိုးကို တော့ပေးစေချင်တယ်။

သရုပ်ဆောင် ဇင်ဝိုင်း
ပြစ်မှုတိုင်းမှာတော့ ထိရောက်တဲ့ ပြစ်ဒဏ်ရှိဖို့တော့လို အပ်ပါတယ်။ လက်လှမ်းသင့်သလောက် မြင်နေကြားနေရတာက သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပေးတဲ့ပြစ်ဒဏ်က ထိရောက်မှုမရှိဘူးဆိုတော့ စဉ်းစားစရာတော့ရှိလာတယ်။ သေဒဏ်ပေးဖို့လိုအပ်တယ် ဆိုတာမျိုးတွေ တခြားလူတွေ ပြောနေကြတာတွေ့ရ တယ်။ အဲ့ဒီလောက်ကြီးလည်း မယူဆထားပါဘူး။ အွန်လိုင်းမှာ ဖတ်ရ ကြားရတာကတော့ တချို့က နောက် မိန်းမယူရင် ထောင်ဒဏ် ၇ နှစ်ချပြီး တချို့က ၂ နှစ်ပဲချတယ်လို့ရေးထားတာတွေ ဖတ်ရပါတယ်။ ကျွန်တော့်အနေနဲ့ အတည်ယူလို့တော့မရပါဘူး။ ဘာလို့လဲဆိုတော့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် ချတာကို တိတိကျကျမသိရပါဘူး။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်
ကျွန်မအနေနဲ့ သက်ငယ်မုဒိမ်းကျူး လွန်တာတွေကိုတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင် တာပဲရှိတယ်။ သူတို့ရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ ကြားရင်တောင်မှ ရင်ထဲမှာ အလွန်ခံစားရတယ်။ သတင်းတွေ ရေးသားထားမှု မြင်ရတဲ့အပေါ်မှာ ဖတ်ကြည့်ချင်စိတ်တောင်ပျောက်မိတယ်။ ပြင်းထန်တဲ့ပြစ်မှုမျိုးကို ထိရောက်စွာ အရေးယူသင့်တယ်။

သရုပ်ဆောင် မင်းဦး
မုဒိမ်းမှုက သက်ကြီးပဲဖြစ်ဖြစ် သက်ငယ်ပဲဖြစ်ဖြစ် ဘာတစ်ခုမှမကောင်းဘူး။ သက်ငယ်မုဒိမ်းကတော့ ပိုဆိုးတာ ပေါ့။ ဒါမဖြစ်သင့်ပါဘူး။ အစ်ကိုတို့ကတော့ ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်။ မုဒိမ်းမှုက   မြန်မာတစ်နိုင်ငံတည်းမှာ ရှိတာမဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာရှိနေတာပါ။ အရေးယူမှု အားနည်းတယ်လို့ ပြောပေမယ့် ပြင်းပြင်းထန်ထန် အရေးယူမှ သာလျှင် မုဒိမ်းမှုတွေ ပပျောက်မှာပါ။ အဲ့ဒီနေရာမှာ ကိုယ့်ရဲ့ ဆွေမျိုးသားချင်း ဆိုရင် ဘယ်လိုခံစားရမယ်ဆိုတာ ပြောပြလို့တောင်မရပါဘူး။

ဇင်မင်း

Category: 

Share