ဒုက္ခပေးခဲ့အရုပ် - မာဂျေ

အခုတလောမှာ အရုပ်တွေက သိပ်ပေါ်ပြူလာဖြစ်လွန်းသဗျာ။ အရုပ်ဆိုရာမှာ နေပြည်တော်က အ၀ယ်အများဆုံးဆိုတဲ့ လိင်ဆက်ဆံမှု အာသာဖြေအရုပ်ရယ်။ နှစ်နိုင်ငံချစ်ကြည်ရေးဆိုပြီး ဘယ်က သယ်လာမှန်း မသိတဲ့ အရုပ်ကြီးနှစ်ရုပ်ရယ်ကို ပြောတာပါ။

ပထမဆုံး သတင်းကြီးသွားတာကတော့ လိင်ဆက်ဆံမှုဖျော်ဖြေရေး အရုပ်တွေပါ။ အရုပ်ဆိုပေမယ့် တော်ရုံလူ အနားမကပ်နိုင်တဲ့ ဈေးဖြစ်တယ်။ အနိမ့်ဆုံး ငါးသိန်းကနေ သိန်း ၃၀အထိ အစားစားတဲ့။ သိန်း ၃၀ တန်အရုပ်ကို မြင်ဘူးတဲ့ သူတစ်ယောက်ကတော့ အရိုးနေရာအရိုး၊ အသားနေရာ အသားနဲ့ လက်ရာ မြောက်လှချည်ရဲ့လို့ လက်ဖျားတခါခါနဲ့ ပြောလာပါတယ်။
ဘာကုန်ပစ္စည်းအသစ်သွင်းသွင်း စာနယ်ဇင်းတွေကို မိတ်ဆက်ပွဲလုပ်လေ့ရှိပေမယ့် ဒီအရုပ်မကတော့ ဘယ်စာနယ်ဇင်းမှ ဂရုမစိုက်ပဲ အရောင်းသွက်နေတာကတော့ မနာလိုစရာကြီးပါ။

အသိဆရာဝန် တစ်ယောက်ကတော့ အဲလိုအရုပ်တွေနဲ့ ဆက်ဆံသူတွေဟာ ကြာရင်ဂေးဖြစ်နိုင်ခြေ တစ်နည်းပြောရရင် ခြောက်သွားဖို့ ရာခိုင်နှုန်းများပါသတဲ့။ သူက ဆေးပညာနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာလုံးတွေ ရွတ်ပြသွားတာတော့ မာဂျေတို့လို ငပိန်းတွေကတော့ နားမလည်ပါဘူးဗျာ။ ဘာပဲပြောပြော အိမ်ထောင်သည် အမျိုးသားဆီမှာ ဒီအရုပ်တွေ့ရင် ငါ့ယောက်ျားက မဖောက်ပြန်ပါဘူးလို့ အိမ်ရှင်မတွေ သတ်မှတ်အောင် တမင်ဝယ်ထားတာလည်း ဖြစ်နိုင်တာပဲနော်။
ဘာမဆို အလွန်အကျွံ လုပ်တတ်တဲ့ မြန်မာတွေနဲ့တော့ ဘေးက တရုတ်ကြီးက လေထိုးအရုပ်တွေကို ပြည်တွင်း ဘယ်လိုသွင်း နေသလဲတော့ မသိပေဘူးဗျ။ အရုပ်အနေနဲ့ တရားဝင်သွင်းလို့ အကောက်ခွန်က မဖမ်းတာလား။ အကုန်ပဲ ခိုးသွင်းနေတာလား ဆိုတာတော့ သွင်းကုန်လိုင်စင်ဌာနကပဲ သိပါလိမ့်မယ်။

ဟောဗျား အဲဒီလေထိုးရုပ်ကိစ္စမှ မပြီးသေးဘူး။ ပြင်သစ်-မြန်မာ ချစ်ကြည်ရေး မင်္ဂလာပါအရုပ်ဆိုတာ ရန်ကုန်နေ ပြည်သူတွေကို ဒုက္ခပေးပြန်ပါလေရော။
ရန်ကုန်တစ်မြို့လုံး ကားလမ်းတွေပိတ်ပြီး ခရီးသွားတွေ ဒုက္ခရောက်လိုက်ကြတာ ဘယ်ပြောကောင်းမလဲ။ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း အဲဒီအရုပ်ကို သြဘာပေးလိုက်ကြတာ။ စပယ်ယာတွေကလည်း ထမင်းငတ်အောင်လုပ်တဲ့ အရုပ်တဲ့။ ပိုဆိုးတာက မြန်မာ ထိုင်း ဘောလုံးပွဲရက်နဲ့ တိုက်သွားလေတော့ ဘာပြောကောင်းမလဲ။ ကားတွေက မရွေ့တော့ဘူး။

ဒီရာသီက ခရီးသွားရာသီ ဖြစ်နေပြန်တော့ တိုးရစ်တွေလည်း အရုပ်ကြောင့် ဒုက္ခတွေရောက်ကုန်ရော။ ခရီးသွား ကုမ္ပဏီတစ်ခုဆိုရင် သူ့ဧည့်သည်တွေ ပုဂံပို့ဖို့ လေယာဉ်မမီလို့ ကယ်ပါယူပါတွေဖြစ်ရော။

ပစ္စည်းတွေကျ လေယာဉ်ကွင်းမှာ Check In လုပ်ပြီးပြီ။ လူတွေပါတဲ့ ကားကလမ်းမမှာ ပိတ်မိနေပြန်။ တနင်္ဂနွေဆိုတော့ လေယာဉ်ကလည်း ရှားပြန်နဲ့ အရုပ်နှိပ်စက်တာ အကုန်ချာလပတ်ရမ်းကုန်တယ်။ ဆရာတစ်ယောက်ကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုရင် သူတို့နည်းပညာနဲ့ မြန်မာ့ရိုးရာ ဦးရွှေရိုး ဒေါ်မိုး လုပ်ပါလား။ အခုတော့ ရန်ကုန်ကို ပြင်သစ်ဝင်သိမ်းပြီး အောင်ပွဲခံသလား မှတ်ရတယ်လို့ ခပ်ငေါ့ငေါ့ ရေးထားပါတယ်။

ကိုယ့်လူမျိုးကလည်း ခွေးကိုက်တာတောင် ၀ိုင်းကြည့်တဲ့အမျိုးဆိုတော့ ဒီပြင်သစ် စာခြောက်ရုပ်တွေဆိုလည်း လမ်းပိတ်ပြီး ကြည့်လုပ်ကြတာပဲ။ လိုတာကတော့ တာဝန်ရှိသူတွေပေါ့။ အရင်ခေတ်က ပြည်ထောင်စုအလံ လက်ဆင့်ကမ်းသယ်ရင် ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဘယ်လမ်းကနေ ဘယ်လမ်းအထိ ပိတ်ပါ့မယ် ဆိုတာမျိုး အခုကြေညာမပေးတာ အမှားပဲ။

 

အခုကာလက သူ့ဟာသူတောင် ပုံမှန်ကားတွေကြပ်နေတာ၊ ဒီပြင်သစ်စာခြောက်ရုပ်တွေ သွားမယ့်လမ်းကို ကြိုမကြေညာတော့ အားလုံးဒုက္ခရောက်တာပေါ့။ လိုတာကတော့ တာဝန်ရှိသူတွေပေါ့။ အရင်ခေတ်က  ပြည်ထောင်စုအလံ လက်ဆင့်ကမ်းသယ်ရင် ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဘယ်လမ်းကနေ ဘယ်လမ်းအထိ ပိတ်ပါမယ်ဆိုတာမျိုး အခု ကြေညာမပေးတာ အမှားပဲ။

အခုကာလက သူ့ဟာသူတောင် ပုံမှန်ကားတွေကြပ်နေတာ ဒီပြင်သစ် စာခြောက်ရုပ်တွေ သွားမယ့်လမ်းကို ကြိုမကြေညာတော့ အားလုံးဒုက္ခရောက်တာပေါ့။

တစ်ယောက်ကတော့ အမင်္ဂလာ အရုပ်တွေလို့ ရေရွတ်သွားတာ ကြားလိုက်ပါသဗျာ။ မာဂျေပြောတာ မဟုတ်ဘူးနော် သူများပြောတာ။ အင်းရေးသာရေးရတယ်။ ပုဒ်မ ၆၆ လဲကြောက်ရသေးဗျ။
ဟာဟာဟ . . .
မာဂျေ

Category: 

Share